၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ မြစ်ကြီးနားမြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးမျိုးထက်ကျော်သည် (၁၁-၅-၂၀၂၆)ရက်နေ့ (၀၉၀၀)အချိန် မြစ်ကြီးနားမြို့ နန်း‌ကွ့နယ်‌မြေ-၆ မနောမြေပညာ‌ရေးစင်တာတွင် သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပဆောင်ရွက်ခဲ့ပြီး FireHotspot ဖြစ်ပေါ်မှူ တားဆီးရေးနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှူ ထိန်းချုပ်ရေး၊ ရေချွေတာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ခေါင်းစဉ်များ ဟောပြောခဲ့ပါကြောင်း၊ ဟော‌ပြောပွဲသို့ မနောမြေ ပညာစင်တာ ဆရာတော်နှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားကျောင်းသူများ၊ ကျား(၃၁)ဦး မ(၂၁)ဦး၊ စုစုပေါင်း အင်အား (၅၂)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

(၁၁-၅-၂၀၂၆)ရက်နေ့(၀၉:၀၀)နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ မြန်အောင်မြို့နယ်မှ စမ်းကျေးရွာအုပ်စု၊ စမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနေအိမ်၌ “သစ်တောသစ်ပင် နှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြော ပွဲ”ကျင်းပခဲ့ရာ စမ်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးပါ ဒေသခံပြည်သူ(၆၂)ဦး၊ သစ်တော ဝန်ထမ်း(၃)ဦး၊ စုစုပေါင်း(၆၅)ဦး၊ ကျား၃၈ ဦး၊ မ-၂၇ ဦးတက်ရောက်ခဲ့ပါသည်။ အဆိုပါအသိပညာပေး ဟောပြောပွဲတွင် တောအုပ်ကြီး ဦးကျော်ဇင်ထိုက်က သစ်တောသစ်ပင်နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တောသစ်ပင်များ၏အရေးပါမှုအကြောင်းအရင်းများနှင့် ပျက်စီးပြုန်းတီးရခြင်းအကြောင်းအရင်းများ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်နေသည့်လုပ်ငန်းများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်ရမှုအခြေအနေများ၊ နယ်မြေဖြတ်ကျော် မီးခိုးမြူငွေ့များကြောင့် လေထုညစ်ညမ်းမှု ၏ဆိုးကျိုးများ၊ တောမီးလောင်ကျွမ်းမှု အခြေခံအကြောင်းအရင်းများအားလည်းကောင်း၊ တောအုပ် ဦးကျော်ကျော်နိုင် သစ်ပင်စိုက်ပျိုးပြုစု ထိန်းသိမ်းခြင်းနည်းစနစ်များ၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်တောပြုစု ထိန်းသိမ်းခြင်း လုပ်ငန်း များ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောထိန်းသိမ်းခြင်းလုပ်ငန်းများ၊ တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေးနှင့် တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေးအားလည်းကောင်း အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပြီး သိရှိလိုသည့်မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ ပါကြောင်းသတင်းရရှိသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ဒုတိယဝန်ကြီး ဦးခင်လတ်ကြီး နှင့်တာဝန်ရှိသူများလိုက်ပါလျက် ၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်)အကြီးစားပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းခွင်သို့ ရောက်ရှိရာ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ အထွေထွေမန်နေဂျာနှင့် ပြတိုက် တည်ဆောက်ရေးတာဝန်ခံတို့က အကြီးစားပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်းလုပ်ငန်းများကို အသီးသီး ရှင်းလင်းတင်ပြကြသည့်အပေါ် ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များကို မေးမြန်းပြီး လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပါသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်)အကြီးစားပြုပြင်တည်ဆောက်နေမှုများကို လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက ပြတိုက်အဆောက်အဦ ကြံ့ခိုင်မှုူရှိစေရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည် တော်)အဆောက်အဦအား ပြင်းအား ငလျင်ဒဏ် ခံနိုင်သည်အထိ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ စနစ်တကျဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

(၁၁-၅-၂၀၂၆)ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများတက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့်ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တောအုပ်ကြီးမှ ဒုတိယညွှန်ကြားရေးမှူးထိ သစ်တောဝန်ထမ်း (၁၁၁) ဦး တက်ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး၊ ဦးစီးအရာရှိနှင့် လက်ထောက် ညွှန်ကြားရေးမှူး (၂၃) ဦးစီက online စနစ်ဖြင့်တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ဦးမင်းဆွေ(ဒုတိယညွှန်ကြားရေးမှူး၊ သဘာဝတောနှင့်သစ်‌တောလုပ်ငန်းဌာနခွဲ)က သဘာပတိအဖြစ်ဆောင်ရွက်ပြီး ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းလတ် (စစ်ဆေးရေးဌာနခွဲ)မှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ ကျင်းပသော အာရှပစိဖိတ်ပူးတွဲအဖွဲ့(APJG) မျက်နှာချင်းဆိုင်အစည်းအဝေးအား ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးသည်၂၀၂၆ခုနှစ်၊ မေလ(၉)ရက်နေ့ နေ့လယ်ပိုင်းတွင် ဒိုးကွင်ပျိုးဥယျာဉ် ရှင်းလင်း ဆောင်ခန်းမ၌ ပြင်ဦးလွင်မြို့နယ် သစ်တောမြေအတွင်း လုပ်ကိုင်ဆောင်ရွက် လျက်ရှိသည့် မွေမြူရေး လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံသည်။တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ စိုက်ပျိုး‌ရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ ဦးလှမျိုး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဆက်စပ်ဌာနမှတာဝန်ရှိပုဂ္ဂိုလ်များနှင့် မွေးမြူရေး လုပ်ငန်းရှင်များ စုစု‌ပေါင်း ၈၀ကျော်တက်ရောက်သည်။

