၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

မြန်မာနိုင်ငံသည် အာရှနှင့်ပစိဖိတ်ဒေသတွင် ဇီဝမျိုးစုံမျိုးကွဲ အကြွယ်ဝဆုံးနိုင်ငံများ တွင် ပါဝင်သည်။ ဇီဝမျိုးစုံမျိုးကွဲများနှင့် ယင်းတို့မှီခိုသော ဂေဟစနစ်များ ရေရှည်တည်တံ့ရေးအတွက် အဓိကနည်းလမ်းမှာ သဘာဝထိန်းသိမ်းရေးနယ်မြေများ သတ်မှတ်ဖွဲ့စည်းခြင်း ဖြစ်ပါသည်။ သတ်မှတ်ဖွဲ့စည်းထားသောသာဝထိန်းသိမ်းရေးနယ်မြေများကို စီမံအုပ်ချုပ်ရန် နှင့် နိုင်ငံရှိ ဇီဝမျိုးစုံမျိုးကွဲများကို ကာကွယ်စောင့်ရှောက်ရန် ဥပဒေပြဋ္ဌာန်း ထားပါသည်။ မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးနှင့်ပတ်သက်သည့် ပထမဦးဆုံး ဥပဒေမှာ ၁၈၇၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဆင်ကာကွယ်ထိန်းသိမ်းရေးဥပဒေ ဖြစ်ပြီး ၁၈၈၃ ခုနှစ်တွင် ပြင်ဆင်ခဲ့ပါသည်။ ၁၉၃၆ ခုနှစ်တွင် တောရိုင်းတိရစ္ဆာန်များအား ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး တောရိုင်းတိရစ္ဆာန် နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေ (၁၉၉၄) ဖြင့်အစားထိုးခဲ့ပါသည်။ ၂၀၀၂ ခုနှစ်တွင် တောရိုင်းတိရစ္ဆာန် နှင့် သဘာဝအပင်များကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေး နည်းဥပဒေကို ရေးဆွဲခဲ့ပါသည်။

Drone ရိုက်ကူးအသုံးပြုခြင်းသင်တန်းနှင့် Global Mapper နှင့် ArcGIS Soft ware များအသုံးပြု၍ မြေပုံထုတ်လုပ်ခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို (၂၀-၈-၂၀၁၈) ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်၌ သစ်တောသုတေသနဌာန၊ စုဝေးခန်းမ(ရေဆင်း)တွင် ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော် တက်ရောက် ၍ အဖွင့်အမှာစကားပြောကြားပါသည်။  

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၊ သစ်တောဦးစီးဌာန မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း၊ သစ်မျိုးသန့်ပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁၂) သင်တန်းဆင်းပွဲ အခမ်းအနားကို (၁၇-၈-၂၀၁၈)ရက်နေ့၊ (၁၄:ဝ၀)နာရီအချိန်တွင် သစ်တောသုတေသနဌာန၊ ရေဆင်း(စုဝေးခန်းမ)၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်  ဒေါက်တာညီညီကျော် တက်ရောက် အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များချီးမြင့်ခဲ့ပါသည်။
 
 

သစ်တောဦးစီးဌာနနှင့် ကိုရီးယား-မဲခေါင် သစ်တောကဏ္ဍပူးပေါင်းဆောင်ရွက်ရေးဌာန (KMFCC)တို့အကြား စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်း အဖြစ် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ ၁၇.၈.၂၀၁၈ ရက်နေ့ ၁၁:၀၀နာရီတွင် မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့်“မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး လုပ်ငန်း စီမံကိန်းနှင့် REDD+ လုပ်ငန်းများကို အထောက်အကူဖြစ်စေရန်အတွက် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းနှင့် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း နည်းစနစ်များ သရုပ်ပြခြင်း လုပ်ငန်းစီမံကိန်း” ကို နားလည်မှု စာချွှန်လွှာရေးထိုး  နိုင်ခဲ့ပါသည်။

 KMFCC သည် ကိုးရီးယာသမ္မတနိုင်ငံနှင့် မဲခေါင်မြစ်ဝှမ်း နိုင်ငံများအကြား သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်နိုင်ရန်နှင့် အဖွဲ့ဝင်များ နိုင်ငံ များ၏လိုအပ်ချက်နှင့်ကိုက်ညီသည့်လုပ်ငန်းစီမံကိန်းများ၊ လုပ်ငန်းအစီအစဉ်များ ရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ၂၀၁၆ခုနှစ် ဇူလိုင်လတွင် စတင် တည် ထောင်ထားရှိပြီး ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ ရုံးစိုက်ထားရှိသည့် သစ်တောပူးပေါင်း ဆောင်ရွက်ရေးဌာနဖြစ်ပါသည်။

