၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန၊တောအုပ်များ စွမ်းဆောင်ရည် မြင့်မားရေးသင်တန်းဆရာဖြစ်သင်တန်းကို သစ်တောသုတေသနဌာန(ရေဆင်း) ၌ (၇.၁၂.၂၀၁၅) ရက်နေ့၊ နံနက် (၈:၀၀)နာရီတွင် ကျင်းပခဲ့ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါ သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ပုဂ္ဂလိက သစ်တောစိုက်ခင်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲနှင့် ပဲခူးရိုးမဖြတ်ကျော် လေ့လာ ရေးခရီးစဉ်သွားရောက်ခြင်း ဖွင့်ပွဲအခမ်းအနားကို (၄-၁၂-၂၀၁၅)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန် တွင် နေပြည်တော်၊ သစ်တောဦးစီးရုံးချုပ် အင်ကြင်းခန်းမ၌ ကျင်းပခဲ့ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးကျော်ကျော်လွင် တက်ရောက်၍အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အင်းလေးကန် ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်ခံရခြင်း အထိမ်းအမှတ် အခမ်းအနားနှင့် ဇီဝအဝန်းနယ်မြေစီမံအုပ်ချုပ်မှုဆိုင်ရာ ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားကို ၂၀၁၅ ခုနှစ် ၊ ဒီဇင်ဘာလ(၄) ရက်နေ့၊ နံနက်(၉:၀၀)နာရီတွင်ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ Aureum Palace Resort & Spa ဟိုတယ်၌ ကျင်းပပြုလုပ်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍အဖွင့်အမှာစကားပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ ၂၀၁၄ခုနှစ်၊ သန်းခေါင်စာရင်းစစ်တမ်းအရ မြို့ပြဒေသများတွင် အိမ်ထောင်စု ၅၀% ကျော်ခန့်၊ ကျေးလက်ဒေသများတွင် ၈၀% ခန့်သည် ထင်း၊ မီးသွေးကို အစားအစာချက်ပြုတ်ရာ၌ လောင်စာအဖြစ် အသုံးပြု လျက်ရှိကြောင်းသိရသည်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနသည် ဒေသခံပြည်သူများ ထင်းလောင်စာအခက်အခဲ ဖြည့်ဆည်းပံ့ပိုးနိုင်ရန်အတွက် ကျေးရွာသုံးထင်းစိုက်ခင်းများတည်ထောင်၍ နီးစပ်ရာ ကျေးရွာများအား ထင်းဝေငှမှုဆောင်ရွက်ခြင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ၊ ပုဂ္ဂလိကစိုက်ခင်းများ တည်ထောင်ရန် ခွင့်ပြု ဆောင်ရွက်ပေးခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများပူးပေါင်းပါဝင်မှုဖြင့် ကျေးရွာ တစ်ရွာလျှင် ဘက်စုံသုံးစိုက်ခင်း(၁)ဧက၊ တစ်အိမ်ထောင်သစ်မာ(၂၀)ပင်၊ တစ်အိမ်ထောင်လျှင် ကျွန်း(၃)ပင်စိုက်ပျိုးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့်အပြင် ထင်းအစားအခြားလောင်စာ တိုးမြှင့် သုံးစွဲရေးအတွက် စွမ်းအားမြှင့်မီးဖို ၊ လောင်စာတောင့်များဖြန့်ဝေခြင်း၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများ တိုးချဲ့သုံးစွဲစေရေးပညာပေးဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် International Finance Corporation (IFC) တို့ပူးပေါင်း၍ ရေအားလျှပ်စစ် ကဏ္ဍအတွက် ပတ်ဝန်းကျင်နှင့် လူမှုရေးစံချိန်စံညွှန်းများဆိုင်ရာ ကနဦးအလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နေပြည်တော်ရှိ Hilton Hotel ၌ ကျင်းပခဲ့ပါသည်။

ကုလသမဂ္ဂစီးပွားရေးနှင့်လူမှုရေးကော်မရှင် အာရှနှင့်ပစိဖိတ်ဒေသဆိုင်ရာအစီအစဉ်(UN ESCAP)၊ ကုလသမဂ္ဂဒေသဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးဗဟိုဌာန (United Nations Centre for Regional Development -UNCRD) ၊ နီပေါနိုင်ငံ အဆောက်အအုံနှင့်ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံ ပတ်ဝန်း ကျင်ဝန်ကြီးဌာနတို့ပူးပေါင်း၍ နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့တွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်သည့် အာရှနိုင်ငံများအတွင်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော ပတ်ဝန်းကျင် ရရှိရေးအတွက် ပို့ဆောင်ရေးကဏ္ဍဆိုင်ရာအစိုးရအချင်းချင်း နဝမအကြိမ်မြောက် ဒေသအဆင့်ဖိုရမ် (Intergovernmental Ninth Regional Environmentally Sustainable Transport (EST) Forum in Asia)သို့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ သက်သက်ဇင် ခေါင်းဆောင် သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံ သစ်တောကျောင်း၊ အခြေခံသစ်တောပညာသင်တန်း၊ အမှတ်စဉ်(၁၁၁)နှင့် မြန်မာနိုင်ငံမြေတိုင်း ကျောင်း၊ အရာရှိမြေတိုင်းသင်တန်း၊ အမှတ်စဉ်(၅၀)၊ အခြေခံမြေတိုင်းသင်တန်း၊ အမှတ်စဉ်(၇၄) သင်တန်းဆင်းပွဲစစ်ရေးပြအခမ်းအနားကို (၂၃.၁၁.၂၀၁၅)ရက် နံနက်(၀၇:၃၀)နာရီအချိန်တွင် ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံမြေတိုင်းကျောင်း၊ စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းတက်ရောက်၍ အမှာ စကားပြောကြားပါသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်းမိသားစုတို့၏ နဝမအကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်(၀၅:၃၀) နာရီတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ရုံးအမှတ် (၂၈) ကျွန်းရွှေဝါခမ်းမ၌ ကျင်းပပါသည်။

Pages