Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်သစ်တောဦးစီးဌာနမှ တောင်ကြီးမြို့အ-ထ-က-၂ ၌ မီးခိုးမြူငွေ့လျော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေး အသိပညာပေးဟောပြောပွဲအား ၂၀၂၄ ခုနှစ်၊ နိုင်ဝင်ဘာလ ၈ ရက်နေ့ နံနက် (၉:၀၀)နာရီတွင် ကျင်းပခဲ့ပါသည်။
ဟောပြောပွဲတွင် တောင်ကြီးခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်မင်းမှ သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေးအတွက် သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအကြောင်း၊ တောင်ကြီးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိန်မောင်ဌေးမှ မီးခိုးမြူငွေ့လျော့ချရေး အကြောင်း အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်သူ ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များ မေးမြန်းခဲ့ကြပါသည်။ အသိပညာပေးဟောပြောပွဲအား တောင်ကြီးမြို့ အ-ထ-က-၂ မှ ဆရာ/ဆရာမနှင့် ကျောင်းသား၊ ကျောင်သူ (၁၅၀) ဦး တက်ရောက်ခဲဲ့ပါကြောင်းသိရှိရပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ (၂-၁၁-၂၀၁၄) ရက်နေ့တွင် မုံရွာမြို့၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း၊ အစည်းအဝေးခန်းမ၌ “မီးခိုး/မြူငွေ့လျော့ချရေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ”အား ပြည်သူများ၊ ကျောင်းသား/သူများ အသိပညာ ဗဟုသုတတိုးပွားစေရန်အတွက် ညွှန်ကြားရေးမှူးရုံး၊ သစ်တောဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကျင်းပဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုမင်းမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အားကစားနှင့် ကာယပညာသိပ္ပံကျောင်း၊ ကျောင်းအုပ်ကြီး ဦးကျော်ကျော်မှ ထပ်ဆင့်အမှာစကားပြောကြားခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။ ဟောပြောပွဲတွင် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့ချရေး၊ ရာသီဥတုပြောင်းလဲမှု လျော့နည်းစေရေးနှင့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန်၊ သဘာဝဘေးအန္တရာယ်များ၊ မီးခိုး/မြူငွေ့ အန္တရာယ်များ စသည်တို့ကို သိရှိနားလည်ပြီး ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ တောင်ယာခုတ်ခြင်း၊ တောမီးရှို့ခြင်းနှင့် သစ်တောပြုန်းတီးမှုကို လျှော့ချနိုင်စေရန် ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးဟောပြောခဲ့ကြပါသည်။ “မီးခိုး/မြူငွေ့လျော့ချရေးနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ”သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး(၁)ဦး၊ မုံရွာ ခရိုင်၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၂)ဦး၊ အား/ကာ သိပ္ပံကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဒုတိယကျောင်းအုပ်အပါအဝင် ကျောင်းသား/သူ(၁၀၄)ဦး၊ မုံရွာမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ အပါအဝင် ဝန်ထမ်း(၃)ဦး၊ စုစုပေါင်း(၁၁၀)ဦး တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။

(၅-၁၁-၂၀၂၄) ရက်နေ့၊ နံနက် (၉:၃၀)နာရီအချိန်တွင်ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ပဲခူးမြို့၊အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်း၌ မီးခိုးမြူငွေ့လျှော့ချရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပဆောင်ရွက်ခဲ့ရာ အခမ်းအနားတွင် အမှတ် (၃) အခြေခံ ပညာအထက်တန်းကျောင်း၊ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးချစ်ဦး-၂ မှ မြူခိုးမြူငွေ့လျှော့ချရေးနှင့်သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသူကျောင်းသားများအား အသိပညာပေးလက်ကမ်းစာစောင်များ ပေးအပ်ခြင်းနှင့် ကျောင်းမှ တာဝန်ရှိသူများအား ကျောင်းသုံးဘောပင်များ လှူဒါန်းခဲ့ကြကြောင်းသိရှိရပါသည်။ ဟောပြောပွဲသို့ ပဲခူးမြို့၊အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ ၊ ကျောင်းသား/သူများနှင့် တာဝန်ရှိသူများ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါသည်။

သစ်တောဦးစီးဌာနနှင့် ဂျပန်နိုင်ငံ Fukuoka တိရစ္ဆာန်ဥယျာဉ်တို့အကြား နှစ်နိုင်ငံချစ်ကြည်ရေး တိရစ္ဆာန်လဲလှယ်ရေးအစီအစဉ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (Virtual)ကို (၁၉.၉.၂၀၂၄) ရက်၊ မွန်းလွဲ (၁၃:၃၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)၊ ဦးကျော်ဇေယျတက်ရောက်အဖွင့်အမှာစကားပြောကြားသည်။ အစည်းအဝေးတွင် မြန်မာ့သစ်လုပ်ငန်းမှ ဒေါက်တာဇော်မင်းဦးနှင့် တိရစ္ဆာန်ဆေးကုဆရာဝန်များအဖွဲ့မှ မြန်မာနိုင်ငံအတွက် လက်ခံရယူမည့် တိရစ္ဆာန်များရွေးချယ်ခြင်းနှင့် ပတ်သက်၍ ဆွေးနွေးခြင်းနှင့် ဂျပန်နိုင်ငံ Fukuoka တိရစ္ဆာန်ဥယျာဥ်မှတာဝန်ရှိသူများမှ မြန်မာနိုင်ငံအတွက်ပေးပို့ရမည့် တိရစ္ဆာန်များရွေးချယ်နိုင်ရေး၊ သယ်ယူပို့ဆောင်နိုင်ရေး တို့နှင့်ပတ်သက်သည့်ကိစ္စရပ်များ ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

