၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင် ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၁၃-၁၀-၂၀၂၅)ရက်နေ့မှ (၁၉-၁၀-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၂၉.၉၀၄၄)တန်ဖမ်းဆီးရမိခဲ့ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၌ လစ်လပ် လျက်ရှိသော တောအုပ်ကြီး (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာများတွင် ရွေးချယ်ခန့်ထားနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်အညီ ရေးဖြေစာမေးပွဲစစ်ဆေးခြင်း ကို ၁၈-၁၀-၂၀၂၅ ရက်နေ့မှ ၁၉-၁၀-၂၀၂၅ ရက်နေ့အထိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် တွင် ပြုလုပ်ခဲ့ပြီး ရေးဖြေစာမေးပွဲဖြေဆိုသူများအနက် အောက်ဖော်ပြပါ (၄၁)ဦးအား ၂၄-၁၀-၂၀၂၅ ရက်နေ့ (သောကြာနေ့) နံနက် (၀၉ : ၀၀) နာရီအချိန်မှစ၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ရုံး တွင် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကြေငြာအပ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ သစ်တော သုတေသနဌာနခွဲ၌ လစ်လပ်လျက်ရှိသော သုတေသနလက်ထောက်(၂) (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာများတွင် ရွေးချယ်ခန့်ထားနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ များနှင့်အညီ ရေးဖြေစာမေးပွဲစစ်ဆေးခြင်းကို ၁၈-၁၀-၂၀၂၅ ရက်နေ့မှ ၁၉-၁၀-၂၀၂၅ ရက်နေ့အထိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တွင် ပြုလုပ်ခဲ့ပြီး ရေးဖြေစာမေးပွဲဖြေဆိုသူများအနက် အောက်ဖော်ပြပါ (၂)ဦးအား ၂၄-၁၀-၂၀၂၅ ရက်နေ့ (သောကြာနေ့) နံနက် (၀၉ : ၀၀) နာရီ အချိန် မှစ၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး တွင် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ကြေငြာအပ်ပါသည်။

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးအစည်းအဝေးခန်းမ၌ (၂၂ - ၁၀ -၂၀၂၅)ရက် ၊ ဗုဒ္ဓဟူးနေ့ ၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ပြင်ဦးလွင်မြို့ ၊ မြန်မာနိုင်ငံသစ်တောကျောင်း အခြေခံသစ်တောပညာသင်တန်းအမှတ်စဉ်(၁၁၈)သင်တန်းဆင်းပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ကျောင်းအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးကျင်းပရာ ဥက္ကဋ္ဌ၊ သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံသစ်တောကျောင်း၊ ကျောင်းအုပ်ကြီးမှ သင်တန်းအမှတ်စဉ်(၁၁၈)၏ သင်တန်းကာလတွင်းဆောင်ရွက်မူများ ၊ သင်တန်းဆင်းပွဲ ကျင်းပမည့်အစီအမံများ၊ သင်တန်းသားများ အရည်အချင်းစစ်ဆေးခြင်း ရမှတ်များ၊ ထူးချွန်ဆုရွေးချယ်ခြင်းများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အတည်ပြုကြပါသည်။ အစည်း အဝေးသို့ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံသစ်တောကျောင်းမှ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြောင်း သတင်းရရှိသည်။

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ (၂၁-၁၀-၂၀၂၅) ရက် နေ့လယ် ၁၃း၃၀ နာရီအချိန်တွင် သစ်တောပြစ်မှုများ တရားစွဲဆိုရာတွင် လိုက်နာရမည့် လုပ်ထုံးလုပ်နည်းများ (standard Operating Procedure for prosecution of forest crimes-SOP) (မူကြမ်း) နှင့် စပ်လျဉ်း၍ သီးခြားဆွေးနွေးခြင်းအခမ်းအနားကျင်းပရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦး တက်ရောက်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနအောက်ရှိ ကိုယ်စားလှယ်များ၊ ဥပဒေဆိုင်ရာ အကြံပေးဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ပြင်ပအဖွဲ့အစည်းများမှ ဖိတ်ကြားထားသူများ၊ သစ်တောဦးစီးဌာနမှညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများတက်ရောက်သည်။

