Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာန မှ မိုးရာသီ(အကြို)သစ်ပင်စိုက်ပွဲ တော်အခမ်းအနားအား (၁-၆-၂၀၂၄)ရက်နေ့၊ နံနက်(၉)နာရီ အချိန်က ဂွေးကုန်းကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၈၀/၃)နှင့်(၈၀/၄)ကြား အနန္တဇိနစေတီတော်ဝင်းတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးညွန့်ဆွေက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့သို့လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှုး နေလင်းဦးက ဂွေးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထိုက်ဝင်းသို့လည်းကောင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအောင်ဆွေမှ ဂျို့ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းလွင်ဦး သို့လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမင်းပိုင်က ဖဒိုနယ်မြေရဲစခန်းမှ ဒုရဲအုပ် သက်မောင်မောင်သို့လည်းကောင်း ပျိုးပင်များအား အသီးသီးပေးအပ်ကြသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဥက္ကဌဦးညွန့်ဆွေနှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဂွေးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၁၂၄)ဦးတို့က (၂) ပေအထက်ရှိသော ပျိုးပင်ကျွန်း (၁၀၀)ပင်၊ ပျဉ်းကတိုး(၁၀၀)ပင်၊ မန်ဂျန်ရှား(၁၀၀)ပင် စုစုပေါင်း (၃၀၀)ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။
(၁-၆-၂၀၂၄)ရက်နေ့ နံနက်(၀၇:၃၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး နည်းပညာတက္ကသိုလ်ကျောင်းဝန်းအတွင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအား ကျင်းပဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင်များ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်များနှင့် ကျောင်းသူ/ ကျောင်းသားများ၊ NGO အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၊ သစ်တောဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးမှ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း အင်အား(၇၀၀)ဦးဖြင့် ပိတောက်၊ ပျဉ်းမ၊ ယင်းမာ၊ မယ်ဇယ်၊ မယ်ဇလီ၊ စိန်ပန်း၊ ခရေစသည့် သစ်မျိုး(၇) မျိုး စုစုပေါင်း(၆၉၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။
သစ်တောဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မိတ္ထီလာ-လွိုင်လင်-ကျိုင်းတုံ-တာချီလိတ်လမ်းပိုင်း၊ မိုင်တိုင်အမှတ်(၁၂၉/၆)အနီး တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံ(ဟိုပုံး)တပ်ပိုင်မြေအတွင်း ခန့်မှန်း မ.ပ.ည 47Q LD 130 017/20°48'32.68"N,97°11'58.72"E နေရာတွင်(၃၁.၅.၂၀၂၄)ရက်နေ့၊ (၀၈:၀၀)နာရီအချိန်၌ ၂၀၂၄ -ခုနှစ် ၊မိုးရာသီအကြိုလူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ -ဦးခွန်ရဲထွေးမှ အဖွင့်အမှာစကားပြောကြားပြီး ဌာနဆိုင်ရာများကိုယ်စား -မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပအိုဝ်းတိုင်းရင်းသားများကိုလည်းကောင်း၊ ဟိုပုံးတပ်နယ်မှူး-ဗိုလ်မှူးချုပ်သိန်းနိုင်က တပ်ရင်း/တပ်ဖွဲ့များကိုယ်စား မြို့နယ်ရဲတပ်ဖွဲ့မှူးအား လည်းကောင်း ပျိုးပင်များပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ(ဟိုပုံး)မှ ကျောင်းအုပ်ကြီး(တပ်နယ်မှူး )ဗိုလ်မှူးချုပ်-သိန်းနိုင်နှင့် ဟိုပုံးတပ်နယ်မှ တာဝန်ရှိသူများ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ဌာနဆိုင်ရာများ၊ ဟိုပုံးမြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ၊ လူမှုရေအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ သစ်ပင်စိုက်ပျိုးခဲ့ပြီး အခမ်းအနားအား (၀၉:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ၂၀၂၄ ခုနှစ် (မိုးရာသီအကြို) လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် စုစုပေါင်း တက်ရောက်အင်အား (၄၅၀)ဦးဖြင့် ခါတော်မီ (၁၁၀)ပင်၊ ချယ်ရီ (၁၁၀)ပင်၊ စိန်ပန်းနီ (၁၁၀)ပင်၊ စိန်ပန်းပြာ(၁၁၀)ပင်၊ ထင်းရှုူး (၁၀၀)ပင် စုစုပေါင်း (၅၄၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။
(၃၁.၅.၂၀၂၄) ရက်နေ့ နံနက်(၈:၀၀)အချိန်တွင် ပေါက်ခေါင်းမြို့နယ်၊ သဖန်းချို ကျေးရွာ စာသင်ကျောင်းနံဘေး၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်အား ကျင်းပခဲ့ပါ သည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ သစ်တောဝန်ထမ်း(၁၅)ဦး၊ ဌာနဆိုင်ရာ(၁၆၀)ဦး ဆရာ/ဆရာမ(၃၅)ဦး၊ ရပ်မိရပ်ဖ (၇၈)ဦး၊ စုစုပေါင်း(၂၈၈)ဦး တက်ရောက်၍ (၂)ပေအထက် ကျွန်းပင်(၁၀၀)ပင်၊ မန်ဂျန်ရှား(၁၀၀)ပင်၊ သပြေကြီး(၅၀)ပင်၊ မယ်ဇယ်(၅၀)ပင်၊ မဟော်ဂနီ (၅၀)ပင်၊ က္ကိုလ်(၅၀)ပင်၊ ယမနေ(၅၀)ပင်၊ ကံ့ကော်(၅၀)ပင်၊ စုစုပေါင်း(၅၀၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ပါကြောင်း အစီရင်ခံ သိရှိရပါသည်။
