၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့/မှူး ဦးကျော်မျိုးသူ-၂နှင့်ဝန်ထမ်းများမှ (၂၈-၄-၂၀၂၆)ရကျနေ့၊ နံနက်(၁၀းဝဝ)နာရီအချိန်တွင် ရွှေဘိုမြို့၊ အ.ထ.က(၃) စာသင်ကျောင်း၌ မီခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးပြောဟောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၇၉)ဦး တက်ရောက်ခဲ့ပါသည်။ မြို့/မှူး ဦးကျော်မျိုးသူ-၂ မှ မီးခိုးမြူငွေ့ဖြစ်ပေါ်ပုံ အကြောင်းအရင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများ၊ ရောဂါများနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာနည်းလမ်းများကို တက်ရောက်လာသူများအား အသိပညာပေး ဆွေးနွေးဟောပြောသွားခဲ့ပါကြောင်း သတင်းရရှိသည်။

(၂၈-၄-၂၀၂၆) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဝါးခယ်မဘိနယ်၊ ကဝဲ‌အင်ချောင်းကျေးရွာ၊အုပ်ချုပ်ရေးမှူး‌နေအိမ်တွင် ဝါးခယ်မဘိနယ် သစ်တောဦးစီးဌာန၊တောအုပ်ဦး‌ကျော်မြတ်သူမှ မီးခိုး/မြူငွေ့လျော့ချရေး ၊သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့်လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့ပါသည်။အဆိုပါအသိပညာပေးဟောပြောပွဲတွင်စုစုပေါင်းသစ်တောဝန်ထမ်း၃ ဦး၊‌ကျေးရွာအုပ်ချုပ်ရေးဝန်ထမ်း(၁)ဦး၊ကျေးရွာသား( ၃၀) ဦး၊ကျေးရွှာသူ (၂၅ ) ဦး ၊စုစုပေါင်း(၅၉) ဦးတက်ရောက်ခဲ့ပြီးမီးခိုး/မြူငွေ့ ဖြစ်ပေါ်လာပုံ၊ မီးခိုး/မြူငွေ့ အဓိပ္ပါယ်၊ဆိုးကျိုး၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ထိန်းသိမ်းကာကွယ်ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊သစ်တောဦးစီးဌာန မှ ဆောင်ရွက်နေသည့်စိုက်ခင်းများလုပ်ဆောင်နေမှု၊ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း အကျိုးကျေးဇူး စသည့်အကြောင်းအရာများဆွေးနွေးးအသိပညာပေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့/မှူး ဦးမော်မော်ထွေးနှင့်ဝန်ထမ်းများမှ (၂၈-၄-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:၃၀)နာရီအချိန်တွင် ရေဦးမြို့၊ အောင်ဆန်း၊ အ.မ.က စာသင်ကျောင်း၌ မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးပြောဟောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၅၈)ဦး တက်ရောက်ခဲ့ပါသည်။ မြို့/မှူး ဦးမော်မော်ထွေးမှ မီးခိုးမြူငွေ့ဖြစ်ပေါ်ပုံ အကြောင်းအရင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများ၊ ရောဂါများနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာနည်းလမ်းများကို တက်ရောက်လာသူများအား အသိပညာပေး ဆွေးနွေးဟောပြောသွားခဲ့ပါကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်/ခန္တီးခရိုင်၊ခန္တီးမြို့နယ် သစ်တောဦးစီးဌာန၊ တောအုပ်ဦးဝင်းခိုင်နှင့်ဝန်ထမ်းများမှ (၂၈-၄-၂၀၂၆)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန် ခန္တီးမြို့နယ်၊ကင်းတော်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် မီးခိုးမြူငွေ့လျှော့ချရေးအသိပညာပေးဟောပြောပွဲအား ပတ်ဝန်းကျင်ထိန်သိမ်းရေးဦးစီးဌာန၊ဦးစီးအရာရှိဦးတင့်လွင်ထွန်းနှင့်ဝန်ထမ်းများ၊မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးအောင်မျိုးဝင်းနှင့်ဝန်ထမ်းများ၊စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်များပူးပေါင်း၍ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ပါသည်။ ဟောပြောပွဲသို့ ကင်းတော်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဒေသခံပြည်သူ (၆၀)ဦးတက်ရောက်ကြပြီး မီးခိုးမြူငွေ့နှင့်ပတ်သက်၍ ပြည်သူများ၏ မေးမြန်းချက်များအားရှင်းလင်းပြောကြားခြင်း၊မြေပြင်ကွင်းဆင်း၍ မီးခိုးမြူငွေ့ဆိုင်ရာများသရုပ်ပြရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်းကျေးရွာအုပ်စု၊ နားနှုံးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ (၂၈.