Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော အစောင့် (လစာနှုန်းကျပ် ၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) ရာထူး (၃) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံးတွင်လစ်လပ်လျက်ရှိသောလုံခြုံရေး(၅)(လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) ရာထူး (၂)နေရာအတွက်လျှောက်လွှာများတင်သွင်းနိုင်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံးတွင်လစ်လပ်လျက်ရှိသောယာဉ်မောင်းစက်ပြင်(၅)(လစာနှုန်းကျပ် ၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀)ရာထူး(၂)နေရာအတွက်လျှောက်လွှာများတင်သွင်းနိုင်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊သစ်တောဦးစီးဌာန၊ညွှန်ကြားရေးမှူးချုပ်ရုံးတွင်လစ်လပ်လျက်ရှိသော ပုံဆွဲ(၄)(လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀)ရာထူး(၃)နေရာအတွက်လျှောက်လွှာများတင်သွင်းနိုင်ပါသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံးတွင် လစ်လပ်လျက်ရှိသော စာရင်းကိုင်(၄) (လစာနှုန်းကျပ် ၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) ရာထူး (၂) နေရာအတွက် လျှောက်လွှာများ တင်သွင်းနိုင်ပါသည်။

၁၈-၁-၂၀၂၄ရက်‌နေ့ နံနက် (၉:၀၀)နာရီတွင် သစ်တောဦးစီးဌာန အစည်းအဝေးခန်းမ၌ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦးနှင့် တာဝန်ရှိသူများအား WIF အဖွဲ့မှ ကိုယ်စားလှယ်များမှ လာရောက်တွေ့ဆုံပြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်ရမည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာဆွေးနွေးကြပါသည်။ ဆက်လက်၍ FREDA အဖွဲ့မှ ကိုယ်စားလှယ်များက နေ့လည်(၁၁:၀၀)နာရီတွင် လာရောက်တွေ့ဆုံ၍ ဒီရေတောများ ပြန်လည် တည်ထောင်ခြင်းလုပ်ငန်းများနှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန ၏ ပြည်နယ်နှင့်တိုင်းဒေသကြီးလုပ်ငန်းညှိနှိုင်းအစည်းအဝေး(ပထမအကြိမ်)ကို(၁၉-၁၂၀၂၄) ရက်နေ့ နံနက်(၀၈:၃၀)နာရီတွင် သစ်တောဦးစီးရုံးချုပ်၊ အင်ကြင်းခန်းမ၌ Online စနစ်ဖြင့် ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သောင်းနိုင်ဦး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်နယ်နှင့် တိုင်းဒေသ ကြီး ညွှန်ကြားရေးမှူးများနှင့် ဦးစီးရုံးချုပ်ညွှန်ကြားရေးမှူးများက လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ကြမည့် အခြေအနေများကို ဆွေးနွေး တင်ပြကြသည့် ဆက်လက်၍ ဦးစီးရုံးချုပ်ရှိ ညွှန်ကြားရေးမှူးများမှ ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး)နှင့် ဒုတိယညွှန်ကြားရေး မှူးချုပ်(မူဝါဒနှင့်စီမံကိန်း)တို့မှ ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားက အခမ်းအနားကို နေ့လည်(၁၄ :၀၀)နာရီတွင် ရုတ်သိမ်းလိုက်ကြောင်းသတင်းရရှိသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်း သစ်မူရင်းဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နားထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက် နေလျှက်ရှိသည့် အပြင် တရားမဝင်သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချ နေထိုင်ခြင်းများအား ပြည်သူပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာအတွင်းမှ ( ၈-၁-၂၀၂၄)ရက်နေ့မှ (၁၄-၁-၂၀၂၄) ရက်နေ့ထိ တစ်ပတ်တာကာလ အတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၂၅.၇၂၂၂) တန်ဖမ်းဆီးရမိခဲ့ပါသည်။

Pages