၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန နှင့် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (United Nations Educational Scientific and Cultural Organization-UNESCO) တို့ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် ခါကာဘိုရာဇီဒေသအား ကမ္ဘာ့သဘာဝအမွေအနှစ်စာရင်းဝင်နေရာအဖြစ် အမည်စာရင်းအဆိုပြုနိုင်ရေး စတုတ္ထအကြိမ် လုပ်ငန်းအဖွဲ့ အစည်းအဝေးကို (၉-၅-၂၀၁၇)ရက်နေ့၊ (၀၉ : ဝ၀)နာရီအချိန်တွင် နေပြည်တော် (အမရဟိုတယ်)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

နေပြည်တော်၊ ပြည်ထောင်စုနယ်မြေ၊ ဥတ္တရသိရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင် (၂၁၇/၀) မှ (၂ ) ဖာလုံခန့်အကွာ၊ ငလိုက်ကြိုးဝိုင်း အကွက်အမှတ်(၇၈)တွင် ငလိုက်ဆည်အား အခြေပြု၍ ငလိုက်စခန်းသာဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းကို (၈-၅-၂၀၁၇)ရက်နေ့ နံနက် (၈:၀၀)နာရီအချိန် တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း မှ ဖွင့်လှစ်ပေးခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်း မ၌ ၈-၅-၂၀၁၇ ရက်နေ့ (၀၉ : ဝ၀)နာရီအချိန်တွင် ရေဝေရေလဲအုပ်ချုပ်ရေးဌာနမှ ညွှန်ကြားရေးမှူး ဦးဘိုနီအား JICA မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr.Takahiro Morita ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် နယ်သာလန်နိုင်ငံ ဘက်စုံရေသယံဇာတစီမံအုပ်ချုပ်မှုဆိုင်ရာအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် “မိတ္ထီလာကန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း”၏ စီမံကိန်းလုပ်ငန်းကော်မတီအစည်းအဝေးကို သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ (၅-၅-၂၀၁၇) ရက်နေ့၊ နံနက်(၉:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

(၅-၅-၂၀၁၇) ရက်နေ့၊ မွန်းလွဲ(၁၅ : ဝ၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်းအစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။

၄-၅-၂၀၁၇ ရက်နေ့ (၀၉း၃၀) အချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့် စီမံကိန်း) ဦးကျော်ကျော်လွင်အား Regional Observatory for South East Asia (RFO-SEA) Project Manager Ferrand မှ လာရောက်တွေ့ဆုံခဲ့ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ တိုင်းဒေသကြီး /ပြည်နယ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ (၂-၅-၂၀၁၇) ရက်နေ့၊ နံနက်(၈:၃၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် UN-REDD Progrmme တို့ပူးပေါင်းအစီအစဉ်အရ (၂၈.၄.၂၀၁၇) ရက်နေ့ နံနက်(၀၉ : ဝ၀) နာရီအချိန်တွင် နေပြည်တော် (အမရာဟိုတယ်) ၌ (၅) ကြိမ်မြောက် "REDD+ Divers & Strategies Technical Working Group မဟာဗျူဟာရေးဆွဲရေး ဆိုင်ရာလုပ်ငန်းအဖွဲ့ အစည်းအဝေးအား" ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages