၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁.၈၈၆၆)တန်၊ သစ်မာ (၀.၁၄၃၆)တန်၊ အခြား (၁၂၂.၇၅၄၆)တန်၊ စုစုပေါင်း (၁၂၄.၇၈၄၈)တန်၊ ယာဉ်/ယန္တရား (၁)စီး၊ တရားခံ (၁၁) ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၀-၁၁-၂၀၂၅ ရက်နေ့တွင် တနင်္သာရီ တိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကံမော်(၁)ဘိနယ်၊ သံချောင်းကျေးရွာ အုပ်စု၊ ဝဲကျွန်းကျေးရွာအတွင်းမှ တရားမဝင် ကဒွတ်/ ဇင်းစွယ်/ ပင်လယ်ပြင်/ တောင်လန်းဖဲ ခွဲသား (၇၆၀)ချောင်း (၆၃.၄၅၀၈)တန်၊ တရားခံ (၄)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

(၂၄-၁၁-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြား​ရေးမှူးချုပ်ရုံးမှ ​တောအုပ်ကြီးမှဒုတိယညွှန်ကြား​ရေးမှူးထိ သစ်​တောဝန်ထမ်းများ တက်​ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး၊ ဦးစီးအရာရှိ (၂၀) ဦးစီက online စနစ်ဖြင့်တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ဒေါက်တာဝင်းမောင်အေး (ဒုတိယညွှန်ကြားရေးမှူး၊ ရေဝေရေလဲဒေသအုပ်ချုပ်ရေးဌာနခွဲ)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိန်ဝင်းထွန်းမှ လာအိုနိုင်ငံတွင် တက်ရောက်ခဲ့သည့် သဘာဝအခြေပြု ဆောင်ရွက်ချက်များအတွက် ငွေကြေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲလည်းကောင်း၊ ဦးစီးအရာရုှိ ဦးရဲလွင်ဦးမှ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတွင် တက်ရောက်ခဲ့သည့် Applied AI Tools for Smater, Secure and Ethical Practices သင်တန်းအား လည်းကောင်း၊ တောအုပ်ကြီး ဦးညီသုတမှ ဖင်လန်နိုင်ငံ၊ ဂျာမနီနို်င်ငံ၊ စပိန်နိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ဩစတြီးယားနိုင်ငံနှင့် ရိုမေနီးယားနိုင်ငံများတွင် တက်ရောက်ခဲ့သည့် သစ်တောပညာဆိုင်ရာ မဟာသိပ္ပံဘွဲ့သင်တန်းအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။

ပြင်ဦးလွင်မြို့၊ မြန်မာနိုင်ငံသစ်တောကျောင်း၊ (၂၀၂၄-၂၀၂၅)ပညာသင်နှစ်၊ အခြေခံ သစ်တောပညာသင်တန်း၊ အမှတ်စဉ်(၁၁၈)ကျောင်းဆင်းစစ်ရေးပြ အခမ်းအနားကို (၂၁.၁၁.၂၀၂၅) ရက်နေ့၊ (သောကြာနေ့)နံနက်ပိုင်းတွင် ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံမြေတိုင်းကျောင်း၊ အားကစား ကွင်း၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြင်ဦးလွင်တပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဝန်ကြီးဌာနမှ ဌာနအကြီးအမှူးများ၊ မြန်မာနိုင်ငံသစ်တော ကျောင်း ကျောင်းအုပ်ကြီး၊ ကျောင်းဆင်းသင်တန်းသားများနှင့် မိဘများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်သစ်တောဥပဒေပုဒ်မ(၆)၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၂,၄၀၃)ဧကရှိသောနယ်မြေကို “ကဖွား ဒီရေတောကြိုးပြင် ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၉၈/၂၀၂၅)အရ ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်း