၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

Htoo Zoos & Gardens Business Unit မှ ကြီးမှူး၍ ထိုင်းနိုင်ငံ The Zoological Park Organization (Thailand) တို့ပူးပေါင်း၍ (Animal Welfare Training Workshop) အား (၂၄-၆-၂၀၂၅) ရက်နေ့မှ (၂၅-၆-၂၀၂၅) ရက်နေ့အထိ ရှင်းလင်းဆောင်ခန်းမ၊ တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်)တွင် ကျင်းပပြုလုပ်လျက်ရှိရာ ၂၄ - ၆ -၂၀၂၅ ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)က တက်ရောက်ခဲ့ပြီး အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တိရစ္ဆာန်ဥယျာဉ်များဌာနနှင့် သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ အရာထမ်းများ တိရစ္ဆာန်ဥယျာဉ်(နေပြည်တော်၊ ရန်ကုန်၊ ရတနာပုံ) တို့မှ အုပ်ချုပ်ရေးမှူးမျာ၊ တိရစ္ဆာန်ဆေးကုဆရာဝန်နှင့် တိရစ္ဆာန်ထိန်းသိမ်းရေးဝန်ထမ်းများ၊ မြန်မာ့သစ် လုပ်ငန်းမှ တိရစ္ဆာန်ဆေးကုဆရာဝန်များ၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်(နေပြည်တော်)မှ ဆရာ/ ဆရာမများနှင့် ကျောင်းသူ/ကျောင်းသား များ တက်ရောက်ကြကြောင်း သတင်းရရှိပါသည်။

၂၄-၆-၂၀၂၅ (အင်္ဂါနေ့) နံနက်(၀၈:၃၀) နာရီအချိန်တွင် တိရစ္ဆာန်ဥယျာဉ် (နေပြည်တော်) နှင့် ဆာဖာရီဥယျာဉ်(နေပြည်တော်) တို့တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) တက်ရောက်ပြီး သစ်ပင်စိုက်ပျိုးပေးခဲ့ပါသည်။ အဆိုပါသစ်ပင်စိုက်ပျိုးပွဲသို့ တိရစ္ဆာန်ဥယျာဉ်များဌာနမှ ညွှန်ကြားရေးမှူးနှင့် အရာထမ်းများ၊ နေပြည်တော်ကောင်စီနယ်မြေမှ ညွှန်ကြားရေးမှူးနှင့် အရာထမ်း၊ အမှုထမ်းများ၊ Htoo Zoos & Gardens Business Unit မှ CEO ဦးရာဇာထွေး၊ အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများတက်ရောက် ခဲ့ပြီး သစ်မျိုး(၁၁)မျိုး၊ သစ်ပင်ပေါင်း (၃၀၂)ပင်အားစိုက်ပျိုးခဲ့ပါသည်။

(၂၄-၆-၂၀၂၅) ရက်နေ့တွင် နံနက် (၈:၃၀) တွင် သစ်တောဦးစီးဌာန၊ သစ်တောသုတေသနဌာန (ရေဆင်း) စုဝေးခန်းမ၌ FD-AFoCO NTFP စီမံကိန်း၏ ဝါးလက်မှု အခြေခံပစ္စည်းများ ထုတ်လုပ်ခြင်းဆိုင်ရာ အဆင့်မြင့်နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ သစ်တော ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပြီး သင်တန်းသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ သင်တန်းဖွင့်ပွဲသို့ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်းဆရာ/ဆရာမများ၊ သစ်တောသုတေသနဌာနမှ အရာထမ်းများ၊ သင်တန်းသူ များ တက်ရောက်ခဲ့ပါသည်။ FD-AFoCO NTFP စီမံကိန်း၏ ယခုသင်တန်းသည် ဝါးလက်မှုပစ္စည်းများ အဆင့်မြင့်ထုတ်လုပ်ရာတွင် ဝါးနှီးများ ကြာရှည်ခံစေရန်/ အရည်အသွေးကောင်းစေရန် ပြုတ်ခြင်း/ပေါင်းခြင်း များလက်တွေ့ သင်ကြားတတ်မြောက်စေရန်၊ သင့်လျော် သည့် ဝါးနှီးအရွယ်အစားများနှင့် ယက်လုပ်မည့်ပုံစံ အား ရွေးချယ်တတ်စေရန်နှင့် ဝါးလက်မှုပစ္စည်းများအား ဈေးကွက်ဝင်ရန် အရောင်တင်ခြင်း နည်းစနစ် မှန်ကန်စွာ အသုံးပြုနိုင်စေရန် ရည်ရွယ်ချက်ဖြင့် (၂၄-၆-၂၀၂၅ ရက်မှ ၃၀-၆-၂၀၂၅) ရက်အထိ ရက်သတ္တပတ် (၁) ပတ်ကြာ ဖွင့်လှစ်မည်ဖြစ်ပြီး ရိုးရာဝါးလက်မှုအခြေခံ ဆန်ကောဆန်ခါ များယက်လုပ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိသည့် ပျဉ်းမနားမြို့နယ် လဲလူးအိုင်ကျေးရွာမှ သင်တန်းသူ (၂၅)ဦး တက်ရောက်ကြောင်း သတင်းရရှိပါသည်။

