၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

၁၂.၆.၂၀၂၅ ရက်နေ့၊ ၀၈:၀အချိနတွင် တွံ‌တေးခရိုင်၊ ဒလ-ဓနုတ်ကားလမ်းမကြီးဘေးဝဲ/ယာ၌၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌမှ အဖွင့်အမှာစကားပြောကြားခြင်း၊ပျိုးပင် များပေးအပ်ခြင်းများ ဆောင်ရွက်ပြီး အခမ်းအနားသို့ တက်ရောက် လာသည့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများမှ မန်ဂျန်ရှားပင် (၁၀၀၀)ပင် စုပေါင်းစိုက်ပျိုးခဲ့ကြပါသည်။ အဆိုပါအခမ်းအနားသို့ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ သစ်တော ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ် ရေး အဖွဲ့များ၊‌ ကျောင်းသူ/သားများနှင့် ပြည်သူများ စုစုပေါင်းအင်အား(၂၃၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

(၁၂.၆.၂၀၂၅)ရက်နေ့၊ နံနက် (၀၉:၀၀) နာရီ၊ သစ်တောဦးစီးဌာန၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျေးနီရွာအခြေခံပညာအထက်တန်း ကျောင်းတွင် မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်း (၄၆)ဦး၊ ကွမ်းခြံအုပ်စုအုပ်ချုပ်ရေးမှူးပါ ဒေသခံပြည်သူ(၆)ဦး၊ ကျေးနီရွာအထကကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမ(၁၀)ဦးနှင့်ကျောင်းသူ/သား (၁၀၀)ဦး၊ စုစုပေါင်း (၁၆၂)ဦးတက်ရောက်၍ ကျွန်း၊ ပိတောက်၊မန်ဂျန်ရှား၊ မဲဇလီ၊ စိန်ပန်းပျိုးပင် (၃၀၀) ပင် စုပေါင်း စိုက်ပျိုးခဲ့ပါကြောင်းသိရှိရသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ သစ်တောဦးစီးဌာနမှ အခြေခံပညာ အလယ်တန်းကျောင်း၊ ချင်းခင်ကျေးရွာ၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီ အကြိုသစ်ပင်စိုက်ပျိုးပွဲတော် ကို (၁၂.၆.၂၀၂၅) ရက်နေ့၊ နံနက် (၈)နာရီအချိန်က ကျင်းပခဲ့ပါကြောင်း ဖြူးမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးကိုတင့် ဦးဆောင်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာ အဖွဲ့၊ မိခင်နှင့်ကလေး အဖွဲ့၊ အရပ်ဖက် အဖွဲ့အစည်းများ၊ ပညာရေးမှူး ဦးကျော်စွာလင်း နှင့် အခြေခံပညာ အလယ်တန်းကျောင်း ချင်းခင်ကျေးရွာမှ ဆရာ/ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ စုစုပေါင်း (၂၀၀)ဦးခန့်
တက်ရောက်၍ တက်ရောက်လာကြသူများက ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ ယမနေ၊ မန်ဂျန်ရှား၊ ခရေ၊ စွယ်တော်၊ စိန်ပန်း စုစုပေါင်းအပင် (၄၀၀)ကိုတက်ရောက်စိုက်ပျိုးခဲ့ပါကြောင်း သိရှိရသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးသည်(၁၀-၆-၂၀၂၅)ရက်နေ့ (၁၅:၄၀)အချိန်တွင် ပြင်ဦးလွင်မြို့နယ်၊ သစ်တောဦးစီးဌာန၊ မေမြို့ထင်းကြိုးဝိုင်း၊ အကွက်အမှတ် (၄၁)တွင် တည်ထောင်သည့် ၃/၂၀၂၅ ရေဝေရေလဲစိုက်ခင်း (၂၅)ဧကအား စစ်ဆေး၍ စိုက်ပျိုးခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သောကြောင့် ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား SOP လုပ်ငန်းစဉ်များနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန်၊ အောင်မြင်သော စိုက်ခင်းတစ်ခုဖြစ်လာစေရန် တစ်ပင်သေ တစ်ပင်ဖာစနစ် ကျင့်သုံးဆောင်ရွက်ရန်နှင့် သစ်ပင်များ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် အင်ပြည့်အားပြည့်ဆောင်ရွက်ရန်တို့အားမှာကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။

ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးစေရေး၊ မိုးခေါင်ရေရှားမှုနှင့် အပူဒဏ်ကာကွယ်ရေး၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရေး၊ သစ်တောဖုံးလွှမ်းမှု တိုးတက်လာစေရေး၊ ​လမ်း​ဘေးဝဲယာတ​လျောက် စိမ်းလန်းစိုပြည်ရေးနှင့် ​​​လေကာတန်းရရှိ​ရေးတို့ကို ရည်ရွယ်၍ ဇွန်လ(၁၁)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် ​၊ ​​မော်​ဖောင်း​​ကျေးရွာသစ်၊ ဌာနဆိုင်ရာမြေ​​နေရာပတ်လမ်း၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီပြည်နယ်အဆင့်တတိယအကြိမ်သစ်ပင်စိုက်ပျိုးပွဲ​တော် ကျင်းပခဲ့ရာ ကချင်ပြည်နယ်အစိုးရအဖွဲဲ့ ၊ ဝန်ကြီးချုပ်၊ တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များဖြင့် အင်အား (၃၅၀)ဦးခန့် တက်ရောက်ခဲ့ပြီး ပျဉ်းကတိုး(၂၈၆)ပင်၊ မန်ဂျန်ရှား(၂၈၆)ပင် စုစုပေါင်း(၅၇၂)ပင်အား သတ်မှတ်​နေရာများတွင် တ​ပျော်တပါးစုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သတင်းရရှိပါသည်။

