၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည့် သတ္တုတူးဖော်ရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများအား ကြည့်ရှုလေ့လာရန် သြဂုတ်လ (၁၈)ရက်နေ့တွင် လာအိုပြည်သူ့ ဒီမိုကရက်တစ်နိုင်ငံသို့ ခရီးထွက်ခွာခဲ့ရာ လာအိုပြည်သူ့ ဒီမိုကရက်တစ်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ (၁၂:၃၀)နာရီတွင် ရောက်ရှိခဲ့ပြီး၊ (၁၆:၀၀)နာရီတွင် လာအိုပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ ဗီယန်ကျင်းမြို့ရှိ စွမ်းအင်နှင့် သတ္တုဝန်ကြီးဌာနရုံး ဧည့်ခန်းမတွင် စွမ်းအင်နှင့် သတ္တုဝန်ကြီးနှင့် တွေ့ဆုံကာ သတ္တုကဏ္ဍ၊ ရေအားလျှပ်စစ် ကဏ္ဍနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ ကိစ္စရပ်များအပေါ် မိမိတို့၏သဘောထားအမြင်များကို ရင်းနှီးပွင့်လင်စွာ ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းဦးဆောင်သောမြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရုနိုင်း ဒါရုဆလန်နိုင်ငံ၊ မြို့တော် ဘန်ဒါဆရီဘီဂဝမ်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာတွင် ၂၀၁၆ခုနှစ် သြဂုတ်လ (၃)ရက်မှ (၅)ရက်နေ့ ထိ(၃)ရက် တာကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် အာရှပစိဖိတ်ဒေသ အပူပိုင်းမိုးသစ်တောဆိုင်ရာထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် သြဂုတ်လ (၂)ရက်နေ့ နံနက်ပိုင်းတွင် ထွက်ခွာသွားခဲ့ပြီး၊ သြဂုတ်လ(၆)ရက်နေ့ ညနေပိုင်းတွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ခဲ့ကြောင်း သတင်းရရှိသည်။

(၁၇-၈-၂၀၁၆) ရက်နေ့၊ မွန်းလွဲ (၁၄းဝ၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင်“ ကွမ်းစားသုံးခြင်းကြောင့် ဖြစ်ပွားနိုင်သည့်ဆိုးကျိုးများ” ဟောပြောပွဲ အခမ်းအနားကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးဇော်မင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာညွှန်ကြားချက်များ (Community Forestry Instructions) နှင့်ပတ်သက်သည့်အချက်အလက် များကို http://www.fdmoecaf.gov.mm/other_book တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

နိုင်ငံတော် သမ္မတဦးထင်ကျော် ဦးဆောင်ပြီး ဒုတိယ သမ္မတ ဦးမြင့်ဆွေ၊ အမျိုးသားလွှတ်တော်ဥက္ကဌ ၊ နေပြည်တော်ကောင်စီဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်ရှိ ဝန်ထမ်း များစုပေါင်း၍ မိုးရာသီ သစ်ပင်စိုက် ပျိုးခြင်းကို ဥတ္တရသီရိမြို့နယ်၊ နေပြည်တော်-တပ်ကုန်း၊ အမှတ်(၁)ကားလမ်း၊ မိုင်တိုင်အမှတ် (၂ / ၄)နှင့် (၂ / ၅)ကြားရှိ ဖိုးဇောင်တောင် ကြိုးဝိုင်း၊ အကွက် အမှတ် (၁၆) သဘာဝ သစ်တောအတွင်း စိုက်ပျိုးခဲ့ကြပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တော သုတေသန၊ ရေဆင်းတွင် လစ်လပ်လျက်ရှိသော သုတေသနလက်ထောက်(၃)၊ ပညာရှင်(အဆင့်-၂) လစာနှုန်း(ကျပ် ၁၆၅၀၀၀-၂၀၀၀-၁၇၅၀၀၀) ရာထူး (၄) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများဖွင့်ပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ် သြဂုတ်လ ၃ ရက်နေ့ နံနက် ၀၉း၀၀ နာရီ တွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ ဂရင်းအမရဟိုတယ်၌ ကျင်းပရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ကိုယ်စား အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန နှင့် ထိုင်းနိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Thailand International Cooperation Agency -TICA)တို့ပူးပေါင်းကျင်းပသည့် ဝါးသယံဇာတ စဉ်ဆက်မပြတ် အသုံးချမှုအထောက်အကူပြု ဝါးပျိုးထောင်စိုက်ပျိုးခြင်း၊ ဝါးစိုက်ခင်းစီမံအုပ်ချုပ်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၀၉:၀၀)နာရီအချိန်တွင် သစ်တောသုတေသနဌာန(ရေဆင်း)၊ စုဝေးခန်းမ၌ကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

Pages