Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
(၁၁-၅-၂၀၂၄) ရက်နေ့တွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)သည် ကျွန်းရတနာခန်းမ၊ ညွှန်ကြားရေးမှူးရုံး၊ တောင်ကြီးမြို့၌ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်များမှ တိုက်ပွဲရှောင်ဝန်ထမ်းများအားတွေ့ဆုံပွဲ ကျင်းပဆောင်ရွက်ခဲ့ပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ဆက်လက်၍ တိုက်ပွဲရှောင်ဝန်ထမ်းများအား ထောက်ပံ့ငွေ များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကို (၁၃-၅-၂၀၂၄)ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ လုပ်ငန်းကော်မတီဥက္ကဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဥက္ကဌ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် လုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် သယံဇာတရေးရာ ဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
(၈–၅-၂၀၂၄ ) ရက်နေ့ ၊ နံနက်(၉:၀၀) နာရီအချိန်တွင် ၊ ကချင်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်မှ ဗန်းမော်မြို့နယ်အတွင်းရှိ အ.ထ.က (၁)ကျောင်း၊ အောင်တံခွန်ခန်းမ၌ “ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ “ကို ကျင်းပဆောင်ရွက်ခဲ့ရာ ကျောင်းသား / ကျောင်းသူ ( ၁၀၀ ) ဦး ၊ သစ်တော ဝန်ထမ်း(၂၀)ဦး၊ စုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲတွင် ဗန်းမော်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုကို-၁ က သစ်တောနှင့် ဇီဝမျိုးစုံမျိုး ကွဲဆိုင်ရာအသိပညာပေးခြင်း၊ သစ်တောများနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေး၊ ဗန်းမော်မြို့နယ် ဦးစီးအရာရှိ ဦးဖြိုးဇော်ဟိန်းက သစ်တောများ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ရာသီဥတု ပြောင်းလဲမှုလျော့ချရေး၊ မံစီမြို့နယ် တောအုပ်ကြီး ဦးပြည့်စုံဟိန်းက သစ်တောများမှ ပေးစွမ်း နိုင်သော အကျိုးကျေးဇူးများ စသည့်ခေါင်းစဥ်များဖြင့်အသီးသီးဟောပြောဆောင်ရွက် ခဲ့ပါသည်။ ထို့နောက်ဆက်လက်၍ဗန်းမော်မြို့နယ်၊ မြို့မသစ်တောပျိုးဥယျာဉ်အတွင်း လူထုဖြန့်ပျိုးပင်များပျိုးထောင်ထားရှိမှုအား ကျောင်းသား/ကျောင်းသူများမှ လာရောက်လေ့လာကြရာ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များမေးမြန်းခြင်း၊ သစ်တော ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဖြေကြားခြင်းများနှင့် ကျောင်းသား/ကျောင်းသူများသို့ ၎င်းတို့စိုက်ပျိုးလိုသော ကျွန်း၊ ပိတောက်၊ ခရေပျိုးပင်များ (၁၅၀)ပင်အား ဖြန့်ဝေပေး ခြင်းများဆောင်ရွက်ခဲ့ကြပါသိရှိရပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊သစ်တောဦးစီးဌာနအနေဖြင့် တနင်္သာရီမြို့တွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ၇.၅.