၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၂၉.၁၀.၂၀၂၅) ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် သစ်တောဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ချယ်ရီရိပ်သာရှင်းလင်းဆောင် ၌ တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲအား ကျင်းပခဲ့ရာ တက်ရောက်သူဦးရေ ကျား (၆၆)ဦး၊ မ(၁၆) ဦး၊ သစ်တောဝန်ထမ်း(၁၇)ဦး စုစုပေါင်း(၉၉)ဦးတက်ရောက်ခဲ့ပါသည်။ ဟောပြောပွဲတွင် သစ်တောဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ဒုတိယညွှန်ကြားရေမှူး ဦးစိုးမိုးမှ ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်းရှိ သစ်တောဖုံးလွှမ်းမှု အခြေအနေများ၊ တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေးအတွက် သစ်တောဉပဒေဆိုင်ရာ ပြဌာန်းချက်များကို လေးစားလိုက်နာစေရေး နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်သည့် အကြောင်းအရာများအား အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ သိရှိလိုသည်များကိုဆွေးနွေးမေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပါကြောင်းသတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်းလုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင် ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမ စိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ (၂၀-၁၀-၂၀၂၅)ရက်နေ့မှ (၂၆-၁၀-၂၀၂၅) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၃၈.၂၅၄၈ )တန်ဖမ်းဆီးရမိခဲ့ပါသည်။

ရှမ်း​​ပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်၊ လွိုင်လုံကျေးရွာအုပ်စု၊ ပန်တဝိကျေးရွာဘုန်းတော်ကြီးကျောင်းတိုက်၌ ဟွေဟုတ်ကြိုးဝိုင်းတောဖွဲ့စည်းနိုင်ရေးအတွက် ကြေးတိုင်ပုံစံ(၁)ထုတ်ပြန်ကြေငြာထားရှိမှုကို ဒေသခံပြည်သူများ ကျာ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် အောက်တိုဘာလ ၁၈ နေ့လယ်ပိုင်းတွင် အသိပညာပေးရှင်းလင်းပွဲကျင်းပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်ကြေးတိုင်အရာရှိ၊ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အမှာစကားပြောကြားပါသည်။ ဆက်လက်၍ မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိက ဟွေဟုတ်ကြိုးဝိုင်းတောဖွဲ့စည်းနိုင်ရေးအတွက် ကြေးတိုင်ပုံစံ (၁)ပါ တည်နေရာ၊ နယ်နိမိတ်၊ အကျယ်အဝန်းသတ်မှတ်ချက်များကို မြေပုံနှငိ့တကွ အသေးစိတ်ရှင်းလင်းပြီး ကြိုးဝိုင်းဖွဲ့စည်းရခြင်း၏ အကျိုးကျေးဇူးများနှင့် ​ဒေသခံပြည်သူများလိုက်နာရမည့်အချက်အလက်များကို ေဆွးနွေးပြောကြားပါသည်။ ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဟွေဟုတ်ကြိုးဝိုင်းတော၏ တည်နေရာပြမြေပုံနှင့် မြေအသုံးချမှုမြေပုံတို့ကို လွိုင်လုံကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းတို့ကို ​ဒေသခံပြည်သူများ၏ ရှေ့မှောက်တွင် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင် ကျွန်း (၂၉.၆၇၀၂)တန်၊ သစ်မာ (၀.၇၅၀၀)တန်၊ အခြား (၁၈.၄၂၆၆)တန်၊ စုစုပေါင်း (၄၈.၈၄၆၈)တန်၊ ယာဉ်/ယန္တရား (၇)စီး၊ တရားခံ (၁၄)ဦး ဖမ်းဆီးရမိခဲ့ပါသည်။ ဖမ်းဆီးရမိမှုများအနက် အများဆုံးဖမ်းဆီးရမိမှုမှာ ၂၁-၁၀-၂၀၂၅ ရက်နေ့တွင် ရန်ကုန် တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ အင်းတိုင်ဘိနယ်၊ ရဲမွန် ကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ် (၁၁/၆) နှင့် (၁၁/၇)ကြား နေရာမှ တရားမဝင် ကျွန်းသစ်လုံး (၄၄)လုံး (၁၇.၇၇၂၀)တန်၊ (၂၂)ဘီးယာဉ် (၁)စီး၊ တရားခံ (၂)ဦး ဖမ်းဆီးရမိမှုဖြစ်ပါသည်။

