၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဇီးပင်ကြီးရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်)တွင် ၈-၉-၂၀၂၅ ရက်နေ့မှ ၃-၁၂-၂၀၂၅ ရက်နေ့အထိ ဖွင့်လှစ်ပို့ချခဲ့သည့်အရာထမ်းအခြေခံသင်တန်း အမှတ်စဉ် (၇၂) တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်နွေးမွန်မွန်အောင်သည် သင်တန်းသူစံပြဆု ရရှိခဲ့ပြီး ထူးချွန်စွာအောင်မြင်ခဲ့ကြောင်း သိရသည်။

သစ်တောဦးစီးဌာန၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရိစ္ဆာန်ထိန််းသိမ်းရေးဌာနခွဲမှ တောအုပ်ကြီး ဒေါ်ဝေမွန်သက်သည် နိုင်ငံဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)၌ (၄-၈-၂၀၂၅) ရက်နေ့မှ (၁၅-၁၀-၂၀၂၅) ရက်ထိ ဖွင့်လှစ်သည့် အရာထမ်းငယ်သင်တန်း အမှတ်စဉ် (၁၃၄) တွင် သင်တန်းသူစံပြဆုနှင့် စာပေထူးချွန်ဆုများ ရရှိခဲ့ကြောင်း သိရသည်။

သစ်တောဦးစီးဌာန၊ ခရိုင်သစ်တောအရာရှိများ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဥ် (၁၁) သင်တန်းဆင်းပွဲ အခမ်းအနားကို (၁၂-၁၂-၂၀၂၅)ရက် သောကြာနေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် ရေဆင်း၊ သစ်တောသုတေသန၊ စုဝေးခန်းမ၌ ကျင်းပရာ သစ်တောဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးတက်ရောက်၍ သင်တန်းဆင်းအမှာစကားပြောကြားသည်။ ဦးစွာ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းဆင်းအမှာစကား ပြောကြားရာတွင် သစ်တောဦးစီးဌာနရှိ ခရိုင်အဆင့် သစ်တောအရာရှိများအား လုပ်ငန်းခွင်တွင် စွမ်းဆောင်ရည်မြှင့်တင်နိုင်ရန် ရည်ရွယ်၍ ဤသင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ သင်တန်းမှပို့ချသည့် အကြောင်းအရာများသည် သင်တန်းသားများအတွက် အကျိုးကျေးဇူးများစွာ ရရှိစေပါကြောင်း၊ ဌာန၏ ခရိုင်အဆင့်ရှိ သစ်တောအရာရှိများအနေဖြင့် ပြောင်းလဲလာတဲ့ခေတ်စနစ်၊ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီလိုက်လျောညီထွေဆောင်ရွက်နိုင်ရမည်ဖြစ်ေကြာင်းနှင့် ဋ္ဌာနရဲ့အစဥ်အလာကောင်းများ၊ ဂုဏ်သိက္ခာကိုဆက်လက်ထိန်းသိမ်းကြရန် ပြောကြားသည်။ အစီအစဥ်အရ ညွှန်ကြားရေးမှူးချုပ်မှ သင်တန်းသားတစ်ဦးချင်းအား သင်တန်းဆင်းလက်မှတ်များအသီးသီး ပေးအပ်ချီးမြှင့်သည်။ သင်တန်းဆင်းပွဲအခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊သင်တန်းဆရာများနှင့်သင်တန်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဒီဇင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါလျက် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ခရိုင်အားကစားကွင်းသို့ရောက်ရှိ၍ ခရိုင်အဆင့်မှီရန် မြှင့်တင် ဆောင်ရွက်မည့် မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်းနှင့် ပွဲကြည့်စင်တို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ (၁၁-၁၂-၂၀၂၅)ရက်နေ့၊ နံနက်ပိုင်းတွင် မင်းဘူးမြို့၊ ဦးဩဘာသ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေး လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများကို ဒေသခံများအား တွေ့ဆုံ ၍ရှင်းလင်းပြောကြားသည့် အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူ များတက်ရောက်ကြသည်။

