Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီ အကြိုသစ်ပင်စိုက်ပျိုးပွဲကို (၂၈-၅-၂၀၂၄)ရက်နေ့၊ နံနက် (၈:၀၀)နာရီအချိန်တွင် ဂုံမင်းကျေးရွာ တောရဘုန်းကြီးကျောင်းဝန်းအတွင်း စုပေါင်းစိုက်ပျိုးခဲ့သည်။ အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်ဝင်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးအောင်မျိုးနှင့် အဖွဲ့ဝင်များ၊ ညောင်တုန်း၊သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူးဦးမင်းအေးချမ်းဇွန်၊ ပန်းတနော် သစ်တောဦးစီးဌာန မြို့နယ်တာဝန်ခံ(တောအုပ်) ဦးသန့်ဇင်နှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၂၀၀)ဦး ခန့်တို့က မန်ဂျန်ရှား (၁၀၀)၊ မဟော်ဂနီ (၁၀၀)၊ ကျွန်း (၁၀၀)၊ ယူကလစ် (၅၀)၊ စိန်ပန်း (၅၀) စုစုပေါင်း (၄၀၀) စိုက်ပျိုးခဲ့ကြကြောင်းသိရှိရပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၊ သစ်တောဦးစီး ဌာန၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီ(အကြို) တိုင်းဒေသကြီးအဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို ကော့သောင်းမြို့၊ ကော့သောင်းဂေါက်ကလပ်အတွင်း (၂၈.၅.၂၀၂၄)ရက်နေ့၊ နံနက်(၀၇:၃၀) နာရီအချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသစ်ပင်စိုက်ပွဲတော်သို့ တနင်္သာရီ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်၍ ပျဉ်းကတိုးပင်အား စိုက်ပျိုး ခဲ့ပြီး တိုင်းဒေသကြီးတရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စစ်ဗျူဟာမှူး၊ ကမ်းရိုးတန်း တိုင်းစစ်ဌာနချုပ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ဒေသခံပြည်သူများ စုစုပေါင်း (၃၅၀)ဦး တက်ရောက်ပြီး ကန့်ကော်(၁)ပင်၊ ပျဉ်းကတိုး(၁၀၄)ပင်၊ သင်္ကန်း(၃၂) ပင်၊ မန်ဂျန်ရှား (၃၂၀)ပင်နှင့် မဟော်ဂနီ (၁၀၃)ပင်၊ စုစုပေါင်း(၅၆၀)ပင်အား အောင်မြင်စွာ စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးအတွက် အုပ်ချုပ်မှု/ လုပ်ငန်းသုံးတွင် အသုံးပြုရန်အတွက် အောက်ဖော်ပြပါ စက်သုံးဆီများကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်-

သစ်တောဦးစီးဌာနဦးဆောင်၍ မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန အစည်း အဝေးခန်းမတွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများအား“ သစ်တော နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကို (၂၈-၄-၂၀၂၄) ရက်နေ့၊ ညနေပိုင်းတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးထင်အောင်နှင့် မကွေးခရိုင် လက်ထောက်ညွှန်ကြားရေး မှူး၊ ဦးမျိုးအောင်နှင့်တို့က သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ အသိပညာပေးဟောပြော ခြင်း၊ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေး၊ ရေဝေရေလဲထိန်းသိမ်းရေး ဟောပြောခြင်းနှင့် မကွေးမြို့နယ်၊ ဦးစီးအရာရှိ ဦးလင်းရာဇာမှသစ်တောများမှ ပေးစွမ်းနိုင် သော အကျိုးကျေးဇူးများ ဟောပြောခြင်းများ‌ ဆောင်ရွက်ခဲ့ကြပြီး မကွေးတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးဝင်းအတွင်းရှိ မြို့မဥယျာဉ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပျိုးထောင် ထားသည့် ပျိုးပင်များလေ့လာနိုင်ရန် ပြသဆောင်ရွက်ခဲ့ကြပါသည်။ ဟောပြောပွဲသို့ ဆရာ/ ဆရာမနှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၅၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ်တွင် သစ်တောဦးစီး ဌာနဦးဆောင်၍ နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ ကျောင်းသူများအား “ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကို (၂၈-၄-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် ပျဉ်းမနားမြို့အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ အလယ်တန်းအဆင့်နှင့် အထက်တန်း အဆင့် ကျောင်းသား/ ကျောင်းသူများ၊ ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြပါသည်။ ဟောပြောပွဲတွင် ပျဉ်းမနားမြို့နယ်၊ ဦးစီးအရာရှိ ဦးမျိုးမင်းသိန်းက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဇီဝမျိုးစုံမျိုးစုံထိန်းသိမ်းရေးနှင့် ရေဝေရေလဲထိန်းသိမ်းရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။ ဟောပြောပွဲသို့ ဆရာ/ ဆရာမနှင့်ကျောင်းသား/ကျောင်းသူစုစုပေါင်း (၆၂)ဦး တက်ရောက်ခဲ့ကြပြီး အ.ထ.က(၂) ပျဉ်းမနား ကျောင်းစာကြည့်တိုက်အတွက် သစ်တောကြေးမုံစာစောင်များ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါ သည်။

