Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန အနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်း အား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်း သိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေ လျှက်ရှိသည့်အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင် အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၅-၃-၂၀၁၉)ရက်နေ့မှ (၃၁-၃-၂၀၁၉) ရက်နေ့ထိ တစ်ပတ်တာကာ လအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊အခြား စုစုပေါင်း (၂၂၀.၂၀၁၇)တန်ဖမ်းဆီးရမိခဲ့ပါသည်။

၂၉.၃.၂၀၁၉ ရက်နေ့တွင် သထုံခရိုင်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင် သောဝန်ထမ်းများ၊ တပ်မတော်တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရေးမြို့နယ်၊ ရေတံခွန်တောင်တောလမ်း ဖောက်လုပ်ထား သည့်နေရာမှ တရားမဝင် ကောင်းမှုသစ်လုံး/ခွဲသား စုစုပေါင်း(၃၉၄)လုံး/ချောင်း (၃၉.၅၁၄၂)တန်၊ မြေကော်စက်(၁)စီး၊ မော်တော်ယာဉ်(၁)စီး၊ လက်ကိုင်စက်လွှ(၁)လက် တို့အား ပိုင်ရှင်မဲ့ဖမ်းဆီး ရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။

AFoCO RETC ၏ လစ်လျပ်လျက်ရှိသော RETC Officials Level 5 အလုပ်နေရာသို့ လျှောက်ထားနိုင်ပါကြောင်း

၃၀.၃.၂၀၁၉ ရက်နေ့တွင် မံစီမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ခလရ (၁၂၁)တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် မံသာ-စီအူ သွားလမ်းမကြီးအနောက်(၂)မိုင်ခန့်အကွာ၊ မိုင်းနောင်-ကောင်လွင်လမ်းဘေးမှ တရားမဝင် ကျွန်း/ လုံးပတ်(၃)ပေအောက်ကျွန်းသစ် စုစုပေါင်း (၂၈)လုံး (၁၀.၈၃၆၀)တန် ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက် လျက်ရှိပါသည်။

၂၈.၃.၂၀၁၉ ရက်နေ့တွင် သာပေါင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး နှင့်ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘိုးတော်ချောင်း အတွင်းမှ တရားမဝင် တောင်သရက် သစ်/ခွဲသား စုစုပေါင်း(၂၂၅)လုံး/ချောင်း (၄၃.၃၅၇၆)တန် ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီထိရောက်စွာ အရေးယူ နိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။

၂၉.၃.၂၀၁၉ ရက်နေ့တွင် ပဲခူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ် ရေးမှူးအဖွဲ့ တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇောင်းတူ-တိုက်ကြီးကားလမ်း၊ မိုင်တိုင်အမှတ်(၀/၇)အနီး၌ ယာဉ်အမှတ်၊ BGO-2P/1580 (CANTER(၆)ဘီး အဖြူရောင်)ယာဉ်ပေါ်မှ တရားမဝင် ပျဉ်းကတိုး ခွဲသား (၁၀၇)ချောင်း (၄.၉၆၈၀)တန်၊ တရားခံ (၂)ဦး ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား ဥပဒေနှင့် အညီထိရောက်စွာ အရေးယူနိုင်ရေး ဘုရားကြီးနယ်မြေရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်လျက်ရှိ ပါသည်။

၂၉.၃.၂၀၁၉ ရက်နေ့တွင် တမူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်နှင့်ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးမှူးအဖွဲ့တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် တုံးမနကျေးရွာ၏ အရှေ့မြောက်ဘက်(၂)မိုင်ခန့်အကွာ၊ တောစပ်နေရာမှ တရားမဝင် အင်ခွဲသားဆိုဒ်စုံ (၃၂)ချောင်း (၅.၃၈၂၀)တန် ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး၊ တရားခံများအား စုံစမ်းဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆော င်ရွက်လျက်ရှိပါသည်။

CFNWG အဖွဲ့နှင့် FAO တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် သစ်တောဦးစီးဌာနမှ CF Unit အဖွဲ့ဝင်များအား စွမ်းဆောင်ရည်မြှင့်တင်ပေးရန် Sustainable Cropland and Forest Management in Agro-ecological priority in Myanmar စီမံကိန်းမှဖွင့်လှစ်သော "ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောလုပ်ငန်းဆိုင်ရာသင်တန်း(အခြေခံ)"(၂၅-၃-၂၀၁၉) ရက်နေ့မှ (၂၉-၃-၂၀၁၉)အထိ ဖွင့်လှစ်ခဲ့ပါသည်။

Pages