Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်းသစ်မူရင်း ဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နား ထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင် သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော်ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာ အတွင်းမှ (၈-၄-၂၀၂၄)ရက်နေ့မှ (၂၁-၄-၂၀၂၄) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၁၉.၅၇၄၆) တန်ဖမ်းဆီးရမိခဲ့ပါသည်။

(၂၉.၄.၂၀၂၄) ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်းသင်တန်းကျောင်း၊ မှော်ဘီမြို့၌ ဒေသခံဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် တစ်ခုဖြစ်သည့် “စျေးကွက်ဝင် စားသုံးမှိုနှင့် ဝါးစိုက်ပျိုး၊ ထုတ်လုပ်ခြင်းသင်တန်း”ဖွင့်ပွဲအခမ်းအနားကျင်းပ ဆောင်ရွက်ရာ အခမ်းအနားသို့ သစ်တောဦးစီးဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဖွံ့ဖြိုးရေးဌာန၊ ညွှန်ကြားရေးမှူး ဦးတင့်ခိုင်မှ (Virtual) စနစ်ဖြင့် တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး သင်တန်းကျင်းပမှုနှင့် ပတ်သက်သည့် လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။ ဆက်လက်၍ AFoCO Secretariat မှ Program Officer ၊ Ms. SooZin Ryang မှ (Virtual) စနစ်ဖြင့် သင်တန်း အဖွင့်အမှာစကားပြောကြားသည်။

ပန်းတောင်းမြို့နယ်၊ သစ်တေားစီးဌာနမှ အပူချိန်မြင့်မားမှုအား လျော့ကျစေရေး၊ ရာသီဥတုပြောင်းလဲမှုကို လျော့ကျစေရေး၊ ဂေဟစနစ်ပြန်လည်တည်ငြိမ်စေရေး၊ သဘာ၀ ပတ်၀န်းကျင်စိမ်းလန်းစိုပြေစေရေး၊ သစ်တောသစ်ပင်များ၏ အဖိုးတန်အရေးပါမှုကို သိရှိနား လည်လာပြီး မိုးရွာသွန်းသည်နှင့် တပြိုင်နက် သစ်တောသစ်ပင်များ စိုက်ပျိုးလာနိုင်ရေး နှိုးဆော်သည့်အနေဖြင့် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်အား (၂.၆.၂၀၂၃) ရက်နေ့ နံနက်(၀၈:၀၀)နာရီအချိန်တွင် နတ်မောက် ကျေးရွာအုပ်စု၊ ရေဝင်ရွာလေး ကျေးရွာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာ၀န်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဒေသခံပြည်သူများ၊ စုစုပေါင်း (၁၂၂)ဦးဖြင့် ပျိုးပင်အမြင့် (၂)ပေအထက် ပျိုးပင်များဖြစ်သော ကျွန်း(၁၀၀)ပင်၊ မန်ဂျန်ရှား (၃၀၀)ပင်၊ မဟော်ဂနီ(၄၀)ပင်၊ ပျဥ်းကတိုး(၄၀)ပင်၊ မယ်ဇယ်(၂၀)ပင်၊ စုစုပေါင်း သစ်မျိုး(၅) မျိုး (၅၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ပါကြောင်းသိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့နယ်၊ သစ်တောဦးစီးဌာနမှ (၂၉-၅-၂၀၂၄) ရက်နေ့ နံနက် (၉:၀၀) အချိန်တွင် မော်လိုက်မြို့ အ.ထ.က ကျောင်း၌ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေး ဟောပြာပ ကျင်းပပြုလုပ်ခဲ့ပါသည်။ အထက်တန်းကျာင်းသူ/ကျောင်းသား (၆၃)ဦး နှင့် ဆရာ/ဆရာမ (၁၀)ဦး စုစုပေါင်း (၇၃)ဦး တက်ရောက်ခဲ့ပြီး ဟောပြာပွဲတွင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ထွန်း-၁ မှ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာ ပေးဟောပြာခြင်းနှင့် သစ်တောများမှ ပေးစွမ်းနိုင်‌သော အကျိုး‌ေကျးဇူးများအ‌ကြောင်း အသိပညာ‌ပေး ဟော‌ပြောခြင်း၊ မော်လိုက်မြို့နယ်သစ်တောဦးစီးဌာနရှိ တောအုပ်ကြီး ဦးဇယျာမှ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချ‌ရးဆိုင်ရာ အသိပညာပေးဟော ပြောခြင်းနှင့် မော်လိုက်မြို့နယ်သစ်တောဦးစီးဌာနရှိ တောအုပ်ကြီး ဦးသိန်းလင်းမှ သစ်တော များနှင့် ရေဝေရေလဲဒေသများထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးဟော ပြောခြင်း စသည့် ခေါင်းစဉ်အလိုက် အသီးသီးဟောပြောခဲ့ပါသည်။ ထို့နောက် ၂၀၂၃ခုနှစ် မိုးရာသီတွင် သစ်ပင် စိုက်ပျိုးပွဲတော်စိုက်ပျိုးခဲ့သည့်သစ်မျိုးစုံ စိုက်ခင်းတွင် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်း လက်‌တွေ့ သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သစ်တောဦးစီးဌာန မှ မိုးရာသီ(အကြို)သစ်ပင်စိုက်ပွဲ တော်အခမ်းအနားအား (၁-၆-၂၀၂၄)ရက်နေ့၊ နံနက်(၉)နာရီ အချိန်က ဂွေးကုန်းကျေးရွာအုပ်စု၊ ဂွေးကုန်းကျေးရွာ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၈၀/၃)နှင့်(၈၀/၄)ကြား အနန္တဇိနစေတီတော်ဝင်းတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးညွန့်ဆွေက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့သို့လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှုး နေလင်းဦးက ဂွေးကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထိုက်ဝင်းသို့လည်းကောင်း၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးအောင်ဆွေမှ ဂျို့ချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းလွင်ဦး သို့လည်းကောင်း၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးမင်းပိုင်က ဖဒိုနယ်မြေရဲစခန်းမှ ဒုရဲအုပ် သက်မောင်မောင်သို့လည်းကောင်း ပျိုးပင်များအား အသီးသီးပေးအပ်ကြသည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဥက္ကဌဦးညွန့်ဆွေနှင့် အဖွဲ့ဝင် များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ ဂွေးကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၁၂၄)ဦးတို့က (၂) ပေအထက်ရှိသော ပျိုးပင်ကျွန်း (၁၀၀)ပင်၊ ပျဉ်းကတိုး(၁၀၀)ပင်၊ မန်ဂျန်ရှား(၁၀၀)ပင် စုစုပေါင်း (၃၀၀)ပင်ကို စိုက်ပျိုးခဲ့ကြောင်း သိရှိရပါသည်။