လဆုတ်(၂) ရက် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဒီရေတောပင်များသည် ကပ္ပလီပင်လယ်ပြင်မှ ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကို တံတိုင်းသဖွယ် တားဆီးကာကွယ်ပေးနိုင်ရန်နှင့် ဂေဟစနစ်တည် ငြိမ်မှုရှိစေရန်၊ ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ပုစွန် စသည့် ရေသယံဇာတများ အစဉ်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်နှင့် အခြေခံလိုအပ်ချက်ဖြစ်သော သစ်၊ ထင်း၊ တိုင်၊ မျော စသည့် သစ်တော ထွက်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည့်တံ့ထိန်းသိမ်းနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်လေထုမှ ကာဗွန်များစွာသိုလှောင်ထိန်းညှိပေးနိုင်ရန်၊ လူသားတို့၏ စနစ်မကျ သော မြေအသုံးချမှုများအား သစ်တောဥပဒေနှင့်အညီထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန်၊ နိုင်ငံတော်၏ ရည်မှန်းချက်တစ်ရပ်ဖြစ်သည့် သစ်တောဖုံးလွှမ်းမှုဧရိယာတိုးပွားလာစေရန် ရည်ရွယ်၍ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများကို ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။ကဖွားဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းအားဖြင့် အဆိုပါဧရိယာအတွင်း ပေါက်ရောက်လျက်ရှိသော ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ ငှက်(ခ)နှံဗြူး၊ ကနစို၊ လန်းဘဲ၊ ကျန၊ ပင်လယ်အုန်း၊ ကဗျိုင်၊ ဘူးဇရပ်၊ လမု၊ သမဲ့၊ မဓမပင်၊ ခရာ၊ ဇလိပ်နွယ်နှင့် တမော်စသည့် ဒီရေတော ပင်များပေါက်ရောက်မှုအား ရေရှည်တည်တံ့စေရန် ကာကွယ်နိုင်ခြင်း၊ ရေငန်ငါးအမျိုး မျိုး၊ ခရုမျိုးစုံ၊ ကဏန်းမျိုးစုံ၊ ပုစွန်မျိုးစုံ၊ ဗျိုင်း၊ ဗျိုင်းအောက်၊ ကြက်တူရွေး၊ သိန်းငှက်၊ ပန်းဇင်ငှက်၊ ငှက်စလုံ (ဒင်ကျီးငှက်)နှင့် ငှက်တုံးငှက်မျိုးများ ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်ခြင်း၊ ဒေသခံ များအတွက် ဆူနာမီမုန်တိုင်း အစရှိသော သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း၊ ကမ်းရိုး တန်းဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုစေခြင်း၊ သား၊ ငါး၊ ပုစွန်များ ခိုအောင်းပေါက်ပွားရှင် သန်နိုင်သဖြင့် ဂေဟစနစ်ပိုမိုကောင်းမွန်လာနိုင်ပြီး ဒေသခံများအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေ တိုးပွားလာစေခြင်း၊ ဒေသခံများအတွက် အခြေခံလိုအပ်သည့် သစ်၊ တိုင်၊ မျော၊ ထင်းလောင်စာ များအတွက်လည်း အထောက်အကူပြုစေနိုင်ခြင်းတို့ကြောင့် ကဖွားဒီရေတော ကြိုးပြင်ကာကွယ် တောအဖြစ် သတ်မှတ်ကြေငြာခြင်းဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် သစ်တောဥပဒေပုဒ်မ(၆) ၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၂,၅၆၀)ဧကရှိသောနယ်မြေကို “မစမ်းပါးကျွန်း ဒီရေတောကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၉၇/၂၀၂၅) အရ ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၂) ရက် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ဒီရေတောဂေဟစနစ် ရေရှည်တည်တံ့စေရန်၊ ဒီရေတောပင်များသည် ကပ္ပလီပင်လယ်ပြင်မှ ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးအန္တရာယ်များကို တံတိုင်းသဖွယ် တားဆီးကာကွယ်ပေးနိုင်ရန်နှင့် ဂေဟစနစ်တည် ငြိမ်မှုရှိစေရန် ၊ ဒေသခံပြည်သူများအတွက် သား၊ ငါး၊ ပုစွန် စသည့် ရေသယံဇာတများ အစဉ်မပြတ် ထုတ်ယူသုံးစွဲနိုင်ရန်နှင့် အခြေခံလိုအပ်ချက်ဖြစ်သော သစ်၊ ထင်း၊ တိုင်၊ မျောစသည့် သစ်တော ထွက်ပစ္စည်းများ ဖြည့်ဆည်းပေးနိုင်ရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည့်တံ့ထိန်းသိမ်းနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင်လေထုမှ ကာဗွန်များစွာသိုလှောင်ထိန်းညှိပေးနိုင်ရန်၊ လူသားတို့၏ စနစ်မကျသော မြေအသုံးချမှုများအား သစ်တောဥပဒေနှင့်အညီထိရောက်စွာ ကာကွယ်တားဆီးနိုင်ရန်၊ နိုင်ငံတော်၏ ရည်မှန်းချက်တစ်ရပ်ဖြစ်သည့် သစ်တောဖုံးလွှမ်းမှုဧရိယာတိုးပွားလာစေရန် ရည်ရွယ် ၍ ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများကို ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။ မစမ်းပါးကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော သတ်မှတ်ခြင်းအားဖြင့် အဆိုပါဧရိယာ အတွင်း ပေါက်ရောက်လျက်ရှိသော ဗြူးခြေထောက်၊ ဗြူးအုပ်ဆောင်း၊ ငှက်(ခ)နှံဗြူး၊ ကနစို၊ လန်းဘဲ၊ ကျန၊ ပင်လယ်အုန်း၊ ကဗျိုင်၊ ဘူးဇရပ်၊ လမု၊ သမဲ့၊ မဓမပင်၊ ခရာ၊ ဇလိပ်နွယ်နှင့် တမော်စသည့် ဒီရေတောပင်များပေါက်ရောက်မှုအား ရေရှည်တည်တံ့စေရန် ကာကွယ်နိုင်ခြင်း၊ ရေငန်ငါးအမျိုးမျိုး၊ ခရုမျိုးစုံ၊ ကဏန်းမျိုးစုံ၊ ပုစွန်မျိုးစုံ၊ ဗျိုင်း၊ ဗျိုင်းအောက်၊ ကြက်တူရွေး၊ သိန်းငှက်၊ ပန်းဇင်ငှက်၊ ငှက်စလုံ (ဒင်ကျီးငှက်)နှင့် ငှက်တုံးငှက်မျိုးများ ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်ခြင်း၊ ဒေသခံများအတွက် ဆူနာမီမုန်တိုင်းအစရှိသော သဘာဝဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်ခြင်း၊ ကမ်းရိုးတန်း ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြုစေခြင်း၊ သား၊ ငါး၊ ပုစွန်များ ခိုအောင်းပေါက်ပွား ရှင်သန်နိုင်သဖြင့် ဂေဟစနစ်ပိုမိုကောင်းမွန်လာနိုင်ပြီး ဒေသခံများ အတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေတိုးပွား လာစေခြင်း၊ ဒေသခံများအတွက် အခြေခံလိုအပ်သည့် သစ်၊ တိုင်၊ မျော၊ထင်း၊ လောင်စာများအတွက်လည်း အထောက်အကူပြုစေနိုင်ခြင်စသည့် အကျိုး ကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈-ခုနှစ်တွင် ပြဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ(၆)၊ ပုဒ်မခွဲ (င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၃၈၉၂)ဧက ရှိသောနယ်မြေ ကို ဝါရှောင် (တိုးချဲ့)ကြိုးပြင်ကာကွယ်တောအဖြစ် အမိန့်ကြော်ငြာစာအမှတ် (၉၆/၂၀၂၅) အရ ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၂) ရက် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်)မှစ၍ သတ်မှတ် ကြောင်း ကြေညာလိုက်သည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် တောင်တန်းဂေဟ စနစ် ရေရှည်တည်တံ့စေရန်နှင့် စီမံအုပ်ချုပ်မှုပိုမိုကောင်းမွန်လာစေရန်၊ ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝလာစေရန်၊ ရေအရင်းအမြစ်ဒေသများ ထိန်းသိမ်းကာကွယ်ရန်နှင့် ဒေသခံပြည်သူများ အတွက် သစ်၊ တိုင်၊ မျော၊ ထင်းများအား စဉ်ဆက်မပြတ် ထုတ်ယူသုံးစွဲနိုင်စေရန် ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောများ ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။ ဝါရှောင်(တိုးချဲ့)ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် တောင်ပေါ်အမြဲစိမ်းတော သစ် မျိုးများဖြစ်သည့် စကားဝါ၊ ခလောင်၊ ချယ်ရီ၊ ငါးပေါက်၊ ဆေးခါး၊ ယမနေ၊ တောင်တမာ၊ ယင်းမာ၊ ကညင်၊ မအူစသည့် ဒေသသစ်မျိုးများနှင့် ကရဝေး၊ ဆင်းတုံးမနွယ်၊ တောရှောက်၊ ကျားမှုတ်ဆိတ်၊ ကျားလက်ဝါး၊ ကျောက်ဂျင်းစသည့် ဆေးဘက်ဝင်အပင်များအား ထိန်းသိမ်းပြုစုနိုင်မည်ဖြစ်ခြင်း၊ မျောက်လွှဲကျော်၊ ဂျီ၊ ဆတ်၊ ဒရယ်နှင့် ကြက်တူရွေး၊ စွန်၊ သိန်းငှက်၊ အောင်လောင်စသော ကျေး ငှက်မျိုးစုံများ၊ စပါးကြီး၊ စပါးအုန်း၊ သင်းခွေချပ်စသည့် ရှားပါးတောရိုင်းတိရစ္ဆာန်များ၏ နေထိုင် ကျက်စားရာဒေသများကို ထိန်းသိမ်းကာကွယ်နိုင်မည်ဖြစ်ခြင်း၊ ဒေသအခေါ်အင်ချွန်းတောင် ဧရိယာရှိ သဘာဝသစ်တောသစ်ပင်နှင့် ရေထွက်များ ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ရေအရင်းအမြစ် ထိန်းသိမ်းမည့် ရေထိန်းတော ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောများ တည်ထောင်နိုင်မည်ဖြစ် ခြင်း၊ သစ်တောဖုံးလွှမ်းမှုတိုးတက်လာပြီး ရာသီဥတုမျှတကောင်းမွန်လာနိုင်ခြင်းစသည့် အကျိုး ကျေးဇူးများရရှိနိုင် မည်ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် သစ်တောဥပဒေပုဒ်မ(၆)၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၅,၉၆၃)ဧကရှိသော နယ်မြေကို “ကျောက်ဆည်ကန်ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၉၅/၂၀၂၅)အရ ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၂)ရက်(၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်)မှစ၍ သတ်မှတ်ကြောင်းကြေညာလိုက်သည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အပူပိုင်းဒေသ၏ သဘာဝတောကျန်များအား ထိန်းသိမ်းခြင်းကြောင့် ပတ်ဝန်းကျင်ဒေသအား အပူချိန်လျော့နည်း ကျဆင်းပြီး ပူပြင်းခြောက်သွေ့မှုကာကွယ်ရန်၊ ရာသီဥတုသာယာမျှတစေပြီး စိမ်းလန်းစိုပြည်သာ ယာလှပစေရန်၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရန်၊ မြေဆီလွှာ တိုက်စားမှုများတားဆီးကာကွယ်ရန်နှင့် အပူပိုင်းသစ်တောများထိန်းသိမ်းရန် ရည်ရွယ်၍ ကြိုးဝိုင်း/ ကြိုးပြင်ကာကွယ်တောများအဖြစ် ဖွဲ့စည်းသတ်မှတ်ခြင်းဖြစ်ပါသည်။ကျောက်ဆည်ကန်ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အဆိုပါဧရိယာအတွင်း