(၃၁-၅-၂၀၂၄)ရက်နေ့ မင်းလှမြို့နယ် ရွှေဝါမြိုင်ပျိုးဥယျာဉ်တွင် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာအသိပညာပေးခြင်း၊ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေး၊ သစ်တောများနှင့် ရေဝေရေလဲဒေသများထိန်းသိမ်းရေး၊ သစ်တောများမှ ပေးစွမ်းနိုင်သောအကျိုးကျေးဇူးခေါင်းစဥ်များဖြင့် ဟောပြောပို့ချခဲ့ရာ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၇၀)ဦး တက်ရောက်ခဲ့ပြီး မင်းလှမြို့နယ် သစ်တောဦးစီးဌာနမှ ကျောင်းသား/သူ(၁)ဦးလျှင် ဗလာစာအုပ်(၂)အုပ်နှင့်ခဲတံ(၂)ချောင်း အချိုရည်(၁)ဗူးဆီ ပေးဝေခဲ့ပါကြောင်းသိရှိရပါသည်။
“သစ်တောထွက်ပစ္စည်းကဏ္ဍပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ” အစည်းအဝေးကို (၃၁-၅-၂၀၂၄) ရက်နေ့၊ နေလည်ပိုင်းတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောထွက်ပစ္စည်းကဏ္ဍပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဌ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးက အဖွင့်အမှာစကား ပြေားကြားပါသည်။ ထို့နောက် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး (သဘာဝတောနှင့် စိုက်ခင်း လုပ်ငန်းဌာန)က သစ်တောထွက်ပစ္စည်း ကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များအပေါ်တွင် ဆောင်ရွက်ပြီးစီးမှုအခြေအေန၊ လာမည့်(၃)လအတွင်း ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များနှင့် တွေ့ကြုံရမည့်အခက်အခဲများ တင်ပြမှုအခြေအနေအား ရှင်းလင်းတင်ပြပါသည်။ တင်ပြ ချက်များအပေါ် တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးတင်ပြကြပြီး ကော်မတီဥက္ကဌမှ ဖြည့်စွက်ဆွေးနွေးလမ်းညွှန်မှုပြုခဲ့ပါသည်။ အစည်းအဝေးသို့ သစ်တောထွက်ပစ္စည်းကဏ္ဍပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဌ၊ သစ်တောဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင်စီမံကိန်း)၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဖိတ်ကြားထားသည့် သစ်တောထွက်ပစ္စည်းနှင့် ဆက်စပ်သည့် အသင်းအဖွဲ့တာဝန်ရှိသူများ၊ ဆက်စပ်ဌာနများရှိ တာဝန်ရှိသူများမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။
ဘူမိဥယျာဉ်ဆိုင်ရာလုပ်ငန်းကော်မတီ (၁/ ၂၀၂၄) အစည်းအဝေးကို (၃၁-၅-၂၀၂၄) ရက်နေ့၊ နံနက်(၀၉:၀၀)နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကော်မတီဥက္ကဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူက အဖွင့်အမှာစကားပြောကြားပါသည်။ ကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဦးမင်းသူက မြန်မာနိုင်ငံ၏ ပထမဆုံးသော အမျိုးသားဘူမိဥယျာဉ်အဖြစ် သတ်မှတ် ပြီးဖြစ်သော ပုပ္ပါးတောင်အမျိုးသားဘူမိဥယျာဉ်ကို ကမ္ဘာ့ဘူမိဥယျာဉ်အဖြစ် သတ်မှတ်ခံရရေး ဆောင်ရွက်မည့် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းအစီအစဉ်များ၊ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်တင်ပြဆွေးနွေးဆုံးဖြတ်နိုင်ရန် ကျင်းပခြင်းဖြစ်ပါသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် သစ်တောဦးစီးဌာန၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို (၃၀-၅-၂၀၂၄)ရက်နေ့၊ နံနက်(၈) နာရီတွင် မြစိမ်းရောင်သာသနာ့နယ်မြေ၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဒေသခံပြည်သူများမှ စုပေါင်းစိုက်ပျိုးခဲ့ကြသည်။ ၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေးနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့အား ပျိုးပင်များ ပေးအပ် ခဲ့ပြီး မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းဌေး နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးနော်မိုင်လှကြည်နှင့် အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်အောင်ဌေးနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများစုပေါင်း၍ လူဦးရေ(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး မန်ဂျန်ရှား (၆၀၀)ပင် ၊ မဟော်ဂနီ (၁၄၀ )ပင်၊ ကျွန်း (၁၀၀)ပင်၊ မျောက်ငို(၂၀၀)ပင်စုစုပေါင်း ပျိုးပင်ပေါင်း (၁၀၄၀) ပင်ကို တပျော်တပါး စုပေါင်း စိုက်ပျိုးခဲ့ကြပါကြောင်း သိရှိရပါသည်။