Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
သစ်တောများ ပြန်လည်ထူထောင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၁၆ ခုနှစ်၊ ဇွန်လ (၁၃)ရက်နေ့၊ နံနက်(၈:၃၀)နာရီ တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ တွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းတက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဦးစီး ရုံးချုပ်၊ အင်းကြင်းခန်းမ၌ (၃-၆-၂၀၁၆)ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် အမျိုးသားပတ်ဝန်း ကျင်စိမ်းလန်းစိုပြည်ရေးလှုပ်ရှားမှုသစ်ပင်စိုက်ပျိုးခြင်း အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် တက်ရောက်၍အဖွင့် အမှာစကား ပြောကြားသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် RECOFTC တို့ပူးပေါင်း၍ အခြေခံလူတန်းစားများ၏ REDD+ ဆိုင်ရာ စွမ်းဆောင်ရည်မြှင့်တင် ခြင်းစီမံကိန်းရလဒ်များ မျှဝေခြင်းနှင့် စီမံကိန်းပြီးမြောက်ခြင်း အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို (၃၁-၅-၂၀၁၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် နေပြည်တော်၊ မြတ်တော်ဝင်ဟိုတယ်၌ ကျင်းပ ပြုလုပ်ခဲ့သည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့်နော်ဝေ နိုင်ငံ ပတ်၀န်းကျင်ရေးရာအေဂျင်စီတို့ပူးပေါင်း၍ ရေဝပ်ဒေသစီမံအုပ်ချုပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေး နွေးပွဲကို (၁၂-၅-၂၀၁၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် အင်ကြင်းခန်းမ၊ သစ်တော ဦးစီးရုံးချုပ်၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်အဖွဲ့ (FFI)တို့ ပူးပေါင်း၍ ထုံးကျောက် တောင် ဂေဟစနစ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို(၁၁-၅-၂၀၁၆)ရက်၊ နံနက်(၀၉:၀၀)နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ One Map Myanmar စီမံကိန်းဆိုင်ရာ လုပ်ငန်းများဆွေးနွေးပွဲကို (၉-၅-၂၀၁၆) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီ အချိန်တွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဧည့်ခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်တက်ရောက်ခဲ့ပြီး Swiss Agency for Development and Cooperation (SDC) ၊ Center for Development and Environment (CDE) နှင့် University of Bern, Switzerland တို့မှ ကိုယ်စားလှယ်မျာနှင့် ဆွေးနွေးခဲ့ပါသည်။