၂၀၂၄ ရက်နေ့ (အင်္ဂါနေ့)၊ နံနက် (၀၉:၀၀) နာရီမှ (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်ပညာရေးမှူးရုံး၊ တနင်္သာရီမြို့၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ အသိပညာပေးခြင်း၊ သစ်တောများနှင့် ရာသီ ဥတုပြောင်းလဲမှုလျော့ချရေး၊ သစ်တောများနှင့် ရေဝေရေလဲဒေသများထိန်းသိမ်းရေး၊ သစ်တေ များမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ၊ တနင်္သာရီမြို့နယ်အတွင်း ဆောင်ရွက်သည့် သစ်တောလုပ်ငန်း များ စသည့်ခေါင်းစဉ်ဖြင့် ဦးဇေယျာမိုး၊ တောအုပ်၊ သစ်တောဦးစီးဌာန၊ တနင်္သာရီမြို့နယ်မှ ဟောပြော ပို့ချခဲ့ပါသည်။ ဟောပြောပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူးအပါအဝင် ဌာနဆိုင်ရာအရာရှိ (၇)ဦး၊ အ.ထ.က တနင်္သာရီမြို့မှ ဆရာ/ဆရာမနှင့် ကျောင်းသူ/သား(၅၃)ဦး၊ စုစုပေါင်း(၆၀)ဦး တက်ရောက်ခဲ့ပါ သည်။ အဆိုပါဟောပြောပွဲတွင် ကျောင်းသူ/ကျောင်းသား(၂) ဦးမှ "ဒေသရှိ ပေါက်ရောက်သည့် သစ်ပင်အမျိုးအစားနှင့်ပတ်သက်၍မေးမြန်းလာမှုအပေါ် " တောအုပ် ဦးဇေယျာမိုးမှ ပြန်လည် ရှင်းလင်းဖြေကြားခဲ့ပါသည်။ ဆက်လက်၍ နံနက်(၁၀:၁၀)နာရီမှ (၁၀:၄၀) နာရီအထိ မြို့မသစ်တော ပျိုးဥယျာဉ်သို့ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ ခေါ်ဆောင်၍ ပျိုးဥယျာဉ်အတွင်း မိုးရာသီ သစ်ပင်များ စနစ်တကျ အဆင့်ဆင့်ပျိုးထောင်ထားရှိမှုနှင့် ၂၀၂၄ ခုနှစ် မိုးရာသီတွင် သစ်တော သစ်ပင်များ စိုက်ပျိုးဆောင်ရွက်မည့်အကြောင်းအား တောအုပ်ဦးဆင့်မျိုးအောင်မှ ရှင်းလင်းပြော ကြားခဲ့ကြောင်းသိရှိရပါသည်။
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၉.၀၄၃၈)တန်၊ သစ်မာ (၁၇.၇၉၈၄)တန်၊ အခြား (၁၉၀.၃၉၇၆)တန်၊ စုစုပေါင်း (၂၂၇.၂၃၉၈)တန်၊ ယာဉ်/ ယန္တရား (၃)စီး၊ တရားခံ (၈)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၃၀-၄-၂၀၂၄ ရက်နေ့၊ ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကုန်းပြင်ဘိနယ်၊ ညောင်ပင်သာကျေးရွာ မြောက်ဘက် (၁)မိုင်ခန့်အကွာတောစပ်/ ညောင်ပင်သာကျေးရွာအနောက်ဘက် ယာ ခင်းစပ်/ ညောင်ပင်သာကျေးရွာတောင်ဘက် သရက်ခြံအနီး/ ညောင်ပင်သာကျေးရွာ အနောက်မြောက်ဘက်ချောင်းအနီး နေရာတို့မှ တရားမဝင် တောင်သရက်/ဘောင်ဆန့် ခွဲသား စုစုပေါင်း (၂၅၅)ချောင်း (၄၄.၇၉၆၈) တန်၊ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-
ရန်ကုန်တိုင်းဒေသကြီး ၊ ရန်ကုန် မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် သစ်တောဦးစီးဌာနသည် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ ကျောင်းသူများအား “သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကို (၇-၅-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီတွင် အင်းစိန်မြို့နယ်၊ စော်ဘွားကြီး ကုန်းရပ်ကွက်၊ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၊ ဧဝရက်ခန်းမတွင်ကျင်းပပြုလုပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုချိုစန်းနှင့် ဆရာ/ ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၁၃၅) ဦး တက်ရောက်ခဲ့ကြပြီး လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင်က သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ များထိန်းသိမ်းရေးဆိုင်ရာများ၊ သစ်တောများနှင့်ရာသီဥတု ပြောင်းလဲမှုလျော့ချရေးဆိုင်ရာ များကိုလည်းကောင်း၊ ဦးစီးအရာရှိ ဦးအောင်ဝင်းကျော်က သစ်တောများနှင့် ရေဝေရေလဲဒေသများထိန်းသိမ်းခြင်းနှင့် သစ်တောများမှပေးစွမ်းနိုင်သော အကျိုး ကျေးဇူးများကို လည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်များကို သစ်တောဦးစီးဌာန ဝန်ထမ်းများကဖြန့်ဝေပေးခဲ့ကြသည်။
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်သည် (၄-၅-၂၀၂၄) ရက်နေ့(၁၄:၃၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ သစ်တောဦးစီး ဌာန၊ မြို့မ(အမြဲတမ်း)ပျိုးဥယျာဉ်တွင် ပျိုးထောင်ထားရှိသည့် အထူးပျိုးပင် (၃၀၀၀၀)ပင်နှင့် ၂၀၂၄ ခုနှစ်၊ မိုးရာသီ လူထုဖြန့်ပျိုးပင် (၇၀၀၀၀)ပင် ပြုစုပျိုးထောင်ထားရှိမှုတို့အား စစ်ဆေး ဆောင်ရွက်၍ စိုက်ပျိုးချိန်တွင် ကြံ့ခိုင်သန်စွမ်းသည့် (၂)ပေအထက် ပျိုးပင်များ ဖြန့်ဝေ စိုက်ပျိုးနိုင်ရန်၊ ပျိုးပင်ဖြန့်ဝေရာတွင် စနစ်တကျဖြန့်ဝေရန်၊ မန်ကျည်း၊ တမာ၊ ထနောင်း စသည့်ဒေသသစ်မျိုးများနှင့် အရိပ်ရပင်၊ ပန်းပွင့်သည့်အပင်စသည့် သစ်ပင်အမျိုးစုံ လင်စွာ ပျိုးထောင်ဆောင်ရွက်ထားရှိရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရပါသည်။
၆-၅-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်ပနိုင်ငံများသို့ သွားရောက်ခဲ့ပြီး ပြန်လည်ရောက်ရှိလာသောဝန်ထမ်းများမှ အတွေ့အကြုံရှင်းလင်းခြင်း အစီအစဉ်ကို ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ပါသည်။ ဒေါက်တာအိအိဆွေလှိုင်(လက်ထောက်ညွှန်ကြားရေးမှူး)မှ သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး၊ အစီအစဉ်အရ ဒေါက်တာ ဆုစန္ဒာအောင်(ဦးစီးအရာရှိ)သဘာဝဝန်းကျင်နှင့်သားငှက်တိရစ္ဆာန်ထိန်း သိမ်းရေးဌာနက ကမ္ဘောဒီးယားနိုင်ငံတွင်ကျင်းပသည့် အင်ဒို-မြန်မာဒေသတွင်း ရမ်ဆာရေဝပ်ဒေသ ပူးပေါင်းဆောင်ရွက်မှု (Indo-Burma Ramsar Regional Initiatives-IBRRI)၏ သတ္တမကြိမ်မြောက် ဦးစီးကော်မတီ အစည်းအဝေးနှင့် နှစ်ပတ်လည်အစည်းအဝေးသို့ တက်ရောက်ခြင်းအားလည်းကောင်း၊ ဦးစိန်ဝေလျှံ (ဦးစီးအရာရှိ)က အမေရိကန် University of the People တွင် ကျင်းပသည့် စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုဆိုင်ရာ မဟာသိပ္ပဲဘွဲ့သင်တန်းတက်ရောက်ခဲ့သည် အတွေ့အကြုံ ဗဟုသုတများကို ရှင်းလင်းဆွေးနွေးခြင်းအားလည်းကောင်း ဆောင်ရွက်ခဲ့ရာ တက်ရောက်လာသူ များမှ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။