Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေပို့ ချက်အရ ၆-၄-၂၀၁၉ ရက်နေ့ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တာဝန်သိပြည်သူ(၅)တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် စဉ့်ကိုင်မြို့နယ်၊ ရွာသာရွာအနီး၊ ရဲရွာ-ဘဲလင်းလမ်း မိုင်တိုင်အမှတ်(၂၀/၁)နေရာ၌ တရားမဝင်ကျွန်း/အင်ကြင်းသစ်(၉၂)လုံး (၂၂.၇၀၀၄)တန်တင်ဆောင်ထားသော မော်တော်ယာဉ်(၄)စီး၊ ဆိုင်ကယ်(၁)စီးနှင့် တရားခံ(၁၀)ဦးအားဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင်အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(CMRS) ဖြင့် သတင်းပေးပို့ချက်အရ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆောင်သော ကချင်ပြည်နယ် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် သစ်တောဝန်ထမ်းများ ပါဝင်သည့်အဖွဲ့သည် ၆-၄-၂၀၁၉ ရက်မှ ၇-၄-၂၀၁၉ ရက်အထိ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာများ၊ ဆက်စပ်ရော်ဘာ ခြံများနှင့် ရွှေစက်ရပ်ကွက်တို့အတွင်း တရားမဝင်သစ်ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ဆောင်ရွက်ခဲ့ရာ တရားမဝင် ကညင်၊ ကြေးလံ၊ ကံ့ကော်ဖို၊ ခလောင်၊ မအူ အစရှိသည့် သစ်လုံး/သစ်ခွဲသားစုစုပေါင်း ၂၉၆.၇၄၄၄ တန်ခန့်ကို သစ်တင်ယာဉ် (၂)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။ တရားမဝင်သစ်နှင့် ဆက်စပ်ပါဝင်သူများကို စုံစမ်းစစ်ဆေးဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၄.၄.၂၀၁၉ ရက်နေ့တွင် မန္တလေးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြား ရေးမှူး ဦးဆောင်သောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပုသိမ်ကြီးမြို့နယ် ဒဟတ်တောကျေးရွာအုပ်စု၊ မြကန်သာကျေးရွာ အရှေ့မြောက်ဘက်ရှိ မြေကွက်လပ်တွင်စုပုံထားသော တရားမဝင်ကျွန်း/ပျဉ်းကတိုး/ပိတောက်/ ယမနေ/အခြား သစ်လုံး/ခွဲသား စုစုပေါင်း (၁၆၃)လုံး/ချောင်း (၁၁.၇၃၆၈)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၄.၄.၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် စစ်ကိုင်းမြို့နယ်၊ နွယ်သဇင်ထမင်းဆိုင်ရှေ့တွင် (၆)ဘီးယာဉ်(၃)စီးပေါ်မှ တရားမဝင် လုံးပတ်၃ပေအောက်အင်သစ်/အင်ခွဲသား/ဖရုံခြမ်း စုစုပေါင်း (၃၉၇)လုံး/ချောင်း/ခြမ်း (၁၆.၅၇၇၈)တန်၊ တရားခံ(၁)ဦးဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ရွာသစ်ကြီးရဲစခန်းတွင် အမှုဖွင့် ဆောင်ရွက်လျက် ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၃.၄.၂၀၁၉ ရက်နေ့တွင် သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ မိုင်းဝန်းကြိုးဝိုင်း အတွင်းမှ တရားမဝင်သစ်စက်(၄)လုံးနှင့် ကျွန်း/သစ်မာ သစ်လုံး/ခွဲသား စုစုပေါင်း (၃၀၄၃)လုံး/ ချောင်း (၆၉.၈၇၃၆)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၃.၄.၂၀၁၉ ရက်နေ့တွင် ဖြူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပါဝင်သ ောပူးပေါင်းအဖွဲ့သည် ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်(၁၁၉/၁)နှင့် (၁၁၉/၂)ကြားနှင့် မိုင်တိုင်အမှတ်(၁၁၉/၃)နှင့် (၁၁၉/၄)ကြားနေရာတို့တွင် ရပ်တန့်ထားသော Nissan Cara Van တစ်စီးနှင့် ဖောကားအနီရောင်ယာဉ်တစ်စီး တို့ပေါ်မှ တရားမဝင်ကျွန်း/ ပိတောက်ခွဲသား (၃၇၃)ချောင်း (၃.၆၆၄၂)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်- CMRS ဖြင့် သတင်းပေးပို့ချက်အရ ၂.၄.၂၀၁၉နှင့် ၃.၄.၂၀၁၉ ရက်နေ့တို့တွင် ပဲခူးခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဆောင်သောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဘုရားကြီးမြို့၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၆၀/၀)အနီး၊ လမ်းအရှေ့ဘက်ဆည်ပေါင် လမ်းပေါက်အတွင်းနှင့် ဘောနတ်ကြီးရွာမြောက်ဘက်နေရာတို့မှ တရားမဝင် ပျဉ်းကတိုး/တောင် သရက်ခွဲသား (၈၀)ချောင်း (၈.၂၈၄၂)တန်၊ ပေါင်(၉၀)ဝင်မီးသွေးအိတ်(၂၇၀)အိတ် (၈၆.၄၀)တန်၊ ယာဉ်(၁)စီး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၃.၄.၂၀၁၉ ရက်နေ့တွင် ပေါက်မြို့နယ်၊ သစ်တောဦးစီးဌာနမှသစ်တောဝန်ထမ်းများ၊ သစ်တော လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ပုသိမ်-မုံရွာကားလမ်းအနီး၊ မိုင်တိုင်အမှတ် (၃၈၅/၀)နှင့် (၃၈၅/၁)ကြား၊ သနပ်ပင်ဇင်းကျေးရွာအဝင်၌ ရပ်တန့်ထားသော (Nissan Diesel PF-6 (၁၀)ဘီးယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (၁၀)တန်ခန့်အား ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

Pages