(၂၈-၁၀-၂၀၂၅) ရက်၊ အင်္ဂါနေ့ (၁၀:၀၀) နာရီတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမ၌ ပြည်တွင်း/ပြည်ပနိုင်ငံများမှ သင်တန်း/အလုပ်ရုံဆွေးနွေးပွဲများ တက်ရောက်ခဲ့ကြသည့် သစ်တောဝန်ထမ်းများ၏ အတွေ့အကြုံနှင့် ဗဟုသုတများ ပြန်လည်မျှဝေခြင်းဆိုင်ရာ Knowledge Sharing Presentation အစီအစဉ်ကျင်းပခဲ့ရာ ညွှန်ကြား​ရေးမှူးချုပ်ရုံးမှ ​တောအုပ်ကြီးမှဒုတိယညွှန်ကြား​ရေးမှူးထိ သစ်​တောဝန်ထမ်းများ တက်​ရောက်ပြီး ပြည်နယ်/တိုင်းဒေသကြီးများမှ တောအုပ်ကြီး/ ဦးစီးအရာရှိ/ လက်ထောက်ညွှန်ကြားရေးမှူး (၂၂) ဦးစီက online စနစ်ဖြင့်တက်ရောက်ခဲ့သည်။ အစီအစဉ်အရ ဒေါက်တာအင်ကြင်းခိုင် (လက်ထောက်ညွှန်ကြားရေးမှူး၊ လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေးဌာနခွဲ)က သဘာပတိအဖြစ် ဆောင်ရွက်ပြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာသင်းသင်းမှ ဗီယက်နမ်နိုင်ငံတွင် တက်ရောက်ခဲ့သည့် သစ်တောမီး စီမံအုပ်ချုပ်မှုဆိုင်ရာ တတိယအကြိမ်မြောက် စီမံကိန်းလုပ်ငန်း စီမံအုပ်ချုပ်မှုကော်မတီ အစည်းအဝေးအား ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများ၏ မေးခွန်းမေးမြန်းမှုများအပေါ် ပြန်လည်ဆွေးနွေးဖြေကြားခဲ့ကြောင်းသိရှိရသည်။

မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ နှင့် ဒီရေတောထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကို အောက်တိုဘာလ(၂၇)ရက်နေ့ ၊နံနက် (၀၉:၀၀) နာရီ အချိန်တွင် ကျိုက်ထိုမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာနမှ ဝန်ထမ်း (၉) ဦး၊ ဆရာမ (၄) ဦး၊ ကျောင်းသား(၆၃)ဦး၊ ကျောင်းသူ (၁၀၄) ဦး စုစုပေါင်း ကျား (၇၂) ဦး၊ မ (၁၀၈) ဦး၊ ပေါင်း(၁၈၀)ဦးတက်ရောက်ခဲ့ပါသည်။ဟောပြောပွဲတွင် ကျိုက်ထိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဟိန်းထက်မှ သစ်တောသစ်ပင်များ၏ အကျိုးကျေးဇူးများ၊ သစ် တောများပျက်စီးပြုန်းတီးရသည့်အကြောင်းအရင်းများ၊ တောမီးလောင်မှု ကြောင့်ဖြစ်ပေါ်ဆိုင်သော ဆိုးကျိုးများ၊ တောမီးရှို့ခြင်း ဆောင်ရွက်စေရေးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် နှင့် မီးခိုးမြူငွေ့လျော့ချနိုင်ရေးဆိုင်ရာအသိပညာပေးပြောကြားခဲ့ပြီးနောက် တောအုပ်ကြီး ဦးဇင်ကိုလတ်မှ မြန်မာနိုင်ငံရှိ တောအမျိုးအစားများနှင့် ဂေဟစနစ်များ၊ ဒီရေတောများ၏ ထူးခြားသော သဘာဝများ၊ ကမ္ဘာနှင့်အရှေ့တောင်အာရှနိုင်ငံများရှိ ဒီရေတောများပေါက်ရောက်မှုအခြေအနေ၊ မြန်မာနိုင်ငံရှိ ဒီရေတောအမျိုးအစားနှင့် ဒီရေတောမျိုးစိတ်များ၊ ဒီရေတောဂေဟစနစ်၏ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ၊ ဒီရေတောများပျက်ဆီးရသည့်အကြောင်းအရင်းများနှင့် ဒီရေတောများအား ထိန်းသိမ်းခြင်းဖြင့် ရရှိနိုင်မည့်အကျိုးကျေးဇူးများ စသည်ဖြင့် ပညာပေးပြောကြားခဲ့ပါသည်။ထို့နောက် တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။

