၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၂.၇.၂၀၂၆)ရက်နေ့၊(၁၃:ဝ၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ် (၃) ရပ်ကွက်၊ မြချမ်းသာဘုရားဓမ္မာရုံတွင် သာပေါင်းမြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဝင်းဇော်မှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး၊ ရေချွေတာသုံးစွဲရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကိုကျင်းပဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင် ဒေသခံကျား(၄၀)ဦး၊ မ(၅၀)ဦး၊ သစ်တောဝန်ထမ်း(၃)ဦး၊ စုစုပေါင်း(၉၃)ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲတွင် ဦးစီးအရာရှိ ဦးသိန်းဝင်းဇော်က မိုးရာသီကာလ သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းနည်းစနစ်များ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် သစ်တောသယံဇာတများ ထိန်းသိမ်းရေး၊ ရေသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ရေချွေတာသုံးစွဲရေး၊ သာပေါင်းမြို့နယ်မှ ဆောင်ရွက်လျှက်ရှိသည့် သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကိုအသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊အုပ်ချုပ်မှုတွင်ပါရှိသည့် ခရမ်းမြို့နယ်၊ ကရင်ကန်းကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် (၃.၇.၂၀၂၆)ရက်နေ့ (၀၉:၃၀)နာရီအချိန်တွင် “မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာ ခရမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှနယ်မြေတာဝန်ခံတောအုပ်ကြီးပါ သစ်တောဝန်ထမ်း(၂)ဦး၊ ကရင်ကန်ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူ/သားကျား(၃၃)ဦး၊ မ(၁၉)ဦး စုစုပေါင်း(၅၄)ဦးတို့ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန၊ ခရမ်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ နယ်မြေတာဝန်ခံ တောအုပ်ကြီးမှ မိုးရာသီမြေဆီစိုခိုက်တွင် သစ်ပင်များစိုက်ပျိုးရန်လိုအပ်ကြောင်း၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေပြီး ရာသီဥတုကိုမျှတစေကြောင်း ၊ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံစေရန်အတွက် ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေမှသာ ကမ္ဘာကြီးပူနွေးမှုကို တဘက်တလမ်းမှထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်းနှင့် သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအား ဟောပြောခဲ့ပြီး တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများအားလက်ကမ်းစာစောင်များ ဖြန့်ဝေ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှူးရုံးမှကြီးမှူး၍(၃-၇-၂၀၂၆)ရက်နေ့ (၀၉:၀၀)နာရီအချိန် တောင်တွင်းကြီးမြို့နယ်၊ ညောင်ပင်လှကျေးရွာ၊ အခြေခံပညာမူလတန်း(မူလွန်)ကျောင်းတွင်"မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲ နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး"ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာတောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ ဦးထွန်းထွန်းဝင်း(တောအုပ်ကြီး)မှ သစ်တောသစ်ပင်များမှ ရရှိနိုင်သည့် အကျိုးကျေးဇူးများ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာသိကောင်းစရာများ၊ ၂၀၂၆ -ခုနှစ်(မိုးရာသီကာလ)တွင် သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ ဘက်စုံသုံးတစ်ရွာ(၂)ဧကစိုက်ပျိုး​ခြင်း၊ လမ်း​ဘေးဝဲ/ယာအရိပ်ရပင် စိုက်ပျိုးခြင်းနှင့် စာသင်ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်​ ကျောင်းသား၊ကျောင်းသူများမှ ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန်​ဟောပြောဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသောကျောင်းသား၊ကျောင်းသူများ သိလိုသည်များကို မေးမြန်းခဲ့ရာတာဝန်ရှိသူမှ ရှင်းလင်းဖြေကြားခဲ့ပါသည်။ ဟောပြောပွဲသို့ တောင်တွင်းကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှူးရုံးမှဝန်ထမ်း (၃)ဦး၊ အခြေခံပညာမူလတန်း(မူလွန်)​ကျောင်းမှ ဆရာ(၁)ဦး၊ ဆရာမ(၅)ဦး၊ ကျောင်းသား(၅၄) ဦး၊ကျောင်းသူ (၅၀) ဦး၊ စုစုပေါင်း(၁၁၂)ဦးတက််ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ"မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"အခမ်းအနားကို(၂.၇.၂၀၂၆)ရက်နေ့ ၊နေ့လည်(၁၃:၀၀)နာရီအချိန်တွင် အုတ်တွင်းမြို့နယ်၊ ပေါက်တောကျေးရွာအုပ်စု၊ အောင်နန်းတောင်ကျေးရွာ၊ တပ်နယ်(အ.ထ.က-ခွဲ)ကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းအုပ်ကြီးပါ ကျောင်းဆရာ/ဆရာမ(၈)ဦး၊ ကျောင်းသား(၂၁)ဦး၊ ကျောင်းသူ(၂၉)ဦးနှင့် သစ်တောဦးစီးဌာနမှ သစ်တောဝန်ထမ်း(၇)ဦး၊ စုစုပေါင်း(၆၅)ဦးတို့တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တောအုပ်ကြီး ဦးမင်းဟိဏ်းခန့်မှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေးစသည့် အကြောင်းအရာများတို့ကို တက်ရောက်လာသူများထံသို့အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

(၂.၇.၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:၃၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့၊ အ.ထ.က(၂)၊ဂါဒီယန် စိန်ဝင်းခန်းမဆောင်တွင် ရေကြည်မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးပိုင်မင်းဝေမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း(၄)ဦး၊ ဆရာ၊ဆရာမ(၃)ဦး၊ ကျောင်းသား(၅၂)ဦး၊ ကျောင်းသူ(၈၀)ဦး၊ စုစုပေါင်း(၁၃၉)ဦးတက်ရောက်ခဲ့ပါသည်။(ကျား-၅၆ ဦး၊ မ- ၈၃ ဦး)အဆိုပါ အခမ်းအနားတွင် တောအုပ်ကြီး ဦးပိုင်မင်းဝေမှ မြန်မာနိုင်ငံ၏ ဇီဝမျိုးစုံမျိုးကွဲ ကြွယ်ဝမှုအခြေအနေ၊ သဘာဝထိန်းသိမ်းရေးနယ်မြေများဖွဲ့စည်းတည်ထောင်ထားမှုအခြေအနေ၊ သစ်တော ဖုံးလွှမ်းမှု အခြေအနေ၊ သစ်တောပြုန်းတီးမှုကို ဖြစ်ပေါ်စေသည့်အကြောင်း အရင်းများ၊ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ အကြောင်းအရာများ၊ သစ်တောမြေပြင်ပ သစ်ပင်များ၏ အကျိုးကျေးဇူးများ၊ ပတ်ဝန်ကျင်ဆိုင်ရာ ပြဿနာများ နှင့် ဖြေရှင်းရမည့် နည်းလမ်းများ၊ ရေကြည်မြို့နယ်မှ ဆောင်ရွက်လျှက်ရှိသည့် ပြည်သူလူထု ပူးပေါင်းပါဝင်သည့် သစ်တောသစ်ပင်စိုက်ပျိုး ထိန်းသိမ်းရေးလုပ်ငန်းများ၊ သစ်မျိုးများအလိုက်အသုံးဝင်ပုံများစသည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး Climate Change Video Clip ပြသခဲ့ပါကြောင်း နှင့် ဆွေးနွေးမေးမြန်းချက်များကိုလည်း ပြန်လည် ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာနမှမိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို(၂-၇-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီ၌ ထားဝယ်မြို့၊ Polytechnic University တွင် ကျင်းပဆောင်ရွက်ခဲ့ရာတာဝန်ခံပါမောက္ခချုပ်၊ ဆရာ၊ ဆရာမ၊ကျောင်းသား၊ ကျောင်းသူကျား(၃၃)ဦး၊ မ(၁၁၇)ဦး၊စုစုပေါင်း(၁၅၀)ဦးတက်ရောက်ခဲ့ကြပါသည်။ ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရဲဝင်းအောင်မှ မိုးရာသီကာလအတွင်း သစ်ပင်စိုက်ပျိုးရေး၊ သစ်တောထိန်းသိမ်းရေး၊ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ၊ ဇီဝမျိုးစုံ၊မျိုးကွဲများ၏ သိကောင်းစရာများနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ဟောပြောပွဲတွင်တက်ရောက်လာသူများမှသိရှိလိုသည်များကို ဦးစီးအရာရှိ ဦးရဲဝင်းအောင်မှ ပြန်လည်ဖြေကြားခဲ့ပါကြောင်းနှင့် တက်ရောက်သူများအားအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိသည်။

