၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၁၇-၁၁-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှဒုတိယညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်းများ တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး/ ဦးစီးအရာရှိ/ လက်ထောက်ညွှန်ကြားရေးမှူး (၁၉) ဦးစီက online စနစ်ဖြင့်တက်ရောက်ခဲ့သည်။
အစီအစဉ်အရ ဒေါက်တာ သိန်းဆောင် (လက်ထောက်ညွှန်ကြားရေးမှူး၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲ)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူခိုင်မှ က‌မ္ဘောဒီးယားနိုင်ငံတွင် တက်ရောက်ခဲ့သည့် သစ်မဟုတ်သည့် သစ်တောထွက် ပစ္စည်းများအတွက် ရေရှည်တည်တံ့စေသည့် သယံဇာတအရင်းအမြစ် စီမံအုပ်ချုပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်ခဲ့ခြင်းအား ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ ဖိတ် ကြား၍ ကာလတိုပုံမှန်သင်တန်း၊ မျိုးဆက်သစ် လူငယ်များအား သစ်တောနှင့် ပတ်ဝန်းကျင် ထိန်း သိမ်းရေးဆိုင်ရာ အသိပညာမျှဝေသည့် အစီအစဉ်များ၊ သင်တန်းကျောင်းဝန်ထမ်းများ၏ စွမ်း ဆောင်ရည်မြှင့်တင်သည့် သင်တန်းအစီအစဉ်များကိုလည်း နှစ်စဉ်ဆောင်ရွက် ကျင်းပလျက် ရှိသည့် အပြင် ဒေသခံ ပြည်သူများအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအစီအစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။၂၀၂၅ ခုနှစ်၊ သင်တန်းအစီအစဉ်များအရ ဒေသခံ ပြည်သူများအတွက် စီစဉ်ဖွင့်လှစ်သည့် ‘ဈေးကွက်ဝင်စားသုံးမှိုစိုက်ပျိုးထုတ်လုပ်ခြင်းသင်တန်း’ ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ (၅)ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး၊ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက် ၀၉:၃၀ နာရီ၌ AFoCO RETC သင်တန်းကျောင်း၊ မှော်ဘီမြို့၌ ကျင်းပခဲ့ရာ သစ်တောဦးစီးဌာန၊ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာနမှ အရာ ထမ်းများ၊ AFoCO RETC သင်တန်းကျောင်းမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် သင်တန်းကျောင်း မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မှော်ဘီမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းဆရာ/ဆရာမများ၊ သင်တန်းသား/သူများ စုစုပေါင်း (၃၅)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၊မိုင်းဖြတ်မြို့နယ်၊သစ်တောဦးစီးဌာနမှကြီးမှူး၍(၁၆.၁၁.၂၀၂၅)ရက်နေ့(၁၂:၃၀)နာရီအချိန်မိုင်းဖြတ်မြို့နယ်၊ဆိုက်ခေါင်ကျေးရွာ၊‌ေကျးရွာခန်းမဆောင်တွင်သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာမိုင်းဖြတ်မြို့နယ်၊မြို့နယ်သစ်‌ေတာဦးစီးဌာနမှူးဦးမြင့်ဌေးမှတောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာသိကောင်းစရာများကိုလည်းကောင်း၊ဘိနယ်တာဝန်ခံဦးဝင်းအောင်၊တောအုပ်မှသစ်တောထိန်းသိမ်းရေးသိကောင်းစရာများကိုလည်း‌ေကာင်းဟောပြောပို့ချခဲ့ပြီးတက်ရောက်လာသူများကသိလိုသည်များကိုမေးမြန်းခဲ့ရာမြို့နယ်သစ််‌ေတာဦးစီးဌာနမှူးမှပြန်လည်ဖြေကြားခဲ့ပါသည်။ကျေးရွာဘုရားကျောင်းအတွက်အလှူငွေများပေးအပ်ခဲ့ပြီးဟောပြောပွဲအား(၁၄:၀၀)နာရီအချိန်တွင်ပြီးစီးခဲ့ပါသည်။ဟောပြောပွဲတွင်ကျေးရွာသူ(၅၀)ဦး၊ကျေးရွာသား(၄၂)ဦး၊စုစုပေါင်း(၉၂)ဦးတက်ရောက်ခဲ့ပါကြောင်းသတင်းရရှိသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊တာချီလိတ်မြို့နယ်၊ သစ်တောဦးစီးဌာနမှကြီးမှူး၍ (၁၆-၁၁-၂၀၂၅)ရက်နေ့ (၁၀:၀၀)နာရီအချိန် တာချီလိတ်မြို့နယ်၊ နာအွန်ကျေးရွာခန်းမတွင် "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " ကျင်းပပြုလုပ်ခဲ့ရာ တာချီလိတ်မြို့နယ်၊ ဦးစီးအရာရှိ ဦးရန်လင်းမောင်မောင်ဦးက သစ်တောထိန်းသိမ်းရေး သိကောင်းစရာများကိုလည်းကောင်း၊ တောအုပ်ကြီး ဦးဇင်မင်းခန့်မှ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်းဟောပြောပို့ချခဲ့ပြီး တက်ရောက်လာသူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ တာချီလိတ်မြို့နယ်ဦးစီးအရာရှိမှ ပြန်လည်ဖြေကြားခဲ့ပြီး ဟောပြောပွဲကို(၁၁:၀၀) နာရီချိန်တွင် ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲတွင်ကျေးရွာသူ(၈၀)ဦး၊ ကျေးရွာသား (၇၁)ဦး၊ စုစုပေါင်း (၁၅၁) ဦးတက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

တောင်ငူခရိုင်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ ခရိုင်အဆင့် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို (၁၅-၁၁-၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၃၀)နာရီ၌ တောင်ငူမြို့နယ် သစ်တောဦးစီးဌာန၊ ကံရိုးပျိုးဥယျာဥ်တွင် ကျင်းပဆောင်ရွက်ခဲ့ရာ တောင်ငူမြို့နယ်၊ ကံရိုးကျေးရွာမှ ဒေသခံပြည်သူ ကျား (၅၅)ဦး၊ မ(၃၃)ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ (၁၀)ဦး၊ စုစုပေါင်း (၉၈)ဦးတက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် တောင်ငူ ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးမြင့်ဝင်းသူမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်း. နှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

(၁၃-၁၁-၂၀၂၅)ရက်​​နေ့ (၁၀၃၀)နာရီအချိန်တွင် "သစ်​တောထိန်းသိမ်း​ရေး၊ ​တောမီးကာကွယ်​​ရေးနှင့် မီးခိုမြူ​ငွေ့​လျှောချ​ရေး အသိပညာ​ပေး​ဟော​ပြောပွဲ(ခရိုင်အဆင့်)" အား မူဆယ်မြို့၊ အ.ထ.က(၂) တွင်​ဆောင်ရွက်ရာ ဦးမိုးဟိန်း(လက်​ထောက်ညွှန်ကြား​ရေးမှူး)၊ ခရိုင်သစ်​တောဦးစီးဌာနမှူးရုံး၊ မူဆယ်ခရိုင်မှ သစ်​တောထိန်းသိမ်း​ရေးဆိုင်ရာနှင့် မီးခိုးမြူ​ငွေ​လျှော့ချ​ရေးလုပ်ငန်းများကိုလည်း​ကောင်း၊ ဦးဆန်းဦး(လက်​​ထောက်ညွှန်ကြား​ရေးမှူး)၊ ခရိုင်စိုက်ပျိုး​ရေးဦးစီဌာနမှ အီးအမ်ဘိုကာချီပြုလုပ်သုံးစွဲခြင်းအ​ကြောင်းအရာအားလည်း​ကောင်း၊ ဦးမိုး​အောင်(လက်​ထောက်ညွှန်ကြား​ရေးမှူး)၊ ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနမှ ​ကျေးလက်​ဒေသစိမ့်စမ်း​ရေသွယ်ခြင်းနှင့် သဘာဝ​ရေးထွက်​တောများထိန်းသိမ်းခြင်းအ​ကြောင်းအရာအားလည်း​ကောင်း၊ ဦးလွမ်းမိုး​အောင်(ဦးစီးအရာရှိ)၊ ခရိုင်မီးသတ်ဦးစီးဌာနမှ ​တောမီးကာကွယ်ခြင်းအ​ကြောင်းအရာအားလည်း​ကောင်း ​ဟော​ပြော​ဆောင်ရွက်ခဲ့ပြီး ​၁၁၅၀ နာရီအချိန်တွင်ပြီးစီးပါသည်။ ဟော​ပြောပွဲသို့ ​ကျောင်းသား ၇၂ ဥိး ၊ ​ကျောင်းသူ ၆၄ ဦး၊ ဌာနဆိုင်ရာဝန်ထမ်းများ/​ကျောင်ဆရာ/ဆရာမများ ကျား၂၀ ဦး၊ မ ၁၀ ဦး၊ စုစု​ပေါင်း ကျား ၉၂ ဦး၊ မ ၇၄၊ ကျား/မ​ပေါင်း ၁၆၆ ဦး တက်​ရောက်ပါသည်။ သတင်းပါရှိ​ရေး ခရိုင်ပြန်/ဆက်ဖြင့်ဆက်သွယ်​​ဆောင်ရွက်ထားရှိပါ​ကြောင်းသတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ သစ်တောဦးစီးဌာနမှ (၁၃.