Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁၁.၄.၂၀၁၉ ရက်နေ့တွင် ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများအဖွဲ့၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကျွန်းလှမြို့နယ်၊ နန်းသပ်ကျေးရွာ အနောက်တောင်ဘက် (၃)မိုင်ခန့်အကွာ၊ နန်ကြီးသာကြိုးဝိုင်းအတွင်းမှ တရားမဝင် ကျွန်း/ ပျဉ်းကတိုး/အင်ကြင်းသစ်လုံး စုစုပေါင်း (၂၁)လုံး (၁၀.၆၃၄၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။

၁၀.၄.၂၀၁၉ ရက်နေ့တွင် ပင်းတယမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပင်းတယမြို့နယ်၊ မိုင်းလီကျေးရွာအုပ်စု၊ တောင်ပုကျေးရွာ၊ ဆင်ကျုံး-တောင်ပုသွားတံတား ပေါ်မှ ယာဉ်အမှတ်၊ YGN-6N/6908 (Canter ၆ဘီး အဖြူရောင်)ယာဉ်(၁)စီးပေါ်မှ တရားမဝင် အင်ခွဲသား (၉၂)ချောင်း (၅.၃၂၇၂)တန်၊ တရားခံ(၁)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံအား ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး ပင်းတယမြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

၉-၄-၂၀၁၉ ရက်နေ့ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးဆောင်သော သစ်တောဝန်ထမ်းများ၊အဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ ဒုဌဝတီမြစ်ကြောင်းတစ်လျှောက် နယ်မြေရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်ရာ ရဲရမန်းကြိုးဝိုင်း၊ အကွက်အမှတ် (၁၂၁)အတွင်း၊ ပန်းပုချောင်းရိုးတစ်လျှောက်တွင် တရားမဝင်ကျွန်း/အင်ကြင်းသစ်/ ဓါးရွေ (၂၇)လုံး/ချောင်း (၉.၅၅၇၄)တန်အားဖမ်းဆီးရမိပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေး ပို့ချက်ဖြင့် ၈-၄-၂၀၁၉ ရက်နေ့ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် ပူတာအိုမြို့နယ်၊ ပမ္မတီးကျေးရွာအနောက်ဘက်(၁)မိုင်ခန့်အကွာနေရာမှ တရားမဝင်ကြေးလံ သစ်လုံး/ခြမ်း စုစုပေါင်း(၁၀၅)လုံး/ခြမ်း(၉၀)တန်ခန့်နှင့်သစ်စက်(၁)လုံးတို့အာဖမ်းဆီးရမိပြီး၊ တရားခံများ အား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၉-၄-၂၀၁၉ ရက်နေ့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်၊ သစ်တောဦးစီးဌာန၊ သစ်တောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည် မြစ်ကြီးနားမြို့နယ်၊ ပလန(၅)ကျေးရွာအနီး၊ နန်ကျင်ချောင်းဘေးတွင် တရားမဝင်ကြေးလံ/ကညင်/သပြေ သစ်လုံးစုစုပေါင်း(၆၀)လုံး(၇၅.၇၄၄)တန်အားဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၉-၄-၂၀၁၉ ရက်နေ့တွင် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ BGF (၁၀၁၈)တပ်မှူး စောမောင်ဝင်းပါ(၁၈)ဦးတို့ ပါဝင်သောပူးပေါင်း အဖွဲ့သည် မြဝတီမြို့နယ်၊ မဲပလဲသောင်ရင်းကြိုးဝိုင်းအကွက်(၇)အတွင်း တရားမဝင် အခြားသစ်လုံး (၂၅)တန်ခန့်အားဖမ်းဆီးရမိပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၇-၄-၂၀၁၉ ရက်နေ့မှ ၈-၄-၂၀၁၉ ရက်နေ့ထိ စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများရှာဖွေဖော်ထုတ်ဖမ်းဆီးခြင်း ဆောင်ရွက် လျှက်ရှိရာ ကျွန်းလှမြို့နယ်၊ နန်းကြီးကြိုးဝိုင်းအကွက်(၂၂)အတွင်း (နန့်သတ်ရွာ၏အနောက်ဖက် ၂မိုင်ခန့်အကွာ)နေရာ၌ တရားမဝင်ကျွန်းနှင့် သစ်မာသစ်/ခွဲသား(၃၂၀)လုံး/ချောင်း (၂၃.၉၈၂၆)တန်အား ဖမ်းဆီးရမိပြီး၊ ဆက်စပ်ပက်သက်သော တရားခံများအား စုံးစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၏ ချပြသတင်းအရ ၉-၄-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖောင်းပြင်မြို့နယ်၊ အင်ကြင်းမြိုင်ရပ်ကွက်၊ နေအိမ်ခြံဝင်းအတွင်းမှ တရားမဝင်ကျွန်း/ ကညင်ခွဲသား (၅၅၇)ချောင်း (၂၁.၆၂၈)တန်နှင့် တရားခံ(၁)ဦးအားဖမ်းဆီးရမိပြီး၊ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

Pages