Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၆.၀၈၄၈)တန်၊ သစ်မာ (၄.၅၈၃၄)တန်၊ အခြား (၃၁.၅၃၃၄)တန်၊ စုစုပေါင်း (၄၂.၂၀၁၆)တန်၊ ယာဉ်/ ယန္တရား (၁၅)စီး၊ တရားခံ (၈) ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂-၁၂-၂၀၂၃ ရက်နေ့၊ ရန်ကုန်တိုင်း ဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြောက်(၂)နယ်မြေ၊ ပလုံး ဘိနယ်၊ ဥက္ကံကြိုးဝိုင်း၊ အကွက်အမှတ်(၅၈)၊ တဘူးလှဆည်အတွင်းမှ တရားမဝင် ဒီဒူး/ ဂွေး/ မှိုက်/ သဒီ/ သံသေ/ မြောက်ငို/ ပျဉ်းမ/ သစ်ပုတ်/ နဘဲ/ ဖန်ခါး/ ဘင်္ဂ/ သပြေ သစ်လုံး/လုံးပတ်၃ပေအောက်သစ် စုစုပေါင်း(၄၈)လုံး (၉.၉၃၂၀)တန်အား ပိုင်ရှင်မဲ့ ဖမ်းဆီးရမိမှုဖြစ်ပါသည်-

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၀-၁၁-၂၀၂၃)ရက်နေ့မှ (၂၆-၁၁-၂၀၂၃) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၉.၈၂၇၂) တန်ဖမ်းဆီးရမိခဲ့ပါသည်။

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊နေပြည်တော်တွင်စတင်ခန့်ဝင်ပေါက်ရာထူးနေရာများ၌ လျှောက်ထားမည့်သူများအတွက် ရာထူးအမျိုးအစားလိုက်ရေးဖြေဖြေဆိုရာတွင်ကြိုတင်လေ့လာရမည့်အကြောင်းအရာများ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော သန့်ရှင်းရေးအကူ (လစာနှုန်းကျပ် ၁၄၄၀၀၀ - ၂၀၀၀ -၁၅၄၀၀၀) ရာထူး (၆) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော အစောင့် (လစာနှုန်းကျပ် ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) ရာထူး (၅) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော ရုံးအကူ/စာပို့ (လစာနှုန်းကျပ် ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) ရာထူး (၅) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော လုံခြုံရေး(၅) (လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူး (၇) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော ယာဉ်မောင်းစက်ပြင်(၅) (လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူး (၃) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

Pages