၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ကျောက်ဆည်ခရိုင်၊ တံတားဦး(စဉ့်ကိုင်တွဲ)မြို့နယ်၊ မြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာလျော့ချရေးနှင့် ရေချွေတာရေးအသိပညာပေး ဟောပြောပွဲကို (၂၆-၄-၂၀၂၆)ရက်နေ့၊ (၀၉၀၀)နာရီတွင် တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်း၊ ဦးတည်ကျေးရွာအုပ်စု၊ ရွှေစည်းခုံ ဘုရားဝင်းအတွင်းရှိဓမ္မာရုံတွင်ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ရာ ဒေသခံပြည်သူ စုစုပေါင်း(၅၀)ဦးတက်ရောက်ပါသည်။ အဆိုပါ ဟောပြောပွဲတွင် တံတားဦး(စဉ့်ကိုင်တွဲ)မြို့နယ်မှ မြို့နယ်သစ်တောဦးစီးဌာနမှူး ဦးကျော်ဇင်မြင့်ဦးမှ မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာလျော့ချရေးဆိုင်ရာအသိပညာပေးဗဟုသုတများနှင့် သစ်တောသစ်ပင်များမှ ရရှိ နိုင်သော အကျိုးကျေးဇူးများ၊ သစ်တောပြုန်းတီးရခြင်းကြောင့် ခံစားနေရသော ဆိုးကျိုးများ၊ သစ်ပင်တစ်ပင်စိုက် တစ်ပင်ရှင်သန်အောင်မြင်ရန်နှင့် ကျေးရွာမြို့ပြများတွင် အစိမ်းရောင်ဧရိယာ Green Space စိုက်ပျိုးခြင်းဖြင့် စိမ်းစိမ်းစိုစိုအပင်များမှ သန့်ရှင်းလတ်ဆတ်သော လေကောင်းလေသန့်များရရှိနိုင်စေသည့် အကျိုးခံစားမှုများ၊ ရေသယံဇာတထိန်းသိမ်းရေး၏အရေးပါမှုအကြောင်းများနှင့် မိမိပတ်ဝန်းကျင် ကျေးရွာ/ မြို့ပြများ စိမ်းလန်းစိုပြည် သာယာရေးအတွက် သစ်ပင်များစိုက်ပျိုးသွားကြရန် အသိပညာပေးဟောပြောခဲ့ပြီး (၁၀၃၀)နာရီတွင် ဟောပြောပွဲ ပြီးဆုံးကြောင်းသတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး၊မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ ကြီးမှူး၍ (၂၆-၄-၂၀၂၆)ရက်နေ့ (၁၆:၀၀)နာရီအချိန် တောင်တွင်းကြီးမြို့နယ်၊ဆတ်သွားအုပ်စု၊ ဂွေးကုန်းကျေးရွာတွင် "သစ်တောထိန်းသိမ်းရေး၊ ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တောင်တွင်းကြီးမြို့နယ်၊မြို့နယ်ဦးစီးဌာနမှူးရုံးမှ ဦးမြင့်သန်းကို(ဦးစီးအရာရှိ)မှ "သစ်တောထိန်းသိမ်းရေးနှင့် ရေသယံဇာတထိန်းသိမ်း ရေးဆိုင်ရာ" သိကောင်းစရာများကိုလည်းကောင်း၊ဦးထွန်းထွန်းဝင်း(တောအုပ်ကြီး)မှ "မီးခိုး/မြူငွေ့လျှော့ချရေး ဆိုင်ရာ"များအားလည်းကောင်းရှင်းလင်းဟောပြောခဲ့ပါသည်။တက်ရောက်လာသူ ပြည်သူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပြီး (၁၇:၀၀) နာရီချိန်တွင် ပြီးစီးခဲ့ပါသည်။ ဟောပြောပွဲသို့ တောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှဝန်ထမ်း(၆)ဦး၊ဆတ်သွားကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှူးပါ (၃)ဦး၊ ဂွေးကုန်းကျေးရွာ၊ဒေသခံပြည်သူ ကျား (၂၈) ဦး၊မ(၃၄) ဦး၊စုစုပေါင်း (၇၁) ဦး တက််ရောက်ခဲ့ပါကြောင်း သတင်းရရှိသည်။

(၂၆-၄-၂၀၂၆) ရက်နေ့ ၊နေ့လည် (၁၅:၀၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဘိုကလေးမြို့နယ်၊ ပဝိန်ကျေးရွာအုပ်စု၊ အဝစုကျေးရွာ၊ ကျေးရွာ ဓမ္မာရုံတွင် ဘိုကလေးမြို့နယ် သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးအောင်မျိုးမှ "ရေချွေတာရေးနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"ကို ကျင်းပခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း ၄ ဦး၊ကျေးရွာသား(၃၅) ဦး၊ကျေးရွာသူ (၂၀ ) ဦး ၊စုစုပေါင်း(၅၉) ဦးတက်ရောက်ခဲ့ပါသည်။ ရေသည် လူနှင့် တိရစ္ဆာန်များအတွက်သာမက သက်ရှိအပင်များအားလုံးအတွက်လည်း အရေးကြီးဆုံးအရာ ဖြစ်ပါကြောင်းနှင့် လူ့အရေးသုံးပါးဖြစ်သည့် "စားရေး၊ ဝတ်ရေး၊ နေရေး" များစွာထဲမှာ သောက်သုံးရေ အလုံအလောက် ရရှိမှုကလည်း အခြေခံ လိုအပ်ချက် တစ်ခု ဖြစ်ပါကြောင်းနှင့် ထိန်းသိမ်းကာကွယ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ အကျိုးကျေးဇူး စသည့်အကြောင်းအရာများဆွေးနွေးးအသိပညာပေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