သစ်တောဦးစီးဌာန၊(၈/၂၀၂၅-၂၀၂၆)ကြိမ်မြောက် ဦးစီးရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၁-၁၂-၂၀၂၅)ရက် ကြာသပတေးနေ့ နံနက်(၀၉:၃၀)နာရီတွင် ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင်ကျင်းပပြုလုပ်ရာ၊ သစ်တောဦးစီးဋ္ဌာန၊ ညွှန်ကြားရေးမှူးချုပ်ကိုယ်စား ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) မှ အဖွင့်အမှာစကားပြောကြားသည်။အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်ရုံးဋ္ဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများတက်ရောက်ကြပြီး တိုင်းဒေသကြီး/ပြည်နယ် တာဝန်ခံများမှ online စနစ်ဖြင့်တက်ရောက်ကြသည်။အစည်းအဝေးတွင် ဦးစွာ သစ်တောဦးစီးဋ္ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွင်း ယခင် (၃)လပတ်များတွင် ဆောင်ရွက်ခဲ့သည့် ဋ္ဌာန၏လုပ်ငန်းများ၊ ဘဏ္ဍာနှစ်အတွင်း အမျိုးသားစီမံကိန်းပါ သစ်တောကဏ္ဍ၏ ထုတ်လုပ်မှုတန်ဖိုးလျာထားချက်ပြည်မီရေး အမှာစကားပြောကြားပြီးနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်/တိုင်းဒေသကြီး/ပြည်နယ်တာဝန်ခံများနှင့် ဦးစီးရုံးချုပ်ရှိ ဋ္ဌာနခွဲများမှ ညွှန်ကြားရေးမှူးများက မိမိတို့၏ ယခု (၃)လပတ်များတွင် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများနှင့် နောက် (၃)လပတ်များတွင် ဆက်လက်ဆောင်ရွက်မည့် အစီအမံများအား ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယညွှန်ကြားရေးမှုးချုပ်များမှ ဖြည့်စွက်ဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင် ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁-၁၂-၂၀၂၅)ရက်နေ့မှ (၇-၁၂-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၃၈.၃၄၇၂)တန်ဖမ်းဆီးရမိခဲ့ပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၁.၄၆၀၂)တန်၊ သစ်မာ (၁၃.၅၀၁၂)တန်၊ အခြား (၉၀.၈၀၄၃)တန်၊ စုစုပေါင်း (၁၁၅.၇၆၅၇)တန်၊ ယာဉ်/ယန္တရား (၇)စီး၊ တရားခံ (၁၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂-၁၂-၂၀၂၅ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ သပြေဝ(၁-က)ဘိနယ်၊ အုတ်တွင်း-ပေါက်ခေါင်းကားလမ်း၊ မိုင်တိုင်အမှတ် (၁၀၇/၁)မိုင်၊ ဘုန်းတောင်ကြိုးဝိုင်း၊ အကွက် အမှတ် (၅၁)၊ ဒေသအခေါ် (၇)မိုင်ကျေးရွာအနီးမှ တရားမဝင် ကျွန်းသစ်၊ ခွဲသား (၅၆)လုံး/ချောင်း (၁၀.၅၉၂၄)တန်၊ ကညင်ခွဲသား (၁၉)ချောင်း (၃.၁၈၁၆)တန် ဖမ်းဆီးရမိမှု ဖြစ်ပါသည်။

(၈-၁၂-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြား​ရေးမှူးချုပ်ရုံးမှ ​တောအုပ်ကြီးမှဒုတိယညွှန်ကြား​ရေးမှူးထိ သစ်​တောဝန်ထမ်း (၁၁၂) ဦးတက်​ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး၊ ဦးစီးအရာရှိ (၁၄) ဦးစီက online စနစ်ဖြင့်တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ဒေါက်တာအိအိဆွေလှိုင် (ဒုတိယညွှန်ကြားရေးမှူး၊ သစ်တောသုတေသနဌာနခွဲ)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအိအိဆွေလှိုင်မှ လာအိုနိုင်ငံတွင် တက်ရောက်ခဲ့သည့် (၂၈) ကြိမ်မြောက် အာဆီယံအဆင့်မြင့် သစ်တောအရာရှိများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးအားလည်းကောင်း၊ ဦးစီးအရာရုှိ ဦးဝေယံကျော်မှ ထိုင်းနိုင်ငံတွင် တက်ရောက်ခဲ့သည့် နိုင်ငံတကာဈေးကွက်အခြေပြု ချဉ်းကပ်မှုများမှတစ်ဆင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ လုပ်ဆောင်ချက်များအတွက် အာဆီယံနိုင်ငံများပါဝင်သည့် အစီအစဉ် (သင်တန်းအမှတ်စဉ်-၁ )အားလည်းကောင်း၊ လက်ထောက်သုတေသနအရာရှိ ဒေါ်ကြည်ကြည်ခိုင်မှ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် တက်ရောက်ခဲ့သည့် အရှေ့တောင်အာရှနိုင်ငံများတွင် CITES စညး်မျဉ်းနှင့်အညီ သစ်ပင်မျိုးစိတ်များ ခွဲခြမ်းစိပ်ဖြာခြင်းဆိုင်ရာ ကွန်ပျူတာနညး်ပညာသင်တန်းအားလည်းကောင်း၊ ဦးစီးအရာရှိ ဒေါက်တာဖြူဖြူသင်းမှ ဗီယက်နမ်နိုင်ငံတွင် တက်ရောက်ခဲ့သည့် ဒေသခံပြည်သူအခြေပြု အသက်မွေးဝမ်းကျောင်းနှင့် စီးပွားရေးလုပ်ငန်းများအတွက် စီးပွားရေးအစီအစဉ်ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲအားလည်းကောငး် အသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။

Pages