၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်သစ်တောဦးစီးဌာနမှ(၂၈-၄-၂၀၂၆)ရက် နေ့ (၀၉:၃၀)နာရီအချိန်တွင်ညောင်ဦးမြို့၊‌ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အနော်ရထာခန်းမ၌ သစ်တောပြုစု ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ (မြို့နယ်အဆင့်)ကျင်းပရာ ဌာနဆိုင်ရာမှဝန်ထမ်းများ၊ ကုန်းတန်းကြီးကျေးရွာ၊ကျောက်စစ်ကန်ကျေးရွာ၊မြေနဲလေးကျေးရွာမှ ပြည်သူများ၊ သစ်တောဝန်ထမ်းများ စုစုပေါင်း(၇၀)ဦးတက်ရောက်ပါသည်။ အခမ်းအနားတွင် ညောင်ဦးမြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံး၊ ဦးစီးအရာရှိ ဦးသန့်ဇင်_၆ မှ သစ်တောသစ်ပင်များမှ ရရှိသည့်အကျိုးကျေးဇူးများ၊ သစ်တောပြုန်းတီး ခြင်း အကြောင်းအရင်းများ၊ သစ်တောပြုန်းတီးခြင်းကြောင့် ခံစားရမည့်ဆိုးကျိုးများ၊ သစ်တောသစ်ပင် ထိန်းသိမ်းရေးနှင့် သစ်တောများမီးလောင်မှုမရှိစေရန် ဆောင်ရွက်ရမည့်အချက်များ၊ မီးခိုးမြူငွေ့ လျော့ချ ရေးဆိုင်ရာဗဟုသုတများနှင့် သစ်ပင်စိုက်ပျိုး ရေး၊သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် အသိပညာပေး ဟောပြောခဲ့ပါသည်။

(၂၈.၄.၂၀၂၆)ရက်နေ့၊နံနက်(၀၉:ဝ၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့၊ အမှတ်(၁)ရပ်ကွက်၊ မြင်းလှည်းကုန်း(အ.မ.က)ကျောင်းဝန်းတွင် ရေကြည်မြို့နယ်သစ်တောဦးစီးဌာနမှ တောအုပ် ဦးလေးအောင်မှသစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကိုကျင်းပဆောင်ရွက်ခဲ့ပါသည်။ အသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း(၃)ဦး၊ အမှတ်(၁)ရပ်ကွက် ကျေးရွာသား (၃၁)ဦး၊ကျေးရွာသူ(၁၇)ဦး၊စုစုပေါင်း (၅၁)ဦးတက်ရောက်ခဲ့ပါသည်။(ကျား - ၃၄ဦး၊မ - ၁၇ဦး)အဆိုပါ အခမ်းအနားတွင် တောအုပ်ဦးလေးအောင်မှ မီးခိုးမြူငွေ့ အန္တရာယ်နှင့်မီးခိုးမြူငွေ့ လျှော့ချရေးလုပ်ငန်းများ၊ တောမီးထိန်းသိမ်းကာကွယ်ရေးနှင့် Fire Hotsopt ဖြစ်ပေါ်မှု အခြေအနေများ၊ရေကြည်မြို့နယ်မှ ဆောင်ရွက်လျှက်ရှိသည့် သစ်တောလုပ်ငန်းများကို အသိပညာပေး ဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

ထားဝယ်မြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို(၂၈-၄-၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီ၌ ထားဝယ်မြို့နယ်၊ပုလုကုန်းကျေးရွာရှိ ရာဘာသစ်ပါးလွှာစက်ရုံ၌ ကျင်းပဆောင်ရွက်ခဲ့ရာ စက်ရုံဝန်ထမ်းများ ကျား(၆)ဦး၊မ(၃၀)ဦး၊ စုစုပေါင်း (၃၆)ဦးတက်ရောက်ခဲ့ကြပါသည်။ ထားဝယ်မြို့နယ်၊ သစ်တောဦးစီးဌာန၊ဦးစီးအရာရှိဦးရဲဝင်းအောင်မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး ခေါင်းစဉ်ဖြင့် အကြောင်းအရာများကို တက်ရောက်လာသူများသို့အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ဆက်လက်၍ ဟောပြောပွဲတွင်တက်ရောက်လာသူများမှ သိရှိလိုသည်များကိုဦးစီးအရာရှိ ဦးရဲဝင်းအောင်မှ ပြန်လည်ဖြေကြားခဲ့ပါကြောင်းနှင့် တက်ရောက်သူများအားအသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိသည်။