အမျိုးသားမြေအသုံးချကောင်စီအတွင်းရေးမှူးများအဖွဲ့ နဝမအကြိမ်အစည်းအဝေးကို (၁၀-၆-၂၀၂၅) ရက်၊ အင်္ဂါနေ့ နေ့လယ် (၁၄:ဝ၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားမြေအသုံးချကောင်စီအတွင်းရေးမှူးများအဖွဲ့ အဖွဲ့ခေါင်းဆောင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးလှမောင်သိန်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးသို့ အဖွဲ့ဝင်များဖြစ်သည့် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့်ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ စည်းအဝေးတွင် အတွင်းရေးမှူးများအဖွဲ့၏ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာလုပ်ငန်းအဖွဲ့နှင့်လုပ်ငန်းကော်မတီအသီးသီး တို့မှ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်မှုများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြဆွေးနွေး ကြပြီး အဖွဲ့ခေါင်းဆောင်မှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားသည်။အတွင်းရေးမှူးများအဖွဲ့အစည်းအဝေးကို (၃)လတစ်ကြိမ် ကျင်းပလျက်ရှိပြီး အမျိုးသားမြေအသုံးချမှု ကောင်စီ၏ လုပ်ငန်းများအောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းကော်မတီများနှင့် နည်းပညာ အကြံပေးအဖွဲ့တို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြကြောင်းသိရှိရသည်။

AFoCO RETC ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ အစီအစဉ်များအရ ဝန်ထမ်းစွမ်းဆောင်ရည် မြှင့်တင်ခြင်း အစီအစဉ်မှ ‘ရုံး/ အဆောက်အဦနှင့် ဌာန/လူပုဂ္ဂိုလ်ဆိုင်ရာ ပစ္စည်းများ လုံခြုံ ထိန်းသိမ်းရေး ဆိုင်ရာ(အခြေခံ)’သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့မှ ၁၂ ရက်နေ့အထိ နေ့စဉ် နံနက်(၀၉:၀၀)နာရီမှ ညနေ(၁၆:၀၀)နာရီအထိ AFoCO RETC သင်တန်းကျောင်း၌ စီစဉ်ကျင်းပလျက်ရှိပါသည်။ အဆိုပါ ‘ရုံး/ အဆောက်အဦနှင့် ဌာန/လူပုဂ္ဂိုလ်ဆိုင်ရာ ပစ္စည်းများ လုံခြုံ ထိန်းသိမ်းရေး ဆိုင်ရာ(အခြေခံ)’သင်တန်းအား AFoCO RETC သင်တန်းကျောင်းမှ လုံခြုံရေးဝန်ထမ်းများအနေဖြင့် (က) လုံခြုံရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ၊ တာဝန်ဝတ္တရာများနှင့် ဥပဒေသတ်မှတ် ချက်များကို သိရှိနားလည်စေရန်၊ (ခ)အများပြည်သူကို ကျွမ်းကျင်လိမ္မာစွာ ဆက်ဆံတတ်စေရန်၊ (ဂ) ရုံး/ အဆောက်အဦနှင့် ဌာန/လူပုဂ္ဂိုလ်များ၏ လုံခြုံမှုဆိုင်ရာများ ကာကွယ် တားဆီးတတ်စေ ရန်၊ ဖျက်ဆီးမှုများမှ ကာကွယ်နိုင်စေရန်နှင့် (ဃ) ရုတ်တရက်ဖြစ်ပေါ်လာသည့် အရေးပေါ် အခြေ အနေများအလိုက် သင့်တော်စွာ တုံ့ပြန်ဆောင်ရွက်တတ်စေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါ သင်တန်းအား AFoCO RETC သင်တန်းကျောင်းမှ လုံခြုံရေးဝန်ထမ်း(၅)ဦးနှင့် ကြီးကြပ်သူ တောအုပ်(၁)ဦး၊ စုစုပေါင်း (၆)ဦးတက်ရောက်ခဲ့ပြီး သင်တန်းဆရာဖြစ် RJ Pro Services မှ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူ (၁)ဦးက စာတွေ့ ပို့ချခြင်း၊ အပြန်အလှန် ဆွေးနွေး မေးမြန်းစေခြင်း၊ လုံခြုံရေးအချင်းချင်း ပူးပေါင်းဆောင်ရွက်စေခြင်းတို့ကို လက်တွေ့ သရုပ်ပြသည့်ပုံစံများဖြင့် သင်ကြားပို့ချခဲ့ကြောင်းသိရှိရသည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးတို့သည် (၂-၆-၂၀၂၅)ရက်တွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး၌ ၂၀၂၅ ခုနှစ်၊ ပြည်သူလူထုပူးပေါင်းပါဝင်သော သစ်ပင်စိုက်ပျိုး ခြင်းနှင့် အသိပညာပေးဆွေးနွေးခြင်း (Talk Show) အစီအစဉ်တွင် သစ်ပင်အရေးပါပုံ၊ သစ်တောဖုံးလွမ်းမှု ပြန်လည်ကောင်းမွန်လာစေရန် MRRP လုပ်ငန်းများ ဆောင်ရွက်မှု၊ ၂၀၂၅ ခုနှစ်၊ မိုးရာသီတွင် မွန်ပြည်နယ် တစ်ပြည်နယ်လုံးနှင့် ကျိုက်မရောမြို့နယ်တို့၌ သစ်ပင် စိုက်ပျိုးမည့်အစီအစဉ်နှင့် အရေအတွက်၊ သစ်တောပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်စေရေး ဆောင်ရွက်မှုများ၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော သစ်တောစီမံအုပ်ချုပ်ခြင်းလုပ်ငန်းများ ဖြစ်ပေါ်စေရေးဆွေးနွေးချက်များ အသိပညာ ပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Pages