Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၂၅-၃-၂၀၁၉ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော သစ်တောဝန်ထမ်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်မျာပါဝင်သောပူးပေါင်းအဖွဲ့သည် ရေတာရှည်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ဆွာတံတားအနီးနေရာမှ ယာဉ်အမှတ်(9H-3441) NISSAN ယာဉ်ပေါ်မှ တရားမဝင်အခြားခွဲသား(၇၆၁)ချောင်း (၁၁.၀၂၁၄)တန်အား တရားခံ(၂)ဦးနှင့်အတူဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၂၄.၃.၂၀၁၉ ရက်နေ့ ကသာခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဗန်းမောက်မြို့နယ်၊ ညောင်ခြေထောက်ကျေးရွာ ဝန်းကျင်နှင့် ညောင်ခြေထောက်အဆိုပြုကာကွယ်တော၊ တုံးလှော်ရွာအနီးတို့မှ တရားမဝင် ကျွန်း/အင် သစ်လုံး/ခွဲသား စုစုပေါင်း (၂၃၄)လုံး/ချောင်း (၂၃.၇၇၆၈)တန်၊ လီဖန်း(၆)ဘီးယာဉ်(၁)စီး၊ 125ဆိုင်ကယ်(၂)စီး တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။

နေပြည်တော်/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ၁၈-၃-၂၀၁၉ ရက်နေ့မှ ၂၄-၃-၂၀၁၉ ရက်နေ့အထိ ပေးပို့လာ သောစာရင်းများအရ တရားမဝင် ကျွန်း(၂၁၂.၃၅၀၄)တန်၊ သစ်မာ(၁၃၉.၁၃၇၃)တန်၊ အခြား (၁၈၆.၉၀၃၆)တန်၊ စုစုပေါင်း(၅၃၈.၃၉၁၃)တန်၊ တရားခံ(၂၉)ဦး၊ ယာဉ်/ယန္တရား(၂၄)စီး ဖမ်းဆီး ရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာ မြို့နယ်၊ အင်းကြီး/လှေဘိုဘိနယ်၊ မယ်ငိုရွာ အနောက်ဘက်(၂)မိုင်ခန့်အကွာမှ တရားမဝင် ကျွန်းသစ်(၁၉)လုံး (၂.၄၉၆၀)တန်၊ အခြားသစ်(၃၈၁)လုံး (၂၅.၁၉၀၈)တန်၊ အင်ဂျင်(၁)လုံးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပါသည်။

၂၅.၃.၂၀၁၉ ရက်နေ့ (၁၃:၃ဝ)အချိန် တွင်ထားဝယ်ခရိုင် သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS သတင်းအရ ရေဖြူမြို့နယ်၊ ကလုံးထာရွာ၏တောင်ဘက် တောတွင်း၌စုပုံထားသော တရားမဝင် သစ်မာ/အခြားသစ် စုစုပေါင်း (၂၆)လုံး (၁၄.၈၄၉၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၂၄.၃.၂၀၁၉ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ကျောက်တံခါးမြို့ နယ်၊ ကုန်းလယ်ရိုးကျေးရွာအုပ်စု၊ သပြေခင်တဲတိုက်အနီးနှင့် ဖဒို-မြို့ချောင်းသွားလမ်း၊ မိုင်တိုင် အမှတ်(၇၇)အနီး နေရာတို့မှ တရားမဝင်ကျွန်း/အခြားခွဲသား စုစုပေါင်း (၁၄၅)ချောင်း (၃.၉၈၂၆)တန်၊ Super Custom ကား(၁)စီးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်း ပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS သတင်းအရ ၂၃.၃.၂၀၁၉ ရက်နေ့တွင် ရေပေါင်းဆုံကျေးရွာနှင့် ယင်းမာပင်ကျေးရွာ၊ ပေသုံးဆယ်ရပ်ကွက်၊ ဦးစိန်ထွန်း၏နေအိမ်ဝိုင်းအတွင်း တို့မှ တရားမဝင် အခြားသစ်/ခွဲသား/လုံးပတ်၃ပေအောက်သစ်/ကျွန်းတံခါးရွက် စုစုပေါင်း (၁၁၆)လုံး/ခွဲသား/ချပ် (၇.၉၂၁၈)တန်၊ တရားခံ(၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး၊ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ (၂၆-၃-၂၀၁၉)ရက်နေ့ နံနက်(၉:၃၀) နာရီအချိန်တွင် FLEGT Unit နှင့် သစ်တောထွက်ပစ္စည်းဖွံ့ဖြိုးတိုးတက်ရေး အာဆီယံလုပ်ငန်းအဖွဲ့ အစည်းအဝေး ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)ဦးကျော်ကျော်လွင်မှ အဖွင့်အမှာ စကားပြောကြားပါသည်။

တောရိုင်းတိရစ္ဆာန်များတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဆိုင်ရာ အာဆီယံဝန်ကြီးများ အဆင့် အထူးအစည်းအဝေးကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ယနေ့ မတ်လ ၂၁ ရက်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ ကိုယ်စားလှယ်များအဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းဝင်း၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာညီညီကျော်နှင့် ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်တို့ တက်ရောက်ခဲ့ကြောင်းသိရသည်။အဆိုပါ အစည်းအဝေးကို နိုင်ငံတကာနှင့် အာဆီယံဒေသအတွင်း၌ ကြီးမားကျယ်ပြန့် လာသည့် တောရိုင်းတိရစ္ဆာန်များနှင့် ယင်းတို့၏ အစိတ်အပိုင်းများအား တရားမဝင်ကုန်သွယ်မှု ဆိုင်ရာ ဈေးကွက်များနှင့် ကျူးလွန်လုပ်ဆောင်လာမှုများအား ပူးပေါင်းတားဆီးနှိမ်နှင်းရေး လုပ်ငန်းများကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့်ကျင်းပခြင်းဖြစ်ပြီး အာဆီယံ အဖွဲ့ဝင်နိုင်ငံအချင်းချင်း လက်ရှိဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ပြီး ပေါင်းစပ်ဆောင်ရွက်မည့် လုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးဖော်ထုတ်ကာ ဒေသအဆင့် ကြေညာချက်တစ်ခုအား ထုတ်ပြန် သွားမည်ဖြစ်ကြောင်း သိရသည်။

Pages