Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၄-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ/မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှသစ်တောဝန်ထမ်းများ၊ ခလရ(၂၂၇)တပ်မှ တပ်ရင်းမှူးနှင့် တပ်မတော်သားများ၊ ပြင်ပဆက်ဆံရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ “ဝ”အထူးဒေသ(၂)၊ နားယောင်းကျေးရွာအနီး၊ မိုင်းဆတ်-တာချီလိတ်သွားကားလမ်းနေရာတွင် မော်တော်ယာဉ်အမှတ်မပါ Candar (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင်ပိတောက်ခွဲသား (၁၆) ချောင်း (၁.၇၀၅)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာ ဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်- CMRS ဖြင့် သတင်းပေးပို့ချက်အရ ၄-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာ/ယင်းမာပင်ခရိုင်၊ ဘုတလင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ တာဝန်သိပြည်သူများအဖွဲ့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဘုတလင် မြို့နယ်၊ ရွှေစာရေးကျေးရွာ၏ အထက်ဘက်(၁)မိုင်ခန့်အကွာ၊ ချင်းတွင်းမြစ်အတွင်း မှ တရားမဝင် ကျွန်းသစ် /လုံးပတ်(၃)ပေအောက်ကျွန်းသစ်/အင်ပကာ (ထင်း) (၃၁၄)လုံး/ချောင်း စုစုပေါင်း (၇.၇၃၆၀)တန် ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၄-၅-၂၀၁၉ ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် တီးတိန်မြို့နယ်၊ တီးတိန်-ရိဒ်ကားလမ်း၊ တီးတိန်မြို့မှမိုင်(၃၀)အကွာ၊ ဟိုင်မွာလ် ရွာသစ်အနီး ယာဉ်အမှတ်၊ 5N-3184(SINO TRUCK)ယာဉ် (၁)စီးပေါ်မှ တရားမဝင် ကျွန်းဓါးရွေတုံးဆိုဒ်စုံ (၃၃)ချောင်း (၂.၇၀၂၉)တန်၊ တရားခံ (၂)ဦးဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့် ဆောင်ရွက်လျက် ရှိပါသည်။

၃-၅-၂၀၁၉ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲ တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဥတ္တရသီရိမြို့နယ်၊ ပလွေးကြိုးဝိုင်း အကွက်(၇၆)အတွင်း ဆိုင်ကယ် (၃)စီးပေါ်မှ တရားမဝင် ကျွန်းဒါးရွှေ (၆၀)ချောင်း (၀.၀၈၄၀)တန် ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့ သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်အရ ၃-၅-၂၀၁၉ ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် တီးတိန်မြို့နယ်၊ ရန်မျိုးအောင်ရွာအနောက်တောင်ဘက်နှင့် အနောက်ဘက်(၁)မိုင်ခန့်အကွာမှ တရားမဝင် ကျွန်း/ပျဉ်းကတိုး/ကညင်/ အင်သစ်လုံး/ခွဲသားဆိုဒ်စုံ (၂၇၀)လုံး/ချောင်း (၁၈.၈၀၂၂)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၃-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ လ.ဝ.က ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တန်ဆည်မြို့နယ်၊ ရေဦး-ကလေးဝကားလမ်း၊ မိုင်တိုင်အမှတ် (၁၇/၄) အနီးတွင် မော်တော်ယာဉ်အမှတ်(၅ဌ/၅၀၅၇)ထော်လာဂျီစိမ်းပြာရောင် (၆)ဘီးယာဉ်နှင့် မိုင်တိုင်အမှတ်(၂၆/၀)အနီးတွင် နောက်တွဲပါထွန်းစက်(၂)စီးနှင့် တာယာဘီးတပ်လှည်း(၁)စီးတို့အား တရားမဝင်အင်/သစ်ယာခွဲသား (၃၉၇)ချောင်း (၁၅.၃၅၈၈)တန်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁-၅-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ကသာမြို့နယ်၊ ဧရာဝတီမြစ်နှင့် ရွှေလီမြစ်ဝ အဆုံ၊ ရွှေလီမြစ်အတွင်းမှ တရားမဝင် ကျွန်းသစ်/ခွဲသား/လုံးပတ် ၃ပေအောက်ကျွန်းသစ် (၁၄၁) လုံး/ချောင်း (၈.၀၁၅၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ ဆက်စပ်ပတ်သက်သော တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံအတွင်း သားငှက်တိရစ္ဆာန်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်း စီမံချက်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအား ၃-၅-၂၀၁၉ ရက်နေ့၊ ၀၈ : ၃၀ နာရီတွင် Grand Amara ဟိုတယ်၊ နေပြည်တော်တွင် ပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့်စီမံကိန်း) ဦးကျော်ကျော်လွင် တက်ရောက်အဖွင့်အမှာစကားပြော ကြားပါသည်။
အမှာစကားပြောကြားရာတွင် - ယခုကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲသည် WWF- Myanmar နှင့် ပူးပေါင်းရေးဆွဲနေသည့် သားငှက်တိရစ္ဆာန်တရားမဝင် ကုန်သွယ်မှုတိုက် ဖျက်ရေး လုပ်ငန်းစီမံချက် (မူကြမ်း)ကို ဆွေးနွေးအကြံပြုနိုင်ရန် ရည်ရွယ်ချက်နှင့် ပြုလုပ်ခြင်းဖြစ်ပါသည်။

Pages