၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း (၁၁၁.၀၉၆၉)တန်၊ သစ်မာ(၇၇.၄၈၁၉) တန်၊ အခြား(၁၁၆.၁၇၄၉)တန်၊ စုစုပေါင်း(၃၀၄.၇၅၃၇)တန်၊ တရားခံ(၄၆)ဦး၊ ယာဉ်/ယန္တရား (၄၆) စီး ဖမ်းဆီးရမိခဲ့ပါကြောင်း၊ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၄-၉-၂၀၁၈ ရက်နေ့၌ စစ်ကိုင်း တိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ကျောက်မြောင်းဘိနယ်အတွင်း တရားမဝင်ကျွန်းသစ်(၃၂၇)လုံး (၄၄.၃၈၈၀)တန်၊ လုံးပတ် ၃ပေအောက်ကျွန်း (၁၇၆)လုံး (၁၅.၈၄၂၀) တန်၊ တရားခံ(၅)ဦးတို့ ဖမ်းဆီးရမိခဲ့ပါကြောင်း။

 

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာ ဥပဒေအား ၂၀၁၈ ခုနှစ်၊ မေလ (၂၁) ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။  သစ်တောဦးစီးဌာနသည် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ နည်းဥပဒေကြမ်းအား နည်းဥပ ဒေမူကြမ်းပြုစုရေးကော်မတီကို ဖွဲ့စည်း၍ ရေးဆွဲလျက် ရှိပါသည်။ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) မြန်မာနိုင်ငံ၏  အထောက်အပံ့ဖြင့်  ပြည်ထောင်  စုတရားလွှတ်တော်ချုပ်မှ (အငြိမ်းစား) ညွှန်ကြားရေးမှူး ဒေါ်အေးအေးသိန်းအား နည်းဥပဒေ ကြမ်း အကြံပေးအဖြစ် ငှားရမ်းထားပါသည်။ နည်းဥပဒေကြမ်းရေးဆွဲခြင်းလုပ်ငန်းများကို WCS၊ WWF၊ Fauna & Flora International (FFI)၊ UNDP၊ UNESCO၊ Land Core Group စသည့် အဖွဲ့အစည်းများမှ ကူညီပံ့ပိုးလျက် ရှိပါသည်။

အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၄-၉-၂၀၁၈ ရက်နေ့၊ နေ့လယ် (၁၃:၃၀)နာရီတွင် သစ်တောဦးစီးရုံးချုပ်၊ အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ အမျိုးသားမြေအသုံးချမှုကောင်စီ အတွင်းရေးမှူး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါ သည်။
 

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း(၇၉.၄၉၆၂)တန်၊ သစ်မာ(၉၂.၆၂၀၅) တန်၊ အခြား(၃၀၅.၅၉၆၇)တန်၊ စုစုပေါင်း(၄၇၇.၇၁၃၄)တန်၊ တရားခံ(၆၆)ဦး၊ ယာဉ်/ယန္တရား(၄၄)စီးဖမ်းဆီးရမိခဲ့ပါကြောင်း၊ဖမ်းဆီးရမိမှုများအနက် အများဆုံး ဖမ်းဆီးရမိမှုမှာ ၂၈-၈-၂၀၁၈ ရက်နေ့၌ မန္တလေး တိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ဧရာဝတီမြစ် တစ်ဖက်ကမ်းစပ်၊ ပခုက္ကူမြို့နယ်နှင့် တောင်သာမြို့နယ်အစပ် လက်ပံခြေပေါ်ဘိနယ်အတွင်း တရားမဝင် သစ်ယာ/ အင်ကြင်း/ အင်ခွဲသား(၈၄၃)ချောင်း (၄၆.၀၆၀၈)တန်၊ ရေယာဉ် (၂)စီး၊ တရားခံ(၅)ဦးတို့ ဖမ်းဆီးရမိခဲ့ပါကြောင်း။