၄.၂၀၂၆) ရက်နေ့၊ (၁၀:၃၀)နာရီ အချိန်တွင် “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကျင်းပခဲ့ရာ ကျေးရွာသူ/သား(၄၂)ဦး၊မြို့နယ် သစ်တောဝန်ထမ်း(၃)ဦး၊ စုစုပေါင်း (၄၅)ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေး‌ဟောပြောပွဲတွင် တောအုပ်ကြီး၊ ဦးဇေယျာက သစ်တောသစ်ပင်များ၏ အရေးပါမှုအကြောင်းအရင်းများ၊ တောမီးလောင်ကျွမ်းမှု အခြေခံအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်ရမှု အခြေအနေများ၊ နယ်မြေဖြတ်ကျော် မီးခိုးမြူငွေ့ များကြောင့်လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်တောပြုစု ထိန်းသိမ်းခြင်းလုပ်ငန်းများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ငှက်ပျောတောကျေးရွာဘုန်းတော်ကြီးကျောင်း၌ (၂၇.၄.၂၀၂၆) ရက်နေ့၊ (၁၃:၀၀)နာရီ အချိန်တွင် “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကျင်းပခဲ့ရာ ကျေးရွာသူ/သား(၆၈)ဦး၊မြို့နယ် သစ်တောဝန်ထမ်း(၅)ဦး၊ စုစုပေါင်း(၇၃)ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေး‌ဟောပြောပွဲတွင် တောအုပ်ကြီး၊ ဦးသန်းဇော်ဝင်းမှ သစ်တောသစ်ပင်များ၏ အရေးပါမှု အကြောင်းအရင်းများ၊ တောမီးလောင် ကျွမ်းမှု အခြေခံအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်ရမှု အခြေအနေများ၊ နယ်မြေဖြတ်ကျော် မီးခိုးမြူငွေ့ များကြောင့်လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်တောပြုစု ထိန်းသိမ်းခြင်းလုပ်ငန်းများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ အောက်တောင်းကျေးရွာဘုန်းတော်ကြီးကျောင်း၌ (၂၆.၄.၂၀၂၆) ရက်နေ့၊ (၁၃:၀၀)နာရီ အချိန်တွင် “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကျင်းပခဲ့ရာ ကျေးရွာသူ/သား(၅၃)ဦး၊မြို့နယ် သစ်တောဝန်ထမ်း(၄)ဦး၊ စုစုပေါင်း(၅၇)ဦးတက်ရောက်ခဲ့ပါသည်။ ဆွေးနွေး‌ဟောပြောပွဲတွင် တောအုပ်ကြီး၊ ဦးသန်းဇော်ဝင်းမှ သစ်တောသစ်ပင်များ၏ အရေးပါမှု အကြောင်းအရင်းများ၊ တောမီးလောင်ကျွမ်းမှု အခြေခံအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်ရမှု အခြေအနေများ၊ နယ်မြေဖြတ်ကျော် မီးခိုးမြူငွေ့ များကြောင့်လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်တောပြုစု ထိန်းသိမ်းခြင်းလုပ်ငန်းများကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းသတင်းရရှိပါသည်။

(၂၈.၄.၂၀၂၆)ရက်နေ့၊ (၀၉:၀၀)နာရီအချိန်တွင် ဘီးလင်းမြို့နယ် သစ်တောဉီးစီးဌာနမှ နှင်းပုလဲကျေးရွာ အထကခွဲ တွင် "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ် ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးခြင်းဟောပြောပွဲ´´ ကျင်းပပြုလုပ်ခဲ့ပြီးဟောပြောပွဲသို့ နှင်းပုလဲကျေးရွာမှ ရပ်မိရပ်ဖများ၊ ဆရာ/ဆရာမများ၊ကျောင်းသား/သူ ကျား (၂၆) ဦး၊ မ (၆၅) ဦး၊ သစ်တောဝန်ထမ်းကျား(၅) ဦး၊စုစုပေါင်း (၉၆) ဦးတက်ရောက်ခဲ့ပါကြောင်း၊ အဆိုပါဟောပြောပွဲတွင် ဘီးလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းအောင်ကျော်ဦး မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေး ခေါင်းစဥ်ဖြင့် ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါကြောင်းနှင့် ကျောင်းသား/သူများသိရှိလိုသည်များမေးမြန်းပြီး ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါသည်။

Pages