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊အစည်းအဝေးခန်းမ၌ (၂၁-၁၀-၂၀၂၅)ရက် နံနက် ၉း၃၀ နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေးဌာနခွဲမှ ဦးဆောင်၍ ပြည်ပနိုင်ငံခြားတွင် မဟာသိပ္ပံဘွဲ့သင်တန်း၊ ပါရဂူဘွဲ့ သင်တန်း၊ ကာလရှည် သင်တန်း တက်ရောက်လျက်ရှိသည့် ပညာသင်များအား (Online)မှတွေ့ဆုံဆွေးနွေးပွဲ အစီအစဉ် ကျင်းပဆောင်ရွက်ရာ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦး တက်ရောက်အမှာစကားပြောကြားပြီး ဆွေးနွေးပွဲသို့ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)၊ ညွှန်ကြားရေးမှူးများနှင့်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးမှ တက်ရောက်သူ (၁၀) ဦး၊ပြည်ပနိုင်ငံခြား ပညာသင် (၂၅) ဦး၊ မြန်မာနိုင်ငံတွင် အွန်လိုင်းမှ ပါရဂူဘွဲ့ သင်တန်းတက်ရောက်သူ (၁) ဦး စုစုပေါင်း (၃၆) ဦး တက်ရောက်သည်။ တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်တွင် ညွှန်ကြားရေးမှူးချုပ်က ပြည်ပနိုင်ငံခြား ပညာသင်များအား ခွင့်ပြု ပညာသင်ကာလအတွင်း သတ်မှတ်ဘွဲ့များ အောင်မြင်စွာရရှိရေး ဆောင်ရွက်ရန်၊ ပညာသင် ကာလပြီးစီးပါက ဌာနတွင် ပြန်လည်ထမ်းဆောင်ရန်နှင့် သင်ယူခဲ့သည့် ပညာရပ်များနှင့် ပတ်သက်၍ မိမိဌာနနှင့် နိုင်ငံတော််အတွက် ပြန်လည်အသုံးချနိုင်စေရေး ဆက်လက်ဆောင်ရွက်သွားရန်၊ ပညာသင်ကြားနေစဉ်ကာလအတွင်း အခက်အခဲ တစ်စုံတစ်ရာ ပေါ်ပေါက်ပါက သုံးလပတ် အစီရင်ခံစာများတွင် အချိန်မီ တင်ပြသွားနိုင်ရေး မှာကြားဆောင်ရွက်ခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်(မူဝါဒနှင့််စီမံကိန်း)နှင့် လေ့ကျင့်ရေးနှင့် သုတေသန ဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူးတို့မှ နိုင်ငံခြားပညာသင်များ လိုက်နာ ဆောင် ရွက်ရမည့် နိုင်ငံခြားပညာသင်ဆိုင်ရာ ညွှန်ကြားချက်များနှင့် စည်းကမ်းချက်များ လမ်းညွှန် မှာကြားခြင်း အား ဆောင်ရွက်ခဲ့သည်။ အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲသို့ အမေရိကန်၊ ဖင်လန်၊ စပိန်၊ ပြင်သစ်၊ ဩစတြီးယား၊ ရိုမေးနီးယား၊ အီတလီ၊ ပေါ်တူဂီ၊ တူရကီ၊ ဂျာမနီ၊ နယူးဇီလန်၊ ကိုရီးယား၊ ဂျပန်၊ တရုတ် စသည့် နိုင်ငံပေါင်း (၁၄) နိုင်ငံတွင် တက် ရောက်ပညာသင်ကြားလျက်ရှိသည့် မဟာသိပ္ပံ ဘွဲ့သင်တန်း (၁၁) ဦး၊ ပါရဂူဘွဲ့သင်တန်း (၁၃) ဦး နှင့် ကာလရှည် Fellowship သင်တန်း (၁) ဦး တက်ရောက်ဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၃.၉၄၅၈)တန်၊ သစ်မာ (၂၅.၉၆၈၆)တန်၊ အခြား (၂၀.၅၆၀၆)တန်၊ စုစုပေါင်း (၆၀.၄၇၅၀)တန်၊ ယာဉ်/ယန္တရား (၄)စီး၊ တရားခံ (၁၀)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၈-၁၀-၂၀၂၅ ရက်နေ့တွင် ပဲခူး တိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပဲခူးမြို့နယ်၊ ဝေါဘိနယ်၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် (၆၆/၃)နှင့် (၆၆/၄)ကြား၊ လမ်း၏ဝဲဘက်ရှိ PUMA ဆီဆိုင်ရှေ့မှ တရား မဝင် ပျဉ်းကတိုး ခွဲသား/လျှာထိုး (၁၂၁၈၂)ချောင်း (၁၄.၄၉၃၆)တန်၊ (၂၂)ဘီး(တွဲ) ယာဉ် (၁)စီး၊ တရားခံ (၂)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၌ လစ်လပ် လျက်ရှိသော တောအုပ်ကြီး (လစာနှုန်း ကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာများတွင် ရွေးချယ်ခန့်ထားနိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်အညီ ရေးဖြေစာမေးပွဲစစ်ဆေးခြင်း ကို ၁၈-၁၀-၂၀၂၅ ရက်နေ့မှ ၁၉-၁၀-၂၀၂၅ ရက်နေ့အထိ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် တွင် ပြုလုပ်ခဲ့ပြီး ရေးဖြေစာမေးပွဲဖြေဆိုသူများအနက် အောက်ဖော်ပြပါ (၄၁)ဦးအား ၂၄-၁၀-၂၀၂၅ ရက်နေ့ (သောကြာနေ့) နံနက် (၀၉ : ၀၀) နာရီအချိန်မှစ၍ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Pages