မြန်မာအမျိုးသားမြေပုံစနစ် နည်းပညာဆိုင်ရာ ကြီးကြပ်မှုကော်မတီ ၏ စတုတ္ထအကြိမ်မြောက် အစည်းအဝေး (4th OneMap Myanmar Technical Steering Committee Meeting) အား သစ်တောဦးစီး ဌာန၊ ညှွန်ကြားရေးမှူးချုပ်ရုံး၊ အင်းကြင်းခန်းမ၌ ၃-၉-၂၀၁၈ ရက်နေ့၊ ၁၃:ဝ၀ နာရီတွင် ကျင်းပခဲ့ရာ မြန်မာအမျိုးသားမြေပုံစနစ် နည်းပညာဆိုင်ရာကြီးကြပ်မှုကော်မတီ ဥက္ကဌ၊ ဦးခင်မောင်ရီ (အမြဲတမ်းအတွင်းဝန်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဌာန) တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ 

Drone ရိုက်ကူးအသုံးပြုခြင်းသင်တန်းနှင့် Global Mapper နှင့် ArcGIS Software များအသုံးပြု၍ မြေပုံထုတ်လုပ်ခြင်းသင်တန်းဆင်းပွဲအခမ်းအနားကို ၃၁-၈-၂၀၁၈ ရက်နေ့၊ နေ့လည်(၂:၃၀)အချိန်၌ သစ်တောသုတေသနဌာန၊ စုဝေးခန်းမ(ရေဆင်း)တွင် ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် တက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တင်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမတွင် (၃၁-၈-၂၀၁၈) ရက်နေ့၊ နေ့လယ်(၁းဝ၀)နာရီအချိန်၌ ဝန်ထမ်းများ ဆန္ဒထုတ်ဖော်ပွဲကျင်းပခဲ့ပါသည်။  အဆိုပါ ဝန်ထမ်းများဆန္ဒထုတ်ဖော်ပွဲသို့ ညွှန်ကြားရေးမှူးချုပ်ရုံးမှ ဝန်ထမ်းများ၊ သစ်တောသုတေသနဌာနမှ ဝန်ထမ်းများတက်ရောက်ခဲ့ကြပြီး ဆန္ဒသဘောထားများကို တင်ပြခဲ့ပါသည်။ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာညီညီကျော်မှ ဝန်ထမ်းများ၏ တင်ပြချက်အပေါ် ပြန်လည်ဆွေးနွေးရာတွင် (၆)လတာဘတ်ဂျက်ကာလအတွင်း ဝန်ထမ်းများရာထူးတိုးပေးခြင်း၊ ဝန်ထမ်းသစ်များခန့်အပ်ခြင်း၊ ဝန်ထမ်းတွေ သက်သောင့်သက်သာရှိစေရန် တိုးချဲ့ဆောင်အသစ် ဆောက်လုပ်ပေးခြင်းများဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဆက်လက်ပြီး ဝန်ထမ်းများ ခန့်အပ်နိ်ုင်ရန်၊ ရာထူးအဆင့်အတန်းများ တိုးမြှင့်ပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ နိဂုံးချုပ်အနေဖြင့် ဝန်ထမ်းများ ကျန်းမာရေးဂရုစိုက်ရန်နှင့် စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းတာဝန်များအား ဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။

ပင်လယ်ကမ်းရိုးတန်းဒေသနေ ပြည်သူလူထုကရာသီဥတု ပြောင်းလဲမှုနှင့် အညီ ရပ်တည်နေထိုင်နိုင်ရန်အတွက် ဒီရေရောက်သစ်တောများကို စနစ်တကျ စီမံအုပ်ချုပ် လုပ်ကိုင်ခြင်း (FDCCA ) စီမံကိန်း၏ ကနဦးအလုပ်ဆွေးနွေးပွဲကို ရခိုပြည်နယ်၊ စစ်တွေခရိုင်၊ စစ်တွေမြို့ရှိ Royal Sittwe Hotel ၌ ၂၁-၈-၂၀၁၈ ( အင်္ဂါနေ့ ) ကျင်းပပြုလုပ်ခဲ့ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး ၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးနှင့် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ကိုယ်စား စီမံကိန်းနှင့်စာရင်းအင်းဌာနမှ ၊ ညွှန်ကြားရေးမှူးဦးတင်ထွန်းမှ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

Pages