Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

၁၉-၅-၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ ခမရ(၂၄၉)တပ်မှ ဗိုလ်မှူးရန်နိုင်စိုး(ကြည်း-၄၀၆၅၁) ဦးစီးစစ်ကြောင်းအဖွဲ့ တို့ပါဝင်သောပူးပေါင်းအဖွဲ့သည် တောင်ကြီးမြို့နယ်(ပူးတွဲ)ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းဒေသအတွင်း၊ နားလုံရွာ၏ မြောက်ဘက်နေရာ၌ တရားမဝင်အင်သစ်လုံး(၂၀၀)တန်ခန့်အား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သော တရားခံများအား ရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

၁၉-၅-၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ ခလရ (၉၁)၊ စုရုံး(၁)စိတ် ဗိုလ်ကြီး သန်းစိုးညွှန့် ပါ(၁၀)ဦး ပါဝင်သော ပူးပေါင်းအဖွဲ့သည် တိုက်ကြီးမြို့နယ်၊ စမ်းရွာတဘူးလှရေကာတာဆည်အနီး ရေတံခါးထိပ် နေရာမှ တရားမဝင် ချဉ်ယုတ်/သစ်နီ/ရုံး/မျောက်ငို/ထောက်ကြန့်/နဘဲ/ မျောက်ချော/ တောင်စကားဝါ/ကောင်းမှု (၅၄) လုံး/ချောင်း (၁၈.၉၁၄၀)တန် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက် သော တရားခံများအား စုံစမ်းရှာဖွေဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက် လျက်ရှိပါသည်။

၁၉-၅-၂၀၁၉ ရက်နေ့တွင် ကမ်းခြေစောင့်တိုက်ရေယာဉ်(၁၁၆)မှ ဗိုလ်ကြီးနိုင်မျိုးဦး ဦးစီးသည့်အဖွဲ့မှ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဆောင်းကြီးကျွန်းအရှေ့မြောက်ဘက်(၄.၈) မိုင်ခန့်အကွာနေရာတွင် တရားမဝင်ကတွဒ်/ဂန့်နီခွဲသား(၂၁၂)ချောင်း (၉.၂၆၄၂)တန်တင်ဆောင်ထားသော စက်လှေ(၁)စီးနှင့် တရားခံ(၃)ဦးအားတရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

၁၈-၅-၂၀၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သော သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပုသိမ်မြို့နယ်၊ ကျောက်တွင်းကြီးချောင်းဖျား၊ တစောင်းချောင်းဖျား၊ လေးလုံးတန်းချောင်းဖျား၊ ဝါးဘိုးကျေးရွာ ရှောပြာချောင်းဘေးတို့တွင် တရားမဝင်ဘောင်ဆန့်သစ်/ခွဲသား(၅၆၉)လုံး/ချောင်း(၁၁၁.၉၅၃၁)တန်နှင့် အခြားမျော(၇၆၀)လုံး ၊ အောင်မြင့်နိုင်အမည်ပါမော်တော်(၁)စီးနှင့်တရားခံ(၂)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးသက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက် လျက်ရှိပါသည်။

၁၅-၅-၂၀၁၉ ရက်နေ့တွင်ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာရာအိမ်မှူးနှင့်အဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုးညှင်းမြို့နယ်၊ ဟိုပင်-ညောင်ပင်သွားကားလမ်းပေါ်မှ မော်တော်ယာဉ်(၁)စီးနှင့် တရားမဝင်ယင်းမာ/ စကားဝါ/လောက်ယားခွဲသား (၁၅၉)ချောင်း (၄.၂၅၆၀)တန်နှင့် တရားခံ(၅)ဦး အား ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးသက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါသည်။

နေပြည်တော်ကောင်စီနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ်၊ သစ်တောဦးစီးဌာနများမှ ပေးပို့လာ သော စာရင်းများအရ တရားမဝင် ကျွန်း (၁၂၂.၃၇၃၃)တန် ၊ သစ်မာ (၁၁၄.၉၅၆၂)တန် ၊ အခြား (၅၇၆.၁၂၈၉)တန်၊ စုစုပေါင်း(၈၁၃.၄၅၈၄)တန်၊ တရားခံ(၉၇)ဦး၊ ယာဉ်/ယန္တရား(၆၁)စီး ဖမ်းဆီး ရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနား မြို့နယ်၊ မြောက်ပိုင်းဘိနယ်၊ ရွှေစက်ရပ်ကွက်၊ နယ်မြေ(၁၃)၊ တရုတ်သင်္ချိုင်းနှင့် နှစ်ခြင်းခရစ်ယာန် သင်္ချိုင်းကြား၊ ရာဘာခြံအနီးမှ တရားမဝင် စုစုပေါင်း အခြားသစ် (၅၄)လုံး (၅၄.၀၃၀၀)တန် အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

တောက်တဲ့မျိုးစိတ်သစ် Cyrtodactylusnyinyikyawi သည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင်သာ တွေ့ရှိရသည့် မျိုးစိတ် ဖြစ်ပြီး California Academy of Sciences ၏ ၂၀၀၂ ခုနှစ်အတွင်း ရွှေစက်တော် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ဆောင်ရွက်ခဲ့သည့် တွားသွားသတ္တဝါမျိုးစိတ် လေ့လာစာရင်း ကောက်ယူခြင်းတွင် ရှှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပါသည်။ မျိုးရိုးဗီဇလေ့လာဆန်းစစ်ခြင်းနှင့် ပြင်ပ ရုပ်သွင်ခွဲခြားလေ့လာခြင်းတို့ ဆောင်ရွက်ခြင်းမှတစ်ဆင့် မျိုးစိတ်သစ်ဖြစ်ကြောင်းတွေ့ရှိခဲ့ရပြီး Magnolia press မှ ထုတ်ဝေသည့် ၂၀၁၉ ခုနှစ်၊ ဧပြီလထုတ် Zootaxa ဂျာနယ်တွင် တောက်တဲ့မျိုးစိတ်သစ်တွေ့ရှိမှုအဖြစ် ထည့်သွင်းဖော်ပြခဲ့ပါသည်။ ဒေါက်တာညီညီကျော်၊ ညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာန၏ ထိန်းသိမ်းရေးလုပ်ငန်းများအတွက် ကူညီ ပံ့ပိုးပေးခဲ့မှုများကို ဂုဏ်ပြုသောအားဖြင့် တောက်တဲ့မျိုးစိတ်သစ်အမည်ကို Cyrtodactylusnyinyikyawi ဟု အမည်ပေးထားကြောင်း ရေးသားတင်ပြအပ်ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၃-၅-၂၀၁၉)ရက်နေ့မှ (၁၉-၅-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၈၃.၅၀၁၀)တန်ဖမ်းဆီးရမိခဲ့ပါသည်။

Pages