(၂၇-၁၀-၂၀၂၅)ရက်နေ့ (၁၂း၃၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း ၌ သစ်တောဦးစီးဌာန၊ မြန်အောင်မြို့နယ်၊ တောအုပ်ကြီး ဦး‌နိုင်ဝင်းနှင့် တောအုပ် ဦးအောင်သူ တို့မှ *သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေး၊ တောမီးရှို့ခြင်းမှ ကာကွယ်ရေး၊ မီးခိုးမြူငွေ့လျော့ချရေးနှင့် တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ* ကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင် တောအုပ်ကြီး ဦးနိုင်ဝင်း က *သစ်တောသစ်ပင်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေး၊ မီးခိုးမြူငွေ့လျော့ချရေး* ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တောအုပ်ဦးအောင်သူ က *တောမီးရှို့ခြင်းမှ ကာကွယ်ရေး၊ တောဆင်ရိုင်းအန္တရာယ်ကာကွယ်ရေး* ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခဲ့ပြီး ဟောပြောပွဲသို့ အခြေခံပညာအထက်တန်းကျောင်း (သပြေကုန်း)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ(၉)ဦး၊ ဆရာမ (၄၂)ဦး၊ ကျောင်းသား‌(၁၁၆)ဦး၊ ကျောင်းသူ(၁၃၇)ဦး၊ သ‌ပြေကုန်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် သပြေကုန်းကျေးရွာမှ ဒေသခံ ရပ်မိရပ်ဖ ကျား(၃၀)ဦး၊ သစ်တောဝန်ထမ်း (၃)ဦး စုစုပေါင်း(၃၃၉)ဦး (ကျား(၁၅၉)ဦးနှင့် မ(၁၈၀)ဦး) တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ ဖိတ် ကြား၍ ကာလတိုပုံမှန်သင်တန်း၊ မျိုးဆက်သစ် လူငယ်များအား သစ်တောနှင့် ပတ်ဝန်းကျင် ထိန်း သိမ်းရေးဆိုင်ရာ အသိပညာမျှဝေသည့် အစီအစဉ်များ၊ သင်တန်းကျောင်းဝန်ထမ်းများ၏ စွမ်း ဆောင်ရည်မြှင့်တင်သည့် သင်တန်းအစီအစဉ်များကိုလည်း နှစ်စဉ်ဆောင်ရွက် ကျင်းပလျက် ရှိသည့် အပြင် ဒေသခံ ပြည်သူများအတွက် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး သင်တန်းအစီအစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။ ၂၀၂၅ ခုနှစ်၊ သင်တန်းအစီအစဉ်များအရ ဒေသခံ ပြည်သူများအတွက် စီစဉ်ဖွင့်လှစ်သည့် ‘ဝါး လက်မှုပစ္စည်းထုတ်ကုန်သင်တန်း’ ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့ အထိ (၇)ရက်ကြာ ဖွင့်လှစ်ပို့ချကျင်းပမည်ဖြစ်ပြီး၊ သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့ နံနက် ၀၉:၀၀ နာရီ၌ AFoCO RETC သင်တန်းကျောင်း၊ မှော်ဘီမြို့၌ ကျင်းပခဲ့ရာ AFoCO Secretariat မှ Mr. Kim Tongil (Director) Mr. Kim Kiwon (Program Officer)တို့က Online မှ လည်းကောင်း၊ ဗဟိုသစ်တောလုပ်ငန်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးဌာန မှ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ AFoCO RETC သင်တန်းကျောင်းမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် သင်တန်းကျောင်းမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ မှော်ဘီမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိနှင့် သင်တန်းဆရာ/ဆရာမများ၊ သင်တန်းသား/သူများ စုစုပေါင်း(၃၅)ဦးခန့်တက်ရောက်ခဲ့ကြပါသည်။

Pages