(၂၃.၆.၂၀၂၅)ရက်နေ့၊ နံနက် (၀၇:၃၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီတိုင်းဒေသကြီးအဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို ထားဝယ်မြို့၊ ထားဝယ်ဂေါက်ကွင်းတွင် ကျင်းပဆောင်ရွက်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့် ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ထားဝယ်တက္ကသိုလ်မှ ပါမောက္ခချုပ်နှင့် ဆရာ/ဆရာမများ၊ တိုင်းအဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းနှင့် ထားဝယ်ပညာရေးကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ထားဝယ်ဂေါက်ကွင်း ဥက္ကဌနှင့် ဂေါက်သီး ရိုက်စားသမားများနှင့် ဒေသခံပြည်သူများ ၊ စုစုပေါင်း (၄၃၅) ဦး တက်ရောက်ပြီး သစ်မာသစ်မျိုးစုံ(၇)မျိုး၊ (၆၀၃)ပင် အား အောင်မြင်စွာ စိုက်ပျိုး ဆောင်ရွက်ခဲ့ပါကြောင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ သစ်ပင်စိုက်ပျိုးမှုအားလှည့်လည်ကြည့်ရှုလမ်းညွှန်မှုပြုခဲ့ပါကြောင်းသတင်းရရှိပါသည်။

၂၃.၆.၂၀၂၅ရက်နေ့(၀၇:၃၀)နာရီအချိန်တွင် ဘားအံမြို့၊အမှတ်(၂)ဘိလပ်မြေစက်ရုံ(တန်၄၀၀၀)၊ မြိုင်ကလေး ၌(၂၀၂၅)ခုနစ်မိုးရာသီ ဒုတိယအကြိမ်(ပြည်နယ်အဆင့်)သစ်ပင်စိုက်ပွဲအခမ်းအနားကျင်းပ ဆောင်ရွက်ခဲ့ရာပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ရတခ ဒုတိုင်းမှူး၊တရားသူကြီးချုပ်နှင့်ဇနီး၊ ပနအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ပနအဆင့်ဌာနဆိုင်ရာများ၊ဘိလပ်မြေစက်ရုံမှဝန်ထမ်းများ၊မြိုင်ကလေးတပ်နယ်မှအရာရှိ/စစ်သည်/ရဲမေများ၊ကျောင်းသား/သူများ၊အသင်းအဖွဲ့များမှအင်အား(၇၅၀)ဦး တက်ရောက်ခဲ့ပြီးမအူ(၆၀၀)ပင်နှင့်ပျဉ်းမ(၆၀၀)ပင်စုစုပေါင်း(၁၂၀၀)ပင်အားတပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိပါသည်။

(၂၃.၆.၂၅)ရက်နေ့ (၀၇:၃၀) နာရီတွင် သန်လျင်မြို့နယ်၊ ဇာမဏီအင်း ရေလှောင်တမံအနီး၌ ခရိုင်အဆင့် မိုးရာသီသစ်ပင် စိုက် ပျိုးပွဲ ကျင်းပပြုလုပ်ရာ အခမ်းအနား သို့ ရန်ကုန်တိုင်း‌ ဒေသကြီးအစိုးရအဖွဲ့ သယံဇာတ ရေးရာဝန်ကြီး ဦးဇော်ဝင်း ၊ ရန်ကုန် တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးလှဉီး၊ သန်လျင်ခရိုင်၊စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်သိုက်ဝင်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဌများ၊ဆရာ၊ဆရာမများ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား(၅၀၀)ဦး တက် ရောက်ခဲ့ပြီး ကျွန်း(၂)ပင်၊ပိတောက် (၂) ပင်၊ပျဉ်းမ(၂)ပင်၊ မဟော်ဂနီ (၂၅၂) ပင်၊ ပျဉ်းကတိုး(၂၅၂)ပင်၊ မန်ဂျန်ရှား(၅၀၀)ပင်စုစုပေါင်း (၁၀၁၀)ပင် စိုက်ပျိုးခဲ့ပါကြောင်း သတင်းရရှိပါသည်။