မွန်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ ၈-၁၁-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်၌ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ပန်းဘဲတန်းရပ်ကွက်၊ အမှတ်(၁)၊ အခြေခံပညာအထက်တန်းကျောင်း တွင် " မီးခိုး/မြူငွေ့လျှော့ချရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ" ပြည်နယ်အဆင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ စုစုပေါင်း (၁၂၀) ဦး တက်ရောက်ခဲ့ကြ ပြီး အဆိုပါဟောပြောပွဲတွင် မွန်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဝင်းထွန်း-၂ မှ လေထုညစ်ညမ်းခြင်း၊ မီးခိုး/မြူငွေ့ အန္တရာယ်နှင့် မီးခိုး/မြူငွေ့ လျှော့ချရေး အစီအစဉ်၊ ဒီရေတောများအကြောင်း သိကောင်းစရာ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မော်လမြိုင်-သထုံခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်ထူးမှ ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီး ဆွေးနွေးဟောပြောခဲ့ကြပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြား ဆောင်ရွက်ခဲ့ကြကြောင်းနှင့်ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာသည့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ သူများအား သစ်ပင်စိုက်ပျိုးခြင်းဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရှိရပါသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၁၀.၀၉၇၀)တန်၊ သစ်မာ (၁.၂၀၃၀)တန်၊ အခြား (၁၀.၇၈၄၀)တန်၊ စုစုပေါင်း (၂၂.၀၈၄၀)တန်၊ ယာဉ်/ ယန္တရား (၇)စီး၊ တရားခံ (၃)ဦး ဖမ်းဆီးရမိခဲ့ပါသည်-ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၁၁-၉-၂၀၂၄ ရက်နေ့၊ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အုပ်ချုပ်မှုအောက်ရှိ ကျောက်တန်းမြို့နယ်၊ ချောင်းဝကျေးရွာအနီး ရန်ကုန်မြစ်ဝ အတွင်းမှ တရားမဝင် တောင်သရက်ခွဲသား (၁၆၈၇)ချောင်း၊ (၉.၀၆၄၀)တန်၊ စက်လှေ (၁)စီးနှင့် တရားခံ(၃)ဦးတို့အား ဖမ်းဆီးရမိမှုဖြစ်ပါသည်။

ကရင်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ (၄-၁၁-၂၀၂၄)ရက်နေ့ ဘားအံမြို့၊ အ.ထ.က (၂) ရွှေရတုခန်းမ၌ “မီးခိုး/မြူငွေ့ လျှော့ချရေးနှင့် သဘာဝ ဘေးအန္တရာယ်အသိပညာပေး” ဆိုင်ရာ ဟောပြောပွဲကျင်းပရာ အဆိုပါဟောပြောပွဲတွင် လက်ထောက်ညွှန်ကြားရေးမှူး-ဦးသူရကျော်-၁ က တောမီးအမျိုးအစားများ၊ တောမီးလောင်ကျွမ်းမှု အခြေခံအကြောင်းအရင်းများ၊ Fire Hortspots ဖြစ်ထွန်းမှု အခြေအနေ၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှုဆိုင်ရာ ဆွေးနွေး ဟော ပြောခြင်း၊ လက်ထောက်ညွှန်ကြားရေးမှူး-ဦးအောင်ဝင်းကျော် က မြန်မာနိုင်ငံတွင် တွေ့ရှိရသော အဓိကဂေဟစနစ် (၈)မျိုးအကြောင်း၊ ဂေဟစနစ်များ ပျက်စီးရသည့် အကြောင်းအရင်းများ၊ ရာသီ ဥတုကို ပြောင်းလဲမှုကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများ စသည်တို့ကို ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပြီး မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပြီး ဟောပြောပွဲသို့ ဘားအံမြို့၊ အ.ထ.က(၂) ကျောင်းမှ ဆရာ/ ဆရာမ (၄) ဦး၊ Grade -8 ကျောင်းသား (၅၈) ဦး၊ ကျောင်းသူ (၆၉) ဦး စုစုပေါင်း (၁၃၁) ဦး တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ သစ်တောဦးစီးဌာနမှ (၈-၁၁-၂၀၂၄)ရက်နေ့ (၁၀း၀၀)နာရီတွင်၊ ဒဂုံတက္ကသိုလ် (ဘွဲ့နှင်းသဘင်)ခန်းမတွင် “ မီးခိုး/မြူငွေ့လျော့ချရေးနှင့် သဘာဝ ဘေးအန္တရာယ်အသိပညာပေး” ဆိုင်ရာဟောပြောပွဲကျင်းပရာ ပါမောက္ခချုပ်ဒေါက်တာ ဝင်းဝင်းသန်း က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ရန်ကုန်မြောက်ပိုင်းခရိုင် လက်ထောက် ညွှန်ကြားရေးမှူး ဦးနေမျိုးဝင်း - ၁ မှ မီးခိုး/ မြူငွေ့လျော့ချရေး ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးမြန်းချက်များအပေါ် ပြန်လည်ဖြေကြားဆောင်ရွက်ခဲ့ပြီး မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲသို့ ဒဂုံ တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းနှင့် ပါမောက္ခ၊ ဌာနမှူး၊ ကတိကများနှင့် တက္ကသိုလ်ကျောင်းသား/ကျောင်းသူများနှင့် တာဝန်ရှိသူများ စုစုပေါင်း(၁၅၀)ဦး တက်ရောက်ခဲ့ကြ ကြောင်းသိရှိရပါသည်။

Pages