(၂၆-၄-၂၀၂၅) ရက်နေ့ ၊နံနက်(၁၀:၀၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် မောင်းဒီးကျေးရွာအုပ်စု၊ ပိတောက်ကုန်းကျေးရွာ၊ အ.လ.က စာသင်ကျောင်းတွင် လပွတ္တာမြို့နယ် သစ်တောဦးစီးဌာန၊ တောအုပ်ကြီး ဦးကိုကိုအောင်မှ မီးခိုး/မြူငွေ့လျော့ချရေး ၊သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့ပါသည်။အဆိုပါအသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း ၄ ဦး၊ကျေးရွာသား( ၈၀) ဦး၊ကျေးရွာသူ (၂၅ ) ဦး ၊စုစုပေါင်း(၁၀၉) ဦးတက်ရောက်ခဲ့ပြီးမီးခိုး/မြူငွေ့ ဖြစ်ပေါ်လာပုံ၊ မီးခိုး/မြူငွေ့ အဓိပ္ပါယ်၊ဆိုးကျိုး၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ထိန်းသိမ်းကာကွယ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ အကျိုးကျေးဇူး စသည့်အကြောင်းအရာများဆွေးနွေးးအသိပညာပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိသည်။

(၂၆.၄.၂၀၂၆) ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် ကျိုက်ထိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ကျိုက်ထိုမြို့နယ်၊ ကော့ဘိန်းကျေးရွာ၊အောင်ဦးအထပ်သားစက်ရုံ၌ *''Fire Hotspot ဖြစ်ပွားမှုလျော့နည်းပပျောက်ရေး၊တောမီးလောင်ကျွမ်းမှုမရှိစေရေး ထိန်းသိမ်းကာကွယ်ခြင်း အသိပညာပေးဟောပြောပွဲ''ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ကော့ဘိန်းကျေးရွာ၊ ပျဥ်းမစခန်းကျေးရွာမှ ကျေးရွာသူ/သားများ ကျား (၁၃)ဦး၊ မ (၅၄) ဦးနှင့် ကျိုက်ထိုမြို့နယ် ဦးစီးအရာရှိပါ သစ်တောဝန်ထမ်း (၇) ဦး၊ စုစုပေါင်းကျား(၂၀)ဦး၊ မ( ၅၄)ဦး၊ စုစုပေါင်း(၇၄)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ ဟောပြောပွဲ တွင် ကျိုက်ထိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းအောင်နိုင်မှ သစ်တော ထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေး၊ Fire Hotspot ဖြစ်ပွားမှုလျော့ချ ရေးဟောပြောခြင်းများဆောင်ရွက်ကာ တက်‌ရောက်လာသည့်‌ ရွာသူ/သားများက သိရှိလိုသည့် မေးမြန်း ချက်များအပေါ် ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဓနဲရိကျေးရွာအုပ်စု၊ အေးရွာလေးကျေးရွာရှိ အ.မ.ကကျောင်းတွင် (၂၆.၄.၂၀၂၆)ရက်နေ့၊ (၁၁:၄၅) နာရီအချိန်တွင် “သစ်တော ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ”ကျင်းပခဲ့ရာ ထန်းတပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးပါ သစ်တောဝန်ထမ်း(၁၁)ဦး၊ အေးရွာလေးကျေးရွာမှ အမျိူးသား (၅၁)ဦး စုစုပေါင်း အမျိုးသား(၆၂)ဦးတို့ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန၊ ထန်းတပင်မြို့နယ်၊ မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းမှ သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအကြောင်း၊ သစ်တော များကပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချ ရေးတွင် သစ်တောများ၏အရေးပါမှု၊ အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့ လျော့ချရေးအတွက် Fire Hotspotsများ လျော့နည်းကျဆင်းအောင် ပတ်ဝန်းကျင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် နေမှုများအကြောင်းနှင့် တောမီးရှို့ခြင်း၊ လယ်ယာများမီးရှို့ခြင်းများမပြုလုပ်ရန်၊ မီးခိုးမြူငွေ့ လေထု ညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ သစ်တောများ ထိန်းသိန်းရေးအကြောင်းနှင့် သစ်တောမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူး များအကြောင်းတို့ကို တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများကို အသိပညာပေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဓနဲရိကျေးရွာအုပ်စု၊ ဓနဲရိကျေးရွာရှိ အ.မ.ကကျောင်းတွင် (၂၆.၄.