(၂၃-၆-၂၀၂၅) ရက်၊ တနင်္လာနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြား​ရေးမှူးချုပ်ရုံးမှ ​တောအုပ်ကြီးမှဒုတိယညွှန်ကြား​ရေးမှူးထိ သစ်​တောဝန်ထမ်းများ တက်​ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး/ ဦးစီးအရာရှိ (၂)ဦးစီက online စနစ်ဖြင့်တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ဒေါက်တာအင်ကြင်းခိုင် (လက်ထောက်ညွှန်ကြားရေးမှူး၊ လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေးဌာန)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိန်ဝင်းထွန်းမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ပြုလုပ်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ (AWGNCB) ၏ (၃၅) ကြိမ်မြောက် အစည်းအဝေး၊ အာဆီယံအမွေအနှစ်ဥယျာဉ်များဆိုင်ရာ ကော်မတီ၏ (၁၂)ကြိမ်မြောက်အစည်းအဝေးနှင့် အာဆီယံဇီဝမျိုးစုံမျိုးကွဲဆိုင်ရာစီမံချက် ပြန်လည်ပြင်ဆင်ခြင်းအလုပ်ရုံဆွေးနွေးပွဲတက်ရောက်မှုအားလည်းကောင်း၊ ဒေါက်တာဆုစန္ဒာအောင် လက်ထောက်ညွှန်ကြားရေးမှူးမှ အာဆီယံငှက်ပျံသန်းရာ ကွန်ရက်နယ်မြေ စီမံအုပ်ချုပ်သူများဆိုင်ရာ ဖိုရမ်နှင့်အလုပ်ရုံဆွေးနွေးပွဲအားလည်းကောင်းအသီးသီးရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများဖိတ်ကြား၍ ကာလတိုပုံမှန်သင်တန်းနှင့် သစ်တောဆိုင်ရာ တိုးချဲ့ပညာပေးအစီအစဉ်များ၊ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားများကို အထောက်အကူပြု သင်တန်းများအပြင် မျိုးဆက်သစ် လူငယ်များအား သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာမျှဝေသည့် အစီအစဉ်များကိုနှစ်စဉ် ဆောင်ရွက် ကျင်းပရာ ဇွန်၂၃ နံနက် ၉နာရီက AFoCO RETC သင်တန်းကျောင်း ၌ တက္ကသိုလ် ကျောင်းသား/ သူများအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ သိကောင်းစရာများကို ဟောပြောသည်။ အဆိုပါ အစီအစဉ်ကို ကုလသမဂ္ဂထာဝစဉ်ဖွံ့ဖြိုးတိုးတက်ရေး အောက်ဖော်ပြပါ ရည်မှန်းချက် (၁၇)ရပ်နှင့်အညီ ကျင်းပခဲ့ရာသဘာဝ ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊စွမ်းအင်ချွေတာရေး၊နိုင်ငံသားကောင်းဖြစ်စေရေး၊ စိတ်ချမ်းသာ၊ကိုယ်ကျန်းမာရေး၊အမိုက်စနစ်တကျစွန့်ပစ်ရေး၊စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေး၊ကမ်ရိုးတန်း ဒေသဂေဟစနစ်များ ထိန်းသိမ်းရေး၊ သယ်ယူပို့ဆောင်ရေး၊ ကျောင်းပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ရေသယံဇာတစီမံခန့်ခွဲရေး၊ရာသီဥတုပြောင်းလဲမူနှင့် လိုက်လျောညီထွေရှိစွာ နေထိုင်နိုင်ရေးEco-school အစီအစဉ်တွင် တက္ကသိုလ်ကျောင်းသား/သူများအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆိုင်ရာ သိကောင်းစရာများ ကိုAFoCO RETC သင်တန်းကျောင်း၊လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းက ရှင်းလင်း ဟောပြောသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာမျှဝေခြင်း”အစီအစဉ်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွက် တက္ကသိုလ် ကျောင်းသား/ သူများအား (၂)ကြိမ်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား/သူများအား (၁၀)ကြိမ်နှင့် အခြေခံပညာဆရာ/ ဆရာမများ အား (၂)ကြိမ်၊ စုစုပေါင်း (၁၄)ကြိမ် စီစဉ်ကျင်းပရန် လျာထားခဲ့ပြီး ဒုတိယ အကြိမ်အဖြစ် ဇွန် ၂၃ ရက် နံနက်၉ နာရီမှ နေ့လည် ၁၂နာရီခွဲအထိ AFoCO RETC သင်တန်းကျောင်း ၌ စီစဉ်ကျင်းပခဲ့ရာ နည်းပညာတက္ကသိုလ် (မှော်ဘီ)မှ ပါမောက္ခချုပ်နှင့် ကြီးကြပ်သူ ဆရာ/ ဆရာမများ၊ ကျောင်းသား/ သူများ စုစုပေါင်း(၉၀)ဦး တက်ရောက်ခဲ့ကြသည်။ ထို့နောက်တက်ရောက်လာသည့် ကျောင်းသား၊ကျောင်းသူများအား RETC သင်တန်းကျောင်းနှင့် လေ့လာရေးသစ်တော၊ FRI စခန်းအမှတ်(၉)ရှိ သစ်တော ပျိုးဥယျာဉ်တို့အား လေ့လာခြင်း၊ အမှတ်တရ စုပေါင်းသစ်ပင်စိုက်ပျိုး ခြင်းများ ဆောင်ရွက်ခဲ့ကာ အမှတ်တရလက်ဆောင်သင်တန်းကျောင်းပုံ ပန်းချီကားအား ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိသည်။

Pages