၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ သစ်တော ဦးစီးဌာနကကြီးမှူး၍ (၂၄-၂-၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၅:၀၀)နာရီအချိန်၊ ဟိုပုံးမြို့နယ်၊ လွယ် တန့်ကျေးရွာရှိ ရွာဦးဘုန်းတော်ကြီးကျောင်း၌ "သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်း သိမ်းရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " ကျင်းပပြုလုပ်ခဲ့ရာ ဟိုပုံးမြို့နယ်၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ-ဦးဇော်လှိုင်ဆွေက" သစ်တော ထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး" သိကောင်းစရာများကို ဆွေးနွေးဟောပြော ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် ကွမ်းခြံကုန်းကျေးရွာဓမ္မာရုံ၌ “သစ်တောထိန်း သိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကို (၂၃-၂-၂၀၂၆)ရက်နေ့၊ (၁၄:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ကွမ်းခြံကုန်းကျေးရွာမှ ကျား (၂၅) ဦး၊ မ(၃၂)ဦး၊တောအုပ်ကြီး၊ ဦးပိုင်ဇော်ပါ သစ်တောဝန်ထမ်း(၃)ဦး၊ ကျား(၂၈)ဦး၊ မ(၃၂)ဦး၊ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ အုပ်စုအုပ်ချုပ်ရေး မှူးရုံး၌ (၂၂-၂-၂၀၂၆) ရက်နေ့၊ (၁၄:၃၀)နာရီအချိန်တွင် “မီးခိုးမြူငွေ့လျော့ချရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောသစ်ပင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကျင်းပခဲ့ ရာ ‌ဘန့်ဘွေးကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ကျေးရွာရာအိမ်မှူးများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူ(၂၅)ဦး၊ မြန်အောင်မြို့နယ်သစ်တောဝန်ထမ်း (၅)ဦး၊ စုစုပေါင်းကျား(၃၀)ဦး တက်ရောက်ခဲ့ပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရေဖြူကျေးရွာအုပ်စု၊ ကြို့ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် (၂၂-၂-၂၀၂၆)ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် “သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” ကျင်းပခဲ့ရာ ထန်းတပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးပါ သစ်တောဝန်ထမ်း(၁၀)ဦး၊ မြန်မာ နိုင်ငံမြို့နယ်မီးသတ်တပ်ဖွဲ့မှ(၂)ဦး၊ မြို့နယ်အမျိုးသမီးရေးရာမှ(၅)ဦးနှင့် ကြို့ကုန်းကျေးရွာမှ အမျိူးသား (၂၇)ဦး၊ အမျိုးသမီး(၂၃)ဦး၊ စုစုပေါင်း အမျိုးသား(၃၉)ဦး၊ အမျိုးသမီး(၂၈)ဦး၊ စုစုပေါင်း(၆၇)ဦးတို့ တက်ရောက်ခဲ့ပါသည်။

၂၂-၂-၂၀၂၆ ရက်နေ့တွင် သစ်တောသစ်ပင်ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေး အသိပညာပေးဟောပြောပွဲအား လွိုင်လင်မြို့နယ်၊ နောင်ဟူးကျေးရွာအုပ်စု၊ ပန်ဝိုးကျေးရွာ ရှိ ပန်ဝိုးဘုန်းတော်ကြီးကျောင်းဝန်း ခန့်မှန်းမြေပုံညွှန်း(47QLD-477123)နေရာတွင် ကျင်းပခဲ့ရာ ဦးစီးအရာရှိ ဦးမောင်မျိုးမှ မီးခိုးမြူငွေ့လျှော့ချရေးနှင့်သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေး ဆိုင်ရာခေါင်းစဉ်ဖြင့်ဟောပြောခြင်း၊ နယ်မြေတာဝန်ခံတောအုပ်ကြီးဦးဆန်းမင်းစိုးမှ သစ်တောထိန်း သိမ်းရေးနှင့် တောမီးကာကွယ်ရေးခေါင်းစဉ်ဖြင့် ဟောပြောခြင်း၊ ဘိနယ်တာဝန်ခံ တောအုပ် ဦးအောင်အောင်မှ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်တောဆိုင်ရာခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြော ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ ၆၊ ပုဒ် မခွဲ(င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၁၀,၅၇၅ ဧက ရှိသောနယ်မြေကို “ပေါက်မ - ကယ်ဘာကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၁၁/၂၀၂၆ )အရ (၁၃၈၇)ခုနှစ်၊ တပေါင်းလဆန်း(၃)ရက်၊ (၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၈ ရက်)မှစ၍ သတ်မှတ် ကြောင်း ကြေညာလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရေဖြူကျေးရွာအုပ်စု၊ ညောင်သုံးပင်ကျေးရွာ ရှိ ဘုန်းတော်ကြီးကျောင်းတွင် (၂၂.၂.၂၀၂၆)ရက်နေ့၊ (၁၁:၃၀) နာရီအချိန်တွင် “သစ်တောထိန်း သိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြော ပွဲ” ကျင်းပခဲ့ရာ ထန်းတပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးပါ သစ်တော ဝန်ထမ်း(၁၀)ဦး၊ မြန်မာနိုင်ငံမြို့နယ်မီးသတ်တပ်ဖွဲ့မှ(၂)ဦး၊ မြို့နယ်အမျိုးသမီး ရေးရာမှ(၅)ဦး နှင့် ညောင်သုံးပင်ကျေးရွာမှ အမျိူးသား(၃၀)ဦး အမျိုးသမီး(၃၂)ဦး၊ စုစုပေါင်းအမျိုးသား(၄၂)ဦး၊ အမျိုးသမီး (၃၇)ဦး၊ စုစုပေါင်း(၇၉)ဦးတို့ တက်ရောက်ခဲ့ပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ သစ်တောဦးစီးဌာနက ကြီးမှူး၍ (၂၂-၂-၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီအချိန်၊ ကွန်ဟိန်းမြို့နယ်၊ စိုင်းမွန် ကျေးရွာရှိ ခရစ်ယာန်ဘုရားကျောင်း၌ "သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး နှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ " ကျင်းပပြုလုပ်ခဲ့ရာ ကွန်ဟိန်း မြို့နယ်၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်ဇာလင်းက" သစ်တောထိန်း သိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေး" သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့ပါ ကြောင်း၊

Pages