၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာန(KFS)တို့ ပူးပေါင်း၍ (၁၈-၈-၂၀၁၇)ရက်နေ့ နံနက်(၁၅:၀၀)နာရီ အချိန်တွင် သစ်တောသုတေသနဌာန(ရေဆင်း)စုဝေးခန်းမ၌ ကျေးလက်နေ ပြည်သူများ၏ အသက်မွေးဝမ်း ကျောင်းလုပ်ငန်း အထောက်အကူပြု ဝါးအခြေခံလက်မှုပညာသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ ပြုလုပ် ါသည်။ ယခုသင်တန်းတွင် ပဲခူးခရိုင်၊ သာယာဝတီခရိုင်အတွင်းရှိ မြောက်ဇာမဏီကြိုးဝိုင်း ပတ်ဝန်းကျင် ကျေးရွာများရှိ ကျေးလက်နေပြည်သူများ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသဖွံ့ဖြိုးရေး အတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ပါသည်။   

သင်တန်းတွင် ဝါးပက်လက် ကုလားထိုင်၊ ဝါးစားပွဲ၊ ဝါးထိုင်ခုံ၊ ဆန်ကော၊ ဆန်ကာ၊ အုပ်ဆောင်း စသည့်ကုန်ပစ္စည်းများ ပြုလုပ်သည့် ပညာရပ်များကို ကျွမ်းကျင်ပညာရှင်များက တတ်မြောက်သည်အထိ စာတွေ့ လက်တွေ့ ထိ ရောက်စွာ သင်ကြားပေးခြင်း၊ ဝါးအခြေခံအိမ်သုံးနှင့် လယ်ယာသုံးကုန်ပစ္စည်းများ စီးပွားဖြစ် ထုတ်လုပ်သည့်နေရာများသို့ သွားရောက်လေ့လာ စေခြင်းဖြင့် သင်ကြားပေးခဲ့ပါသည်။ သင်တန်းမှ သင်ကြားပို့ချခဲ့သည့် ပညာရပ်များဖြင့် မိမိတို့၏ နေ့စဉ်အသက်မွေး ဝမ်းကျောင်း စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။

(၁၇.၈.၂၀၁၇)ရက်နေ့ မွန်းလွဲ(၁၄းဝ၀) နာရီအချိန်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌၊ ၂၀၁၈ ခုနှစ်တွင် ဖွင့်လှစ်ပို့ချမည့် အခြေခံသစ်တောပညာသင်တန်းအပတ်စဉ်(၁၁၄)အား (၂)နှစ်သင်တန်းအဖြစ် ပြောင်းလဲဖွင့်လှစ်ပို့ချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)ဦးဇော်မင်းနှင့် သစ်တောအရာရှိများ တက်ရောက်ကြပြီး (၂ )နှစ်သင်တန်းအဖြစ်ပြောင်းလဲဖွင့်လှစ်ပို့ချနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်….

၂၀၁၇ ခုနှစ်၊ ဇူလိုင်လထုတ် သစ်တောကြေးမုံတွင် ဖော်ပြပါရှိသော စာရေးသူ ဒေါက်တာဇော်မင်းဦး (သစ်ထုတ်ရေးဌာန) ရေးသားခဲ့သည့် “ မြန်မာ့မြေက တောဆင်တွေမျိုးတုံး သွားနိုင်သလား” ဆောင်းပါးအား လူများတောအတွင်း အခြေချနေထိုင်လာခြင်း၊ စိုက်ပျိုးမြေများ ချဲ့ထွင်လာခြင်းကြောင့် ဆင်စားကျက်များ လျော့နည်းလာခြင်းနှင့်အတူ ဆင်မုဆိုးများမှ တရားမဝင် ပစ်ခတ်သတ်ဖြတ်မှုများကြောင့် မြန်မာ့မြေမှ တောဆင်များ ရှင်သန်ရပ်တည်ရေးအတွက် ဝိုင်းဝန်းစောင့်ရှောက်ကြပါရန်  ရည်ရွယ်၍ ဂုဏ်ပြုဖော်ပြလိုက်ပါသည်။