ဥတ္တရသီရိမြို့နယ်၊သစ်တောဦးစီးဌာနမှသစ်တောထိန်းသိမ်းရေး၊‌ ရေသယံဇာတထိန်းသိမ်းရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို(၁၀-၅-၂၀၂၆)ရက်နေ့၊ နံနက်(၈:၀၀)နာရီ၌ ‌ညောင်လူးကျေးရွာအုပ်စု၊ ညောင်လူးကျေးရွာ၊ ရွာဦးဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၌ကျင်းပဆောင်ရွက်ခဲ့ရာ ညောင်လူးကျေးရွာသူ/သားများကျား(၅၅)ဦး၊မ(၇၀)ဦးနှင့်သစ်တောဝန်ထမ်း(၄)ဦး၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှ (၅)ဦး စုစုပေါင်း(၁၃၄)ဦးတက်ရောက်ခဲ့ကြပါ‌ကြောင်းနှင့် အသိပညာပေးဟောပြောပွဲ၌ ဥတ္တရသီရိမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်သိန်းထွဋ် မှ သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးခေါင်းစဉ်ဖြင့်အကြောင်းအရာများကို တက်ရောက်လာသူများသို့အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊မလေးရှားဝိုင်ကျေးရွာအုပ်စု၊ ပန်းတစ်ပွင့်တောင် ဘုန်းကြီးကျောင်းတွင် (၁၀.၅.၂၀၂၆) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်၌သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာ တိုက်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးသန်းအောင်ထွန်းပါ(၃)ဦး ၊ ကျေးရွာသူ/သား စုစုပေါင်း(၅၁)ဦး၊ကျား(၃၄)ဦး၊ မ(၁၇)ဦးတို့ တက်ရောက်ခဲ့ပါသည်။ဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန၊ တိုက်ကြီးမြို့နယ်၊ တောအုပ်ကြီး ဦးသန်းအောင်ထွန်းက သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအကြောင်း၊ သစ်တောများကပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးတွင် သစ်တောများ၏အရေးပါမှု၊ အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့ လျော့ချရေးအတွက် Fire Hotspots များ လျော့နည်းကျဆင်းအောင် တောမီးရှို့ခြင်း၊ လယ်ယာများမီးရှို့ခြင်းများမပြုလုပ်ရန်၊ မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းတို့ကို တက်ရောက်လာကြသည့် ကျေးရွာသူ/သားများအားအသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့်သထုံမြို့နယ်သစ် တောဦးစီးဌာနတို့မှပူးပေါင်းကျင်းပပြုလုပ်သည့်"သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ် ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးအသိပညာပေးဟောပြောပွဲကို(၁၀-၅-၂၀၂၆)ရက်နေ့နံနက်(၀၉:၀၀)နာရီအချိန်သထုံမြို့နယ်၊သုဝဏ္ဏဝတီမြို့၊သိမ်ဆိပ်အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပပြုလုပ်ခဲ့ရာဟောပြောပွဲသို့သုဝဏ္ဏဝတီမြို့အုပ်ချူပ်ရေးမှူးနှင့်သိမ်ဆိပ်ရပ်ကွက်သူရပ်ကွက်သားများ၊သိမ်ဆိပ်အခြေခံပညာအထက်တန်းကျောင်းမှကျောင်း သားကျောင်းသူများ၊သထုံခရိုင်ပတ်ဝန်းကျင်ဦးစီးဌာနနှင့်သထုံမြို့နယ်သစ်တောဦးစီးဌာနတို့မှဝန်ထမ်းများကျား(၇၈)ဦး၊မ(၃၉)ဦးစုစုပေါင်း(၁၁၇)ဦးတက် ရောက်ပြီးအဆိုပါဟောပြောပွဲတွင်သထုံမြို့ နယ်သစ်တောဦးစီးဌာနဦးစီးအရာရှိဦးတင်ထွန်းမှ"သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေး"ခေါင်းစဉ်ဖြင့်လည်းကောင်း၊သထုံခရိုင်ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးသံစဉ်မှူးမှ"ရိုး ပြတ်များမီးရှို့ခြင်းနှင့်မီးခိုးမြူငွေ့အန္တရာယ်"ခေါင်းစဉ်ဖြင့်လည်းးကောင်းဆွေးနွေးဟောပြောခြင်း၊သစ်တောထိန်းသိမ်းခြင်းဆိုင်ရာပညာပေး Video Clipပြသခြင်း၊လက်ကမ်းစာစောင်ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

Pages