၂၀၂၆)ရက်နေ့၊ (၀၉:၃၀) နာရီအချိန်တွင် “သစ်တော ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ”ကျင်းပခဲ့ရာ ထန်းတပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးပါ သစ်တောဝန်ထမ်း(၁၁)ဦး၊ ဓနဲရိကျေးရွာမှ အမျိူးသား (၃၈)ဦး အမျိုးသမီး(၂)ဦး၊ စုစုပေါင်း အမျိုးသား(၄၉)ဦး၊ အမျိုးသမီး (၂)ဦး၊ စုစုပေါင်း(၅၁)ဦးတို့ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် သစ်တောဦးစီးဌာန၊ ထန်းတပင်မြို့နယ်၊ မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းမှ သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအကြောင်း၊ သစ်တော များကပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှု လျှော့ချ ရေးတွင် သစ်တောများ၏အရေးပါမှု၊ အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့ လျော့ချရေးအတွက် Fire Hotspotsများ လျော့နည်းကျဆင်းအောင် ပတ်ဝန်းကျင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက် နေမှုများအကြောင်းနှင့် တောမီးရှို့ခြင်း၊ လယ်ယာများမီးရှို့ခြင်းများမပြုလုပ်ရန်၊ မီးခိုးမြူငွေ့ လေထု ညစ်ညမ်းမှု၏ ဆိုးကျိုးများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး ဆောင်ရွက်နေမှု အခြေအနေများ၊ သစ်တောများ ထိန်းသိန်းရေးအကြောင်းနှင့် သစ်တောမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူး များအကြောင်းတို့ကို တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများကို အသိပညာပေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းလပ်မြို့၌ ဒေသခံတောင်သူများ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တွင် စနစ်တကျပြန်လည်အသုံးချတတ်စေရန် ရည်ရွယ်၍ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲ(ခရိုင်အဆင့်) ကို ဧပြီ ၂၅ ရက်နံနက်ပိုင်းက နမ်ခင်းကျေးရွာအုပ်စု၊ ဝမ်တုံကျေးရွာ ဝမ်တုံရှမ်းဘုန်း ကြီးကျောင်းဝန်းတွင် ကျင်းပသည်။ ရှေးဦးစွာ တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးလွှမ်းမိုးထက်က "စုပေါင်းကာကွယ် မီးခိုးမြူငွေ့ညစ်ညမ်းမှုအန္တရာယ်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ခရိုင်သစ် တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်-၃က "ရာသီဥတုပြောင်းလဲမှု တောမီးနှင့် မီးခိုးမြူငွေ့ လျော့ချရေး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး ဦးစီးဌာနများမှ အော်ဂဲနစ်(Organic) စိုက်ပျိုးရေး အကြောင်းနှင့် လယ်ယာထွက်စွန့်ပစ်ပစ္စည်းမျာ မီးမရှို့ဘဲ စိုက်ပျိုးရေးနှင့် မွေးမြူးရေးလုပ်ငန်းများတွင် စနစ်တကျပြန်လည် အသုံးပြုရေးကို လည်းကောင်း၊ တာချီလိတ်ခရိုင်မီးသတ်ဦးစီးဌာနနှင့် မြေစာရင်းဦးစီးဌာနမှ တာဝန်ရှိသူများက ဌာနအလိုက် အသီးသီးဆွေးနွေးပို့ချကြသည်။ ထို့နောက် တက်ရောက်လာသော ဒေသခံပြည်သူများက သိလိုသည်များကို မေးမြန်းရာ ပြည်သူများ၏ ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာဌာနများက ပြန်လည်ဖြေကြားပြီး ကျိုင်းလပ်မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးထွေးက "တောင်ယာခုတ်ထွင်မီးရှို့ခြင်း၊ ရိုးပြတ်များမီးရှို့ခြင်းနှင့် တောမီးရှို့ခြင်းကြောင့် ထိခိုက်နိုင်မှုများ ပုံစံ(၁)နှင့် တောမီးလောင်ကျွမ်းမှု မရှိစေရေး သတိပြုရန် ပုံစံ(၂)" ဗီနိုင်းပိုစတာအား ဝမ်တုံကျေးရွာ အုပ်ချုပ်ရေးမှူးထံသို့ ပေးအပ်သည်။ အဆိုပါဆွေးနွေးပွဲသို့ နမ်ခင်းကျေးရွာအုပ်စုရှိ ကျေးရွာများမှ ရှမ်း၊ အာခါ၊ လားဟူ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပြီး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက မြန်မာ၊ ရှမ်း၊ လားဟူ၊ အာခါ ဘာသာ များဖြင့် ထုတ်ဝေထားသော မီးခိုမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်း ၁၃၀ ကို ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

Pages