Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်းပေးပို့ ချက်အရ ၂၂.၃.၂၀၁၉ ရက်နေ့ (၁၁:၁၀) အချိန် တောင်ငူမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အမှတ် (၁၈) ရပ်ကွက် ၊ ငွေတောင်ဦး ကျောင်းတိုက် အတွင်း ဝင်ရောက်ရှာဖွေရာNissan (၁၀)ဘီး ယာဉ် အမှတ် MDY- 8L- 3285 ပေါ်တွင် တရားမဝင် ကျွန်းခွဲသား/ ပျဉ်းကတိုးခွဲသား/ ကျွန်းတံခါးရွက်/ ပျဉ်းကတိုးပွတ်လုံး/ ပျဉ်းကတိုးကျည်းဘောင် စုစုပေါင်း (၆.၅၄၉၆)တန်၊ တရားခံ(၂)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး အမှုဖွင့်ဆောင်ရွက်လျက်ရှိပါသည်။

၂၁.၃.၂၀၁၉ ရက်နေ့တွင် ရေတာရှည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ရိုးမကြိုးပြင်ကာကွယ်တော အတွင်းမှ တရားမဝင်ကျွန်းသစ်/ခွဲသား/လုံးပတ်၃ပေအောက်သစ် စုစုပေါင်း (၆၂)လုံး/ချောင်း (၆.၃၇၀၀)တန်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၂၁.၃.၂၀၁၉ ရက်နေ့တွင် သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ တပ်မတော်တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မဘိမ်းမြို့နယ်၊ နမ့်ဟွန်ကျေးရွာအနောက်မြောက်ဘက် (၂)မိုင်ခန့်အကွာမှ တရားမဝင် ကျွန်းသစ်/ခွဲသား (၂၁၉၇) လုံး/ချောင်း (၉.၄၅၅၄)တန်၊ အင်ဂျင်(၁)လုံး၊ ဒိုင်နမို(၁)လုံး၊ လွှဝိုင်း(၄)ချပ်၊ သစ်ဖြတ်မော်တာ(၁)လုံးတို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ရွှေဘိုခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်သောသစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် (၁၈.၃.၂၀၁၉)ရက်နေ့မှ (၂၁.၃.၂၀၁၉)ရက်နေ့အထိ နယ်မြေ ရှင်းလင်းခြင်းဆောင်ရွက်ရာ ပင်လည်ဘူးမြို့နယ်၊ တင်းဝါးကြိုးဝိုင်းနှင့် ကန္တီကြိုးဝိုင်း/ ကျွန်းလှမြို့နယ်၊ နန်းဘရန်းကြိုးဝိုင်း တို့အတွင်းမှ တရားမဝင် သစ်စက်(၄)လုံးနှင့် ကျွန်း/ ပျဉ်းကတိုးခွဲသား စုစုပေါင်း (၅၄.၁၅၅၈)တန် ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်း အရ ၁၈.၃.၂၀၁၉ ရက်နေ့တွင် မိုင်းဆတ်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်း များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်တပ် ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ်၊ မယ်နင်အုပ်စု၊ နောင်ဖာ ကျေးရွာအရှေ့ဘက်မှ ကား(၂)စီး၊ ဘတ်ဟိုး(၁)စီး၊ ဆိုင်ကယ်(၃)စီး၊ တရားမဝင် ပိတောက်စကွဲယား (၁၉၆)တုံး (၁၈.၆၅၆၂)တန်တို့အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ ဧည့်ခန်းမ၌ ၂၅-၃-၂၀၁၉ ရက်နေ့ နံနက်(၁ဝ:ဝဝ) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်နှင့် တာဝန်ရှိသူများအား Mrs. Karin Eberhardt ၊ Development Advison Swiss Agency for Development and Cooperation မှ လာရောက်တွေ့ဆုံ၍ နောင်လာမည့် (၇)နှစ်တာကာလအတွင်း မြန်မာနိုင်ငံတွင် ဥရောပသမဂ္ဂ (EU)၏ အထောက်အပံ့ဖြင့် ဆောင်ရွက်နိုင်မည့် ဇီ၀မျိုးစုံမျိုးကွဲထိန်းသိမ်းရေးနှင့် သဘာ၀သယံဇာတအရင်းအမြစ် များအား စဉ်ဆက်မပြတ် စီမံအုပ်ချုပ်မှုဆိုင်ရာ အထောက်အပံ့ အစီအစဉ်များအတွက် ဉီးစားပေးလုပ်ငန်းများ၊ အခွင့်အလမ်းများနှင့် လက်ရှိဆောင်ရွက်နေမှုများမှ လိုအပ်ချက် များနှင့် ပတ်သက်၍ ပဏာမဆွေးနွေးမှု(Scoping Study) ပြုလုပ်ရန်ကိစ္စများအား လာရောက် ဆွေးနွေးခဲ့ပါသည်။

ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်-CMRS ဖြင့် သတင်း ပေးပို့ချက်အရ ၂၀.၃.၂၀၁၉ ရက်နေ့တွင် မတ္တရာမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ နှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မန္တလေး-မိုးကုတ် ကားလမ်း၊ မိုင်တိုင်အမှတ်၊ (၃၅/၀)မှ (၃၅/၁)ကြားမှ တရားမဝင်သစ် ရှာဖွေဖမ်းဆီးရာ ယာဉ်အမှတ်၊ MDY-2B/6256(Nissan Condor CM 88KE၊ မိုးပြာရောင်)ယာဉ်ပေါ်မှ တရားမဝင် တမလန်းဓါးရွေ (၃၅)တုံး (၆.၄၀၆၄)တန်၊ တရားခံ(၁)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ ရေနံ့သာရဲစခန်းတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ-၄၁(ခ)ဖြင့် အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိပါသည်။

အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားကို၂၁-၃-၂၀၁၉ ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ၌ သစ်တောသုတေသနဌာန၊ ရေဆင်း၊ နေပြည်တော်တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ တက်ရောက် ၍ အမှာစကားပြောကြားပါသည်။ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆက်စပ်ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရေဆင်းနယ်မြေ တက္ကသိုလ်အသီးသီးနှင့် အထက်တန်းကျောင်း၊ မူလတန်းကျောင်းအသီးသီးတို့မှ ဆရာဆရာမများ နှင့် ကျောင်းသူ/ကျောင်းသားများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊ ဒေသခံပြည်သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်များ တက်ရောက်ကြပါသည်။

Pages