(၂၈-၄-၂၀၂၆) ရက်နေ့ ၊နံနက် (၁၀:၃၀)နာရီအချိန်၊မွန်ပြည်နယ်၊သထုံခရိုင်၊ ပေါင်မြို့နယ်၊ဝဲပတန်ကျေးရွာအုပ်စု၊ဝဲပတန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် သထုံ(တွဲဘက်)ပေါင်မြို့နယ်၊ သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးဇော်လွင်ဦးမှ "ရေသယံဇာတထိန်းသိမ်းရေးနှင့်ရေချွေတာသုံးစွဲရေး ဆိုင်ရာ အသိပညာပေးဟောပြောပွဲ"ကိုကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း ၃ ဦး၊ကျေးရွာသား(၂၀) ဦး၊ကျေးရွာသူ (၄၀ ) ဦး ၊စုစုပေါင်း(၆၃) ဦးတက်ရောက်ခဲ့ပါသည်။ ရေသည် လူနှင့် တိရစ္ဆာန်များအတွက်သာမက သက်ရှိအပင်များအားလုံးအတွက်မရှိမဖြစ်အရေးကြီးဆုံးအရာ ဖြစ်ပါကြောင်းနှင့် လူ့အရေးသုံးပါးဖြစ်သည့် "စားရေး၊ ဝတ်ရေး၊ နေရေး" များစွာထဲတွင် သောက်သုံးရေ အလုံအ လောက် ရရှိမှုသည် အခြေခံ လိုအပ်ချက် တစ်ခု ဖြစ်ပါကြောင်းနှင့် ရေသယံဇာတထိန်းသိမ်းရေး အရေးပါမှုအကြောင်း စသည့်အကြောင်းအရာများဟောပြောဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့/မှူး ဦးကျော်မျိုးသူ-၂နှင့်ဝန်ထမ်းများမှ (၂၈-၄-၂၀၂၆)ရကျနေ့၊ နံနက်(၁၀းဝဝ)နာရီအချိန်တွင် ရွှေဘိုမြို့၊ အ.ထ.က(၃) စာသင်ကျောင်း၌ မီခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးပြောဟောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၇၉)ဦး တက်ရောက်ခဲ့ပါသည်။ မြို့/မှူး ဦးကျော်မျိုးသူ-၂ မှ မီးခိုးမြူငွေ့ဖြစ်ပေါ်ပုံ အကြောင်းအရင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများ၊ ရောဂါများနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာနည်းလမ်းများကို တက်ရောက်လာသူများအား အသိပညာပေး ဆွေးနွေးဟောပြောသွားခဲ့ပါကြောင်း သတင်းရရှိသည်။

(၂၈-၄-၂၀၂၆) ရက်နေ့၊ (၁၁:၀၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ဝါးခယ်မဘိနယ်၊ ကဝဲ‌အင်ချောင်းကျေးရွာ၊အုပ်ချုပ်ရေးမှူး‌နေအိမ်တွင် ဝါးခယ်မဘိနယ် သစ်တောဦးစီးဌာန၊တောအုပ်ဦး‌ကျော်မြတ်သူမှ မီးခိုး/မြူငွေ့လျော့ချရေး ၊သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့်လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့ပါသည်။အဆိုပါအသိပညာပေးဟောပြောပွဲတွင်စုစုပေါင်းသစ်တောဝန်ထမ်း၃ ဦး၊‌ကျေးရွာအုပ်ချုပ်ရေးဝန်ထမ်း(၁)ဦး၊ကျေးရွာသား( ၃၀) ဦး၊ကျေးရွှာသူ (၂၅ ) ဦး ၊စုစုပေါင်း(၅၉) ဦးတက်ရောက်ခဲ့ပြီးမီးခိုး/မြူငွေ့ ဖြစ်ပေါ်လာပုံ၊ မီးခိုး/မြူငွေ့ အဓိပ္ပါယ်၊ဆိုးကျိုး၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ထိန်းသိမ်းကာကွယ်ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊သစ်တောဦးစီးဌာန မှ ဆောင်ရွက်နေသည့်စိုက်ခင်းများလုပ်ဆောင်နေမှု၊ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်း အကျိုးကျေးဇူး စသည့်အကြောင်းအရာများဆွေးနွေးးအသိပညာပေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့/မှူး ဦးမော်မော်ထွေးနှင့်ဝန်ထမ်းများမှ (၂၈-၄-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:၃၀)နာရီအချိန်တွင် ရေဦးမြို့၊ အောင်ဆန်း၊ အ.မ.က စာသင်ကျောင်း၌ မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အသိပညာပေးပြောဟောပွဲအား ကျင်းပပြုလုပ်ခဲ့ရာ ဆရာ/ဆရာမများ နှင့် ကျောင်းသား/ ကျောင်းသူ စုစုပေါင်း(၅၈)ဦး တက်ရောက်ခဲ့ပါသည်။ မြို့/မှူး ဦးမော်မော်ထွေးမှ မီးခိုးမြူငွေ့ဖြစ်ပေါ်ပုံ အကြောင်းအရင်း၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့်ဆိုးကျိုးများ၊ ရောဂါများနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာနည်းလမ်းများကို တက်ရောက်လာသူများအား အသိပညာပေး ဆွေးနွေးဟောပြောသွားခဲ့ပါကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊မော်လိုက်/ခန္တီးခရိုင်၊ခန္တီးမြို့နယ် သစ်တောဦးစီးဌာန၊ တောအုပ်ဦးဝင်းခိုင်နှင့်ဝန်ထမ်းများမှ (၂၈-၄-၂၀၂၆)ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန် ခန္တီးမြို့နယ်၊ကင်းတော်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် မီးခိုးမြူငွေ့လျှော့ချရေးအသိပညာပေးဟောပြောပွဲအား ပတ်ဝန်းကျင်ထိန်သိမ်းရေးဦးစီးဌာန၊ဦးစီးအရာရှိဦးတင့်လွင်ထွန်းနှင့်ဝန်ထမ်းများ၊မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးအောင်မျိုးဝင်းနှင့်ဝန်ထမ်းများ၊စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်များပူးပေါင်း၍ မီးခိုးမြူငွေ့လျှော့ချရေး အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ပါသည်။ ဟောပြောပွဲသို့ ကင်းတော်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်ဒေသခံပြည်သူ (၆၀)ဦးတက်ရောက်ကြပြီး မီးခိုးမြူငွေ့နှင့်ပတ်သက်၍ ပြည်သူများ၏ မေးမြန်းချက်များအားရှင်းလင်းပြောကြားခြင်း၊မြေပြင်ကွင်းဆင်း၍ မီးခိုးမြူငွေ့ဆိုင်ရာများသရုပ်ပြရှင်းလင်းခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

Pages