အာဆီယံလူမှုသစ်တောဆိုင်ရာလုပ်ငန်းအဖွဲ့(ASEAN Working Group on Social Forestry–AWGSF)၏ (၁၈)ကြိမ်မြောက်အစည်းအဝေးကို (၂၇-၅-၂၀၂၄)ရက်နေ့၊ နံနက် (၀၈:၃၀) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်းကြင်းခန်းမ၊ နေပြည်တော်တွင် မြန်မာနိုင်ငံက အိမ်ရှင်အနေဖြင့် Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ AWG-SF လုပ်ငန်းအဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့် စီမံကိန်း)၊ ညွှန်ကြားရေးမှူးများ၊ AWG-SF အဖွဲ့ဝင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား‌/ကျောင်းသူများအား "သစ်တောနှင့် ဇီဝမျိုးစုံမျိုး ကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးအစီအစဉ်အရ" ၂၄-၄-၂၀၂၄ ရက်နေ့တွင် ပဲခူးမြို့နယ်၊ ဇောင်းတူကျေးရွာ၊အခြေ ခံပညာအထက်တန်းကျောင်း၌ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် ပဲခူးခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းကျော်၊ ပဲခူးမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်၍ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနှင့် သစ်တောသစ်ပင်များအား စိုက်ပျိုးပြုစု ထိန်းသိမ်းရေးဆိုင်ရာများအား အသိပညာပေးဟောပြောခြင်း၊ ပျိုးဥယျာဉ် လုပ်ငန်းဆိုင်ရာများ အားရှင်းလင်းပြသခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။ ဟောပြောပွဲသို့ ပဲခူးမြို့နယ်၊ ပညာရေးဌာနမှ ဒုတိယမြို့နယ် ပညာရေးမှူးအပါအဝင် ဇောင်းတူ (အ.ထ.က)ကျောင်းအုပ်ကြီးနှင့် ဆရာ/ ဆရာမ(၂၅)ဦး၊ ကျောင်းသား/ကျောင်းသူ(၆၁)ဦး၊ ဇောင်းတူကျေးရွာအုပ်ချူပ်ရေးမှူး အပါအဝင်ဒေသခံ ပြည်သူ (၄၁)ဦး၊ စုစုပေါင်း(၁၂၇)ဦး တက်ရောက်ခဲ့ပါကြောင်းသိရှိရပါသည်။

နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား‌/ကျောင်းသူများအား "သစ်တောနှင့် ဇီဝမျိုးစုံမျိုး ကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးအစီအစဉ်အရ" ၂၈-၄-၂၀၂၄ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ် ရှောပြာကျေးရွာ အထက်တန်း ကျောင်းတွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ ဟောပြောပွဲတွင် ပုသိမ်ခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းမင်းနှင့် ပုသိမ်မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများက ဦးဆောင်၍ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး၊ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေး၊ သစ်တောများမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများနှင့် သစ်တောနှင့်ရေဝေရေလဲဒေသထိန်းသိမ်းရေးအကြောင်းတို့ကို ဟောပြောဆွေးနွေး ကြပါသည်။ ဟောပြောပွဲသို့ ပုသိမ်မြို့နယ် ရှောပြာကျေးရွာ အထက်တန်းကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၆၃)ဦး တက်ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။

Pages