(၁-၆-၂၀၂၄)ရက်နေ့ နံနက်(၀၇:၃၀)နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး နည်းပညာတက္ကသိုလ်ကျောင်းဝန်းအတွင်းတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲအား ကျင်းပဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် နှင့် အစိုးရအဖွဲ့ဝင်များ တိုင်း/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပါမောက္ခချုပ်များနှင့် ကျောင်းသူ/ ကျောင်းသားများ၊ NGO အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၊ သစ်တောဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးမှ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုစုပေါင်း အင်အား(၇၀၀)ဦးဖြင့် ပိတောက်၊ ပျဉ်းမ၊ ယင်းမာ၊ မယ်ဇယ်၊ မယ်ဇလီ၊ စိန်ပန်း၊ ခရေစသည့် သစ်မျိုး(၇) မျိုး စုစုပေါင်း(၆၉၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

သစ်တောဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ မိတ္ထီလာ-လွိုင်လင်-ကျိုင်းတုံ-တာချီလိတ်လမ်းပိုင်း၊ မိုင်တိုင်အမှတ်(၁၂၉/၆)အနီး တပ်မတော်ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံ(ဟိုပုံး)တပ်ပိုင်မြေအတွင်း ခန့်မှန်း မ.ပ.ည 47Q LD 130 017/20°48'32.68"N,97°11'58.72"E နေရာတွင်(၃၁.၅.၂၀၂၄)ရက်နေ့၊ (၀၈:၀၀)နာရီအချိန်၌ ၂၀၂၄ -ခုနှစ် ၊မိုးရာသီအကြိုလူထုစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ -ဦးခွန်ရဲထွေးမှ အဖွင့်အမှာစကားပြောကြားပြီး ဌာနဆိုင်ရာများကိုယ်စား -မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ပအိုဝ်းတိုင်းရင်းသားများကိုလည်းကောင်း၊ ဟိုပုံးတပ်နယ်မှူး-ဗိုလ်မှူးချုပ်သိန်းနိုင်က တပ်ရင်း/တပ်ဖွဲ့များကိုယ်စား မြို့နယ်ရဲတပ်ဖွဲ့မှူးအား လည်းကောင်း ပျိုးပင်များပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံ(ဟိုပုံး)မှ ကျောင်းအုပ်ကြီး(တပ်နယ်မှူး )ဗိုလ်မှူးချုပ်-သိန်းနိုင်နှင့် ဟိုပုံးတပ်နယ်မှ တာဝန်ရှိသူများ၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ဌာနဆိုင်ရာများ၊ ဟိုပုံးမြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းများ၊ လူမှုရေအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ သစ်ပင်စိုက်ပျိုးခဲ့ပြီး အခမ်းအနားအား (၀၉:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။ ၂၀၂၄ ခုနှစ် (မိုးရာသီအကြို) လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားတွင် စုစုပေါင်း တက်ရောက်အင်အား (၄၅၀)ဦးဖြင့် ခါတော်မီ (၁၁၀)ပင်၊ ချယ်ရီ (၁၁၀)ပင်၊ စိန်ပန်းနီ (၁၁၀)ပင်၊ စိန်ပန်းပြာ(၁၁၀)ပင်၊ ထင်းရှုူး (၁၀၀)ပင် စုစုပေါင်း (၅၄၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

(၃၁.၅.၂၀၂၄) ရက်နေ့ နံနက်(၈:၀၀)အချိန်တွင် ပေါက်ခေါင်းမြို့နယ်၊ သဖန်းချို ကျေးရွာ စာသင်ကျောင်းနံဘေး၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်အား ကျင်းပခဲ့ပါ သည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ သစ်တောဝန်ထမ်း(၁၅)ဦး၊ ဌာနဆိုင်ရာ(၁၆၀)ဦး ဆရာ/ဆရာမ(၃၅)ဦး၊ ရပ်မိရပ်ဖ (၇၈)ဦး၊ စုစုပေါင်း(၂၈၈)ဦး တက်ရောက်၍ (၂)ပေအထက် ကျွန်းပင်(၁၀၀)ပင်၊ မန်ဂျန်ရှား(၁၀၀)ပင်၊ သပြေကြီး(၅၀)ပင်၊ မယ်ဇယ်(၅၀)ပင်၊ မဟော်ဂနီ (၅၀)ပင်၊ က္ကိုလ်(၅၀)ပင်၊ ယမနေ(၅၀)ပင်၊ ကံ့‌ကော်(၅၀)ပင်၊ စုစုပေါင်း(၅၀၀)ပင်အား စုပေါင်း စိုက်ပျိုးခဲ့ပါကြောင်း အစီရင်ခံ သိရှိရပါသည်။

Pages