ပေါက် ရောက်လျက်ရှိသော ဒေသမျိုးရင်းသစ်မျိုးများဖြစ်သည့် ကညင်၊ သစ်ယား၊ သတီ၊ ဒီဒူး၊ အင်၊ အင်ကြင်း၊ သစ်ယာ၊ ပျဉ်းကတိုး၊ တမလန်း၊ ကြက်ရိုး၊ လယ်ဇ၊ လင်းရော၊ နဘဲ၊ ဖျောက်ဆိပ်၊ ဒဟတ်၊ ထောက်ကြံ့၊ တောင်တမာ၊ တောင်သရက်၊ သစ်စေး၊ ယမနေ၊ ယင်းမာစသည့် သစ်မျိုး များအား ထိန်းသိမ်းနိုင်မည်ဖြစ်ခြင်း၊ ဂျီ၊ မျောက်၊ တောဝက်၊ ဘုတ်ငှက်၊ သစ်တောက်ငှက်၊ ရစ်ငှက်၊ အောင်လောင်ငှက်စသည့်တိရစ္ဆာန်များ၏ နေထိုင်ကျက်စားရာဒေသအား ထိန်းသိမ်းနိုင်မည်ဖြစ် ခြင်း၊ သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ရေး အထောက်အကူပြုလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ် ခြင်း၊ မြေဆီလွှာထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နိုင်မည်ဖြစ်ခြင်း၊ မြေအောက်ရေထိန်းသိမ်း နိုင်ခြင်းနှင့် သစ်တောဖုံးလွှမ်းမှုတိုးလာပြီး ရာသီဥတုပိုမိုကောင်းမွန်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင်ပြဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ(၆)၊ ပုဒ်မခွဲ(င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံးလျက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း(၆,၇၀၆)ဧက ရှိသောနယ်မြေကို မိုးစစ် (တိုးချဲ့)ကြိုးပြင်ကာကွယ်တောအဖြစ် အမိန့်ကြော်ငြာစာအမှတ် (၉၄ /၂၀၂၅)အရ ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ် (၂) ရက် (၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်)မှစ၍ သတ်မှတ်ကြောင်းကြေညာလိုက်သည်။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သဘာဝသစ်တောများ ရေရှည်တည်တံ့စေရန်နှင့် သစ်နှင့်သစ်တော ထွက်ပစ္စည်းများ စဉ်ဆက်မပြတ်စနစ်တကျ ထုတ်ယူသုံးစွဲနိုင်စေရန် ဇီဝမျိုးစုံမျိုးကွဲများပေါကြွယ်ဝပြီး သစ်တောဖုံးလွှမ်းမှုတိုးတက် ကောင်းမွန်စေရန် ရည်ရွယ်၍ ကြိုးပြင်ကာကွယ်တောများဖွဲ့စည်းသတ်မှတ်ခြင်း ဖြစ်ပါသည်။မိုးစစ်(တိုးချဲ့)ကြိုးပြင်ကာကွယ်တောသတ်မှတ်ခြင်းဖြင့် အထက်ရွက်ပြတ်ရောနှောတောစို သစ်မျိုးများဖြစ်သည့် ကျွန်း၊ အင်ကြင်း၊ ထောက်ကြံ့၊ ဖန်ခါး၊ သစ်ဖြူ၊ လက်ပံ၊ တောင်တမာ၊ တောသရက်၊ ကညင်၊ မအူ၊ သပြေ၊ တင်းဝါး၊ ဝါးဖြူ၊ ဝါးပိုး၊ သိုက်ဝါး၊ တောင်ကြိမ်၊ ကြိမ်နီစသည့် ဒေသမျိုးရင်းများအား ထိန်းသိမ်းနိုင်မည့်အပြင် ဂျီ၊ ဆတ်၊ ပြောင်၊ စိုင်၊ မျောက်၊ တောကြောင်၊ တောကြက်နှင့် ကျေးငှက်မျိုးစုံစသည့် တောရိုင်းတိရစ္ဆာန်များ၏ နေထိုင်ကျက်စားရာဒေသများအား ထိန်းသိမ်းကာကွယ်နိုင်မည်ဖြစ်ခြင်း၊ ဒေသအခေါ် ခနွဲ့ချောင်းရေဝေရေလဲဧရိယာအား ထိန်းသိမ်းကာကွယ်နိုင်ခြင်း၊ ဒေသခံပြည်သူများ၏ အခြေခံလိုအပ်ချက်ဖြစ်သော သစ်၊ ထင်း၊ ဝါး၊ ကြိမ် နှင့် အခြားသစ်တောထွက်ပစ္စည်းများအား ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ခြင်း၊ သစ်တောဖုံးလွှမ်းမှုတိုး တက်လာပြီး ရာသီဥတုမျှတကောင်းမွန်လာနိုင်ခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်မည်ဖြစ်ပါသည်။

Pages