KMFCC သည် ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်း တည်ထောင်ရန်နှင့် မဲခေါင် မြစ်ဝှမ်းနိုင်ငံများ(ကမ္ဘေားဒီးယာ၊ လာအို၊ မြန်မာ၊ဗီယက်နမ်-CLMV)အကြား သစ်တော လုပ်ငန်းအစီအစဉ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် အဖွဲ့ဝင်နိုင်ငံများ၏ စွမ်းဆောင်ရည် မြှင့်တင်ပေးရန် ရည်မှန်းချက် ထားရှိပါသည်။ KMFCC သည် မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးလုပ်ငန်းစီမံကိန်း၏ လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင်သစ်တောလုပ်ငန်း အကောင် အထည်ဖော် ဆောင်ရွက်မှုကို အထောက် အပံ့ပေးခြင်း ဖြစ်ပါသည်။

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ၁၆- ၈ -၂၀၁၈ ရက်နေ့ ၊ နေ့လည် ဝ၁:ဝ၀ နာရီအချိန်၌ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် တာဝန်ရှိသူများအား WWF –Myanmar မှ Ms. Hanna Jelsingen,Green Ecomomy Programme Manager နှင့် ကိုယ်စားလှယ်အဖွဲ့မှ လာရောက်တွေ့ဆုံ၍ ရေရှည်တည်တံ့သော အခြေခံအဆောက်အဦ(လမ်း)နှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်..  

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် (၁၅- ၈ -၂၀၁၈)ရက်နေ့ (၁၀:ဝ၀)နာရီအချိန်၌ မြန်မာ့လက်မှု အနုပညာအသင်း(MACA)မှ ဝန်ကြီးဌာန၊ အသိအမှတ်ပြု Vocher များကို အသင်းအား တရားဝင်သုံးစွဲခွင့်ပြုပေးရန် တင်ပြသည့် အစည်းအဝေးကျင်းပရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်မှ အမှာစကားပြောကြားပြီး  တာဝနှ်ရှိသူများမှတက်ရောက် ဆွေးနွေးခဲ့ပါသည်..

ကမ္ဘာ့ဆင်များနေ့ စာတမ်းပါ ဗွီနိုင်းများထောင်ခြင်း ၊ဆင်အကြောင်း သိကောင်းစရာ လက်ကမ်း စာစောင်များ ဝေငှခြင်း ၊ ကလေးသူငယ်များ ပျော်ရွှင်စွာ ရောင်စုံပန်းချီရေးဆွဲခြင်း ၊ရုပ်ပုံဆက်ဂိမ်း ကစားခြင်း ၊လက်ဆောင်ပစ္စည်းများပေးခြင်း ၊လာရောက်လည်ပတ် သည့် ဧည့်သည်များအား ဆင်စာများ အခမဲ့ကျွေးစေ ခြင်းများဆောင်ရွက်ခဲ့ပါသည်။

(၁)       ဆင်ရုံရှေ့ကပွဲကွင်း တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါ အစီအစဉ်တွင် Petunity ၊ BANCA ၊ ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ ဂုဏ်ထူးတန်း ကျောင်းသား / ကျောင်းသူများ ပါဝင် ကူညီဆောင်ရွက်ခဲ့ပါသည် ။

         (၂)      ကမ္ဘာ့ဆင်များနေ့ နှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်း ပြော ကြားခြင်း ၊ ပညာပေးဌာနမှ လာရောက်လည်ပတ်သူများ၊ ဆင် ချစ်သူများကို ဆင် နှင့်ပတ်သက်သည့် ပိုစတာများဖြင့် ပညာပေးခြင်း ၊ ကမ္ဘာ့ဆင်များနေ့ဆိုင်ရာ လက် ကမ်းစာစောင်များ ဖြန့်ဝေခြင်း ၊ ဆင် နှင့် ပတ်သက်သည့် ဗဟုသုတရဖွယ် မေးခွန်းများ ဖြေဆိုစေခြင်း ၊

        (၃)         ကလေးများအားဆင်ရုပ်ပုံရေးဆွဲ၍ ဆေးရောင်ခြယ်စေခြင်း ၊ဆင်နှင့်ပတ်သက်သည့်

                        ကစားနည်းများ ကစားစေခြင်းတို့   ပြုလုပ်၍  ဆင်ရုပ် ခေါင်းပတ် များ နှင့်  အမှတ်

                        တရ လက်ဆောင်များပြန်လည်ပေးအပ်ခြင်း ၊

         (၄)        Yangon Zoological Garden  ၏ Facebook Page  တွင် ဆင်နှင့် ပတ်သက် သည့် မေးခွန်းများအားဖြေဆိုနိုင်သူများကိုအမှတ်တရ T- Shirt၊  ရေနွေးဗူး ၊ ကမ္ဘာ့ဆင်များနေ့ဆိုင်ရာ လက်ကမ်းစာစောင် နှင့် ဇီဝ မျိုးစုံ မျိုးကွဲ နှင့် သဘာဝ ထိန်းသိမ်းရေးစာအုပ် လက်ဆောင်ပေးခြင်း ၊

         (၅)          Petunity  နှင့် ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနမှ ဂုဏ်ထူးတန်း ကျောင်းသား / ကျောင်းသူများ မှ ဆင်ခြေရာ နှင့် ဆင်ရုပ်ပုံအား မျက်နှာ တွင် ဆေးရောင်ခြယ် ပေးခြင်း ၊  Photo Booth၊  ၊  Emoji  နှင့် ဓါတ်ပုံ ရိုက်ပေးခြင်း၊

Pages