၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

(၂၅-၄-၂၀၂၁၆)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်၊ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊မြောင်းမြမြို့နယ်၊ အိမ်မဲဘိနယ်၊ ကန်ကြီးဒေါင့်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် အိမ်မဲဘိနယ် သစ်တောဦးစီးဌာန၊ တောအုပ်ဦးအောင်မျိုးပိုင်မှ မီးခိုး/မြူငွေ့