၁၁.၂၀၂၅) ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်၌ ထားဝယ်မြို့၊ သူနာပြုသင်တန်းကျောင်း၊ စုဝေးခန်းမတွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား ခရိုင်အဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါ ဟောပြောပွဲတွင် ထားဝယ်ခရိုင်၊သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးလွင်ကိုဦး မှ တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အမျိုး အစားများ၊မီးခိုးမြူငွေ့၏ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊တောမီးအန္တရာယ်နှင့်ကြိုတင်ကာကွယ် နိုင်ရေးနည်းလမ်းများ၊ Fire Hotspot များ နှင့် သစ်တောများထိန်းသိမ်းခြင်းဖြင့် သဘာဝဘေး အန္တရာယ်များ လျှော့ချနိုင်မှုနှင့် ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများအား ဟောပြောခဲ့ပြီး ထားဝယ်မြို့နယ်၊ ဦးစီးအရာရှိ ဦးရဲဝင်းအောင်မှ သစ်တောအမျိုးအစားများ၊သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ၊ရာသီဥတုပြောင်းလဲခြင်းနှင့် သစ်တောများ၏ အခန်းကဏ္ဍ၊ သစ်ပင်စိုက်ပျိုး၊ ပြုစုခြင်း နည်းစနစ်များအား ဟောပြောခဲ့ပါကြောင်းနှင့် သူနာ​ပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် အုပ်ချုပ်သူဆရာမ (၅)ဦး၊ သင်တန်းသား/သင်တန်းသူ(၁၅၄) ဦး၊ သစ်တောဝန်ထမ်း(၆)ဦး၊ တက်ရောက်သူ ကျား (၂၂)ဦး၊ မ (၁၄၃)ဦးဖြင့် စုစုပေါင်း (၁၆၅)ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည်များအားပြန်လည်ဖြေကြားခြင်း ၊ဟောပြောပွဲတွင်တက်ရောက်လာသူများအားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ သစ်တောဦးစီးဌာနမှ (၁၃.၁၁.၂၀၂၅) ရက်နေ့၊ နေ့လည် (၁၃:၀၀)နာရီအချိန်၌ ထားဝယ်မြို့၊ သူနာပြုသင်တန်းကျောင်း၊ စုဝေးခန်းမတွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအား ခရိုင်အဆင့် ကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါ ဟောပြောပွဲတွင် ထားဝယ်ခရိုင်၊သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးလွင်ကိုဦး မှ တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့ဖြစ်ပေါ်လာသည့် အကြောင်းအရင်းများ၊ မီးခိုးမြူငွေ့အမျိုး အစားများ၊မီးခိုးမြူငွေ့၏ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊တောမီးအန္တရာယ်နှင့်ကြိုတင်ကာကွယ် နိုင်ရေးနည်းလမ်းများ၊ Fire Hotspot များ နှင့် သစ်တောများထိန်းသိမ်းခြင်းဖြင့် သဘာဝဘေး အန္တရာယ်များ လျှော့ချနိုင်မှုနှင့် ကြိုတင်ကာကွယ်ခြင်းနည်းလမ်းများအား ဟောပြောခဲ့ပြီး ထားဝယ်မြို့နယ်၊ ဦးစီးအရာရှိ ဦးရဲဝင်းအောင်မှ သစ်တောအမျိုးအစားများ၊သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ၊ရာသီဥတုပြောင်းလဲခြင်းနှင့် သစ်တောများ၏ အခန်းကဏ္ဍ၊ သစ်ပင်စိုက်ပျိုး၊ ပြုစုခြင်း နည်းစနစ်များအား ဟောပြောခဲ့ပါကြောင်းနှင့် သူနာ​ပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် အုပ်ချုပ်သူဆရာမ (၅)ဦး၊ သင်တန်းသား/သင်တန်းသူ(၁၅၄) ဦး၊ သစ်တောဝန်ထမ်း(၆)ဦး၊ တက်ရောက်သူ ကျား (၂၂)ဦး၊ မ (၁၄၃)ဦးဖြင့် စုစုပေါင်း (၁၆၅)ဦး တက်ရောက်ခဲ့ပြီး သိရှိလိုသည်များအားပြန်လည်ဖြေကြားခြင်း ၊ဟောပြောပွဲတွင်တက်ရောက်လာသူများအားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

Pages