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်မှ မိုးရာသီသစ်ပင်စိုက်ပျိုး၊ ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမြို့နယ်အဆင့်အသိပညာပေးဟောပြောပွဲ အခမ်းအနားကို(၂-၇-၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီ၌ ဘုတ်ပြင်းမြို့နယ်၊ ကြိမ်မဲတောင်ရွာ၊ အထက်တန်းကျောင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ဘုတ်​ပြင်းမြို့ နယ်၊​ ကြိမ်မဲ​တောင်ရွာ၊ အထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝါဝါဝင်းနှင့် ဆရာ(၂ )ဦး၊ ဆရာမများ (၈)ဦး၊​ေကျာင်းသား(၆၉)ဦး/ ကျောင်းသူ(၇၀)ဦး၊ စုစုပေါင်း(၁၃၉)ဦး၊သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ(၆)ဦး၊ စုစုပေါင်း (၁၅၅)ဦး တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ဘုတ်ပြင်းမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဉီးစီးအရာရှိ၊ ဦး​စောလူးသယ်​ရွှေမှ မိုးရာသီသစ်ပင်စိုက်ပျိုးရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းထိန်းသိမ်းရေးအသိပညာပေးဆိုင်ရာ အကြောင်းအရာများ၊ သစ်တောသစ်ပင်အသုံးဝင်ပုံများကို တက်ရောက်လာသူများသို့အသိပညာပေးဆွေးနွေးဟောပြောခြင်းဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင်တက်ရောက်လာသူများအား မိုးရာသီသစ်ပင်စိုက်ပျိုး​ရေး၊ဇီဝမျိုးစုံမျိုးကွဲနှင့်ပတ်ဝန်းကျင်ထိန်းသိမ်း​ ရေးဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ သစ်တောထိန်းသိမ်းရေး၊သစ်ပင်စိုက်ပျိုးခြင်း​​ကြောင့် သဘာဝ​ဘေးဒဏ်များမှကာကွယ်ပေးခြင်းဆိုင်ရာများ၊ သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ ကျောင်းအတွက်စာအုပ်၊ စာရေးကရိယာများပေးအပ်လှူဒါန်းခြင်း၊ ကျောင်းဝင်းအတွင်း ပန်းပိတောက် ၊ခရေ၊ ပျဉ်းကတိုး၊ စက္ကူပန်းပင်များ သရုပ်ပြစိုက်ပျိုး​ပြ သခြင်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ ရက်(၁၀၀)အတွင်းဆောင်ရွက်ရမည့် လုပ်ငန်းစီမံချက်နှင့်အညီ"မိုးရာသီ သစ်ပင်စိုက်ပျိုးရေး၊ သစ်တော၊ဇီဝမျိုးစုံမျိုးကွဲနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ၊ စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများနှင့်သဘာဝမြေဩဇာပြုလုပ်ခြင်းနည်းစနစ်ဆိုင်ရာအသိပညာပေးဟော ပြောပွဲ"အခမ်းအနားကို(၂-၇-၂၀၂၆)ရက်နေ့(၁၀:၀၀)နာရီအချိန်တွင် ကလေးဝမြို့နယ်အမှတ်(၁)ရပ်ကွက်မြို့နယ်စိုက်ပျိုးရေးရုံးတွင် ကျင်းပခဲ့ရာ အမျိုးသမီး(၂၀)အမျိုးသား(၄၄)မြို့နယ်သစ်တောဝန်ထမ်း(၉)ဦး၊ စုစုပေါင်း(၇၃)ဦးတက်‌ရောက်ခဲ့ပါသည်။ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဖိုးဆောင်းမှ"သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် သစ်တောများ၏အရေးပါမှုနှင့် သစ်တောထိန်းသိမ်းရေးနည်းလမ်းများ၊ သစ်တောဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများ၊သစ်ပင်စိုက်ပျိုးခြင်း နှင့် ပြုစုထိန်းသိမ်းရေးနည်းစနစ်များ၊ သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးရလဒ်များ၊ ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်း‌ရေး၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံး တွင်လူထုဖြန့်ပျိုးပင်များ အခမဲ့ထုတ်ယူနိုင် ပါကြောင်းနှင့်စိုက်ပျိုးရေးစွန့်ပစ်ပစ္စည်းများနှင့်သဘာဝမြေဩဇာပြုလုပ်သုံးစွဲနိုင်ရေးနည်းစနစ်တို့ကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပါကြောင်းနှင့် ဒေသခံပြည်သူများမှ မေးမြန်းသည့်သိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ စိုက်ပျိုးလိုသောပျိုးပင်များ ပေးအပ်ခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

Pages