၁၆.၈.၂၀၁၇ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ထမင်းစားဆောင်၌ FLEGT UNIT အစည်းအဝေးပြုလုပ်ရာ  FLEGT UNIT အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး  UNIT အဖွဲ့၏ ဆောင်ရွက်ပြီး လုပ်ငန်းစဉ်များအား သုံးသပ်ခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြပါသည်…

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ UNDP,F.A.O တို့ပူးပေါင်း၍ မြန်မာနိုင်ငံ UN-REDD( Programme Excutive Board PEB)Meeting အုပ်ချုပ်မှုအဖွဲ့၏ တတိယအကြိမ်မြောက် အစည်းအဝေးကို ၂၅-၇-၂၀၁၇ ရက်နေ့ နံနက်(၀၉း၃၀)နာရီတွင် နေပြည်တော်(အမရ ဟိုတယ်) ၌ ကျင်းပပြုလုပ်ပါသည်။ PEB သည် UNFCCC မှ ချမှတ်ထားသော REDD+ mechanism ဆောင်ရွက်ရာတွင် လိုက်နာရမည့် လမ်းညွှန်ချက်များနှင့်အညီ မြန်မာနိုင်ငံ၏ UN-REDD National Programme လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရာတွင် လမ်းညွှန်မှုပေးနိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။
 

 ခြိမ်းခြောက်ခံနေရသည့် မျိုးစိတ်များ၏ နိုင်ငံအဆင့် အနီရောင်စာရင်း (National Red List of Threatened Species )သည် မျိုးစိတ်များနှင့် ယင်းတို့၏ ဂေဟစနစ်များအတွက် ထိန်းသိမ်းရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ဦးစားပေးဆောင်ရွက်နိုင်ရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း လုပ်ငန်းများကြောင့် သဘာဝဝန်းကျင်အား ထိခိုက်မှုအနည်းဆုံးဖြစ်အောင် လမ်းညွှန်နိုင်မည် ဖြစ်သဖြင့် သစ်တောဦးစီးဌာနသည် ဇီဝမျိုးစုံမျိုးကွဲများအား ထိရောက်အကျိုးရှိစွာ ထိန်းသိမ်း နိုင်ရေးအတွက် မိတ်ဘက်အဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ အလုပ်ရုံဆွေးနွေးပွဲ သင်တန်းအား ကျင်းပရခြင်း ဖြစ်ပါသည်။ အဆိုပါသင်တန်းသို့ ဌာန၊ အဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ သုတေသနဌာနများအား ကိုယ်စားပြုသည့်  သင်တန်းသား(၂၅)ဦး တက်ရောက်ခဲ့ကြပြီး နိုင်ငံအဆင့် အနီရောင်စာရင်း ပြုစုရာတွင် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအတွက် အလွန်အရေးပါသည့် လူ့အရင်းအမြစ်  များဖြစ်ပါသည်။

သစ်ပင်စိုက်ပျိုးပွဲသို့ နေပြည်တော်ကောင်စီဝင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်(သစ်တောတက္ကသိုလ်)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ပါမောက္ခချုပ်(သစ်တောတက္ကသိုလ်)၊ ညွှန်ကြားရေးမှူး များ၊ အရာထမ်း၊ အမှုထမ်းများနှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြပါသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက သတ်မှတ်နေရာ၌ ကျွန်းပင်ကို စိုက်ပျိုးပေးပြီး၊ နေပြည်တော်ကောင်စီဝင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနရှိ အရာထမ်း၊ အမှုထမ်းများက ကျွန်းပင်များကိုလည်းကောင်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အရာထမ်း၊အမှုထမ်း များက ပိတောက်ပင်များကိုလည်းကောင်း၊ သတ္တုတွင်း အရာထမ်း၊အမှုထမ်းများက တမလန်းနှင့် အင်ကြင်းပင်များကိုလည်းကောင်း၊ နေပြည်တော်သစ်တောဦးစီးဌာန တိုင်း၊ ခရိုင်၊ မြို့နယ်များမှ အမှုထမ်း၊ အရာထမ်းများက ကျွန်းပင်နှင့်တမလန်းပင်များကိုလည်းကောင်း စိုက်ပျိုးကြပါသည်။

Pages