Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် အား အမေရိကန်နိုင်ငံအခြေစိုက် Blue Moon Fund ၏ ဒုတိယ ဥက္ကဌဖြစ်သူ Dr. Ji-Qiang Zhang ဦးဆောင်၍ တရုတ်နိုင်ငံ Global Environmental Institute (GEI) ၏ Executive Director ဖြစ်သူ Madame. Jin Jiaman တို့ ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့မှ ယနေ့ ၁၉-၁-၂၀၁၆ ရက်နေ့၊ နံနက် ၁၀:၃၀ နာရီတွင် ပြည်ထောင်စု ဝန်ကြီး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံဆွေးနွေးသည်။
ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းနှင့် အမျိုးသားပတ်ဝန်းကျင် ဆိုင်ရာ အရည်အသွေး(ထုတ်လွှတ်မှု)လမ်းညွှန်ချက်များအားထုတ်ပြန်ပြီးကြောင်း သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများသို့ တရားဝင် အသိပေးကြေညာသည့် အခမ်းအနားကို ယနေ့နံနက် ၀၉း၀၀ နာရီတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် Grand Ball Room ၌ ကျင်းပ ပြုလုပ်ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ ဥက္ကဌ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီဝင် ပတ်ဝန်းကျင် ထိန်းသိမ်း ရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသက်သက်ဇင် တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် အား ကိုရီးယားသမ္မတနိုင်ငံ Yeungnam University မှ Vice president Dr. Oe-chool Choi ဦးဆောင်သည့် ယနေ့နံနက် (၁၁:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ် ရှိ အစည်းအဝေးခန်းမသို့ လာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ် သစ်တောစီမံအုပ်ချုပ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၀၈:၀၀)နာရီ အချိန်တွင် သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပရာ အဆိုပါ အခမ်းအနားသို့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သက်သက်ဇင်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သစ်တောတက္ကသိုလ် ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး/ ပြည်နယ်တာဝန်ခံ ညွှန်ကြားရေးမှူး များ၊ သစ်တောဦးစီးရုံးချုပ်မှ အရာထမ်းအမှုထမ်းများ တက်ရောက်ခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင်က အဖွင့်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့်ပြည်နယ် သစ်တော ဦးစီးဌာန ညွှန်ကြားရေးမှူးများ အထူးမွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို(၁၁-၁-၂၀၁၆) ရက်နေ့၊ နံနက် (၇:၃၀)နာရီတွင် သစ်တောသုတေသနဌာန(ရေဆင်း)၌ကျင်းပခဲ့ရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်သစ်တော ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာ၀န်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးမြင့်မောင် သည်(၈.၁.၂၀၁၆)ရက်နေ့၊ နေ့လယ်ပိုင်းတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ သစ်တော တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ နှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိ သူများလိုက်ပါလျက် သစ်တောသုတေသနဌာနနှင့် သစ်တောတက္ကသိုလ်(ရေဆင်း)တို့သို့သွားရောက်၍ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် တည်ဆောက်ခဲ့သည့် သစ်တောသုတေ သနဌာန သစ်စေ့သိုလှောင်ခန်း နှင့် သစ်စေ့ဓာတ်ခွဲခန်းများ၊ သစ်တောတက္ကသိုလ် ကျောင်းသား (၅၀) ဆံ နှစ်ထပ်အိပ်ဆောင်အဆောက်အဦ၊ သစ်တောတက္ကသိုလ် နှစ်ထပ်စာကြည့်တိုက် အဆောက်အဦ နှင့် တူးဖော်ထားရှိသော အဝီစိတွင်း၊ ရေသိုလှောင်ကန်နှင့်ရေစင်တို့အား ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက် များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်း ရရှိပါသည်။
ပဲခူးခရိုင်၊ ပဲခူးမြို့နယ်အတွင်း တရားမဝင်သစ်များ သယ်ဆောင်နေကြောင်း သတင်းရရှိမှု အပေါ် သစ်တောဦးစီးရုံးချုပ်၊ စစ်ဆေးရေးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇေယျ ခေါင်းဆောင်၍ အရာထမ်း/အမှုထမ်းများ ပါဝင်သော ဖမ်းဆီးရေးအဖွဲ့သည် ၆-၁-၂၀၁၆ ရက်နေ့မှ ၉-၁-၂၀၁၆ ရက်နေ့အထိ ပဲခူးမြို့နယ်အတွင်း နယ်မြေရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ရာ စုစုပေါင်း တရားမဝင်သစ် (ကျွန်း၊ ပျဉ်းကတိုး၊ အခြားသစ်မျိုးစုံ) (၁၅၄.၉၉၈၅)တန်၊ ပျဉ်းကတိုးလျှာထိုး (၃၇၅၆)ချောင်း (၅.၄၉၃၂)တန်၊ ချိန်းဆော (၁)လက်၊ မီးသွေး (၇၀၁)အိတ် (၁၆၀.၈၀)တန်၊ ယာဉ် (၈)စီးနှင့် တရားခံ (၁၈)ဦး ဖမ်းဆီးရမိခဲ့ကြောင်းသတင်းရရှိပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားမြေအရင်းအမြစ်စီမံခန့်ခွဲရေးဗဟိုကော်မတီ အစည်းအဝေးကို သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်ခန်းမ၌ ၂၉-၁၂-၂၀၁၅ ရက်နေ့တွင် ကျင်းပခဲ့ရာ အမျိုးသားရေအရင်းအမြစ်စီမံခန့်ခွဲရေး ဗဟိုကော်မတီဥက္ကဌ နိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။







