Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁၇.၄.၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပဲခူးမြို့နယ်၊ ရှမ်းကိုင်း၊ ညောင်ခါးရှည်ကျေးရွာလမ်းထိပ် မှ ယာဉ်အမှတ် (BGO 3N-4868) FORLAND (၆)ဘီး၊ (အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင် တောင်သရက်ခွဲသား(၁၄၅)ချောင်း စုစုပေါင်း(၁.၃၆၈၆)တန် နှင့်အတူ တရားခံ (၂)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား သက်ဆိုင်ရာရဲစခန်းတွင် ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး အမှုဖွင့်လှစ်ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်ဖြင့် ၁၈-၄-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ရပ်သာရွာ၏အရှေ့မြောက်ဘက်(၂)မိုင်ခန့် အကွာနေရာမှ တရားမဝင်ကျွန်းခွဲသား (၅၉)ချောင်း (၆.၂၁၅၆)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး စီစဉ် ဆောင်ရွက် လျက်ရှိပါသည်။

ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှု့သတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ချက်ဖြင့် သစ်တောဦးစီးရုံးချုပ်၏ သတင်းချပြညွှန်ကြားချက်အရ ၁၅-၄-၂၀၁၉ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာ၊ ရပ်ကွက်(၄)ရပ်ကွက်အရှေ့ကော်ဖီစိုက်ခြံ အနီးခြံပိုင်ရှင် ဦးကိုလင်း၏ နေအိမ်ခြံဝန်းအတွင်း တရားမဝင်ကျွန်း/တမလန်းသစ်/ခွဲသား/ဓါးရွေ (၄၀၆)လုံး/ချောင်း (၁၀၂.၈၂၂)တန်နှင့် တရားမဝင်ပတ်လွှစက်(၄)လုံးတို့အား ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိပါသည်။

အစိုးရဝန်ထမ်းများ ရုံးပိတ်ရက်ဖြစ်သည့် သင်္ကြန်ကာလအား အခွင့်အရေးယူကာ တရား မဝင်သစ်သယ်ယူခြင်းလုပ်ငန်းများဆောင်ရွက်နိုင်သည့်အတွက် သစ်တောဦးစီးဌာနမှတရားမဝင် သစ်ဖမ်းဆီးရေးကို စီမံချက်ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဧပြီလ (၁၃) ရက်မှ (၁၇) ရက်နေ့အထိ ကချင်ပြည်နယ်တွင် ကျွန်း (၅)တန်ခန့်၊ အခြား (၁၅၂ ) တန်ခန့်၊ ကယားပြည်နယ်တွင် ကျွန်း (၁)တန်ခန့်၊ သစ်မာ(၀.၃၅၅၂)တန် ၊ကရင်ပြည်နယ်တွင် အခြား(၃)တန်၊ချင်းပြည်နယ်တွင် ကျွန်း (၁)တန်ခန့်၊ သစ်မာ(၅)တန်ခန့်၊ အခြား(၅) တန်ခန့်၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ကျွန်း (၁၀၁)တန်ခန့်၊ သစ်မာ(၄၆)တန်ခန့်၊ အခြား(၆၇) တန် ခန့်၊ ယာဉ်(၁) စီး၊ ဆိုင်ကယ်(၁) စီး၊ တရားခံ(၄)ဦး၊တနင်္သာရီတိုင်းဒေသကြီးတွင် သစ်မာ (၆) တန်ခန့်၊ အခြား(၁၄)တန်ခန့်၊ ပဲခူးတိုင်းဒေသကြီးတွင် ကျွန်း (၃၇)တန်ခန့် ၊ သစ်မာ(၁၂)တန်ခန့်၊ အခြား (၄၁)တန်ခန့်၊ယာဉ်(၇) စီး၊ ဆိုင်ကယ်(၁) စီး၊ တရားခံ(၁၅)ဦး၊ မကွေးတိုင်းဒေသကြီးတွင် ကျွန်း (၃)တန်ခန့်၊ သစ်မာ(၈)တန်ခန့်၊ အခြား(၁၅)တန်ခန့်၊ယာဉ်(၂) စီး၊ တရားခံ(၅)ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် သစ်မာ(၄)တန်ခန့်၊ အခြား(၁၅)တန်ခန့်၊ နေပြည်တော် တိုင်းဒေသကြီးတွင် ကျွန်း (၄)တန်ခန့်၊ သစ်မာ(၂)တန်ခန့်၊ အခြား(၂၂)တန်ခန့်၊ တရားခံ(၁)ဦး၊ မွန်ပြည်နယ်တွင် အခြား(၄)တန်ခန့်၊ ရခိုင်ပြည်နယ်တွင် အခြား(၇၆)တန်ခန့်၊ တရားခံ(၂)ဦး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကျွန်း (၅)တန်ခန့်၊ သစ်မာ(၇)တန်ခန့်၊အခြား(၂၆)တန်ခန့်၊ယာဉ်(၁) စီး၊ ရှမ်းပြည်နယ်(တောင်)တွင် အခြား(၃)တန်ခန့်၊ယာဉ်(၁) စီး၊ တရားခံ(၂)ဦး၊ ရှမ်းပြည်နယ် (မြောက်)တွင် ကျွန်း (၁၂၄)တန်ခန့်၊ သစ်မာ(၁၇)တန်ခန့်၊ အခြား(၄)တန်ခန့်၊ ရှမ်းပြည်နယ် (အရှေ့)တွင် အခြား(၁)တန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီးတွင် သစ်မာ(၀.၅)တန်၊ အခြား(၄၂)တန် ခန့်၊ပြည်ထောင်စုချုပ်စုစုပေါင်း ကျွန်း (၂၇၉.၇၈၉၅)တန် ၊သစ်မာ(၁၀၈.၁၁၅၆)တန်၊အခြား (၄၉၁.၁၈၄၆)တန်၊ ယာဉ် (၁၂)စီး၊ ဆိုင်ကယ်(၂)စီး၊ တရားခံ (၂၉) ဦးတို့ကို ဖမ်းဆီးရမိခဲ့ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်းဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့သည်၂၀၁၉ခုနှစ်၊ဧပြီလ၁၃ရက်နေ့တွင်ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှထွက်ခွာခဲ့ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံကူမင်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိပြီးဆက်လက်ထွက်ခွာခဲ့ရာဟန်ကျိုးလေဆိပ်သို့ည၉:၅၀နာရီအချိန်တွင်ဆိုက်ရောက်ခဲ့ကာဟန်ကျိုးလေဆိပ်မှတစ်ဆင့်ချင်းဒေါင်(Qiandao) မြို့သို့ရောက်ရှိခဲ့ပါသည်။၁၄-၄-၂၀၁၉ရက်နေ့တွင်ချင်းဒေါင်ရေကန်ကြီးသို့မော်တော်ယာဉ်ဖြင့်သွားရောက်ခဲ့ပြီးချင်းဒေါင်ငါးပြတိုက်တွင်လေ့လာခဲ့ပါသည်။အဆိုပါငါးပြတိုက်တွင်ချင်းဒေါင်ရေကန်အတွင်းရှိငါးမျိုးပေါင်း၁၄၀ကျော်ကိုပြသထားပြီးငါးမွေးမြူခြင်းဆိုင်ရာသမိုင်းကြောင်း၊ယဉ်ကျေးမှု၊စီးပွားဖြစ်ငါးမွေးမြူခြင််းနှင့်သုတေသနလုပ်ငန်းများကိုပြသထားပါသည်။ထို့နောက်ချင်းဒေါင်ရေကန်အတွင်းရေယာဉ်များဖြင့်လှည့်လည်ကြည့်ရှုကြပါသည်။ရေကန်အတွင်းသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့်သဘာဝအခြေခံခရီးသွားလုပ်ငန်း၊ငါးမွေးမြူရေးလုပ်ငန်းများကိုတာဝန်ရှိသူများကရှင်းလင်းပြသပြီးပြည်ထောင်စုဝန်ကြီးကသိရှိလိုသည်များကိုမေးမြန်းဆွေးနွေးခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၈-၄-၂၀၁၉)ရက်နေ့မှ (၁၄-၄-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၃၂၈.၅၁၀၇)တန်ဖမ်းဆီးရမိခဲ့ပါသည်။

၁၄.၄.၂၀၁၉ ရက်နေ့တွင် မြစ်ကြီးနားမြို့နယ်၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများအဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ နောင်တောင်းကျေးရွာ၊ တောစပ်အနီးမှ တရားမဝင် ကညင်/ကြေးလံသစ်လုံး (၂၁)လုံး (၂၆.၆၃၀၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၁၁.၄.၂၀၁၉ ရက်နေ့တွင် ဝိုင်းမော်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များ၊ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်တို့ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ လွယ်ငူးတောင်ဒေသ၊ မန်ဝိန်းကျေးရွာ၏အနောက်မြောက်ဘက်(၃)မိုင်ခန့်အကွာ၊ မန်ဝိန်းချောင်းဖျားအနီးမှ တရားမဝင် ကညင်သစ် (၂၂)လုံး (၈.၄၁၈၀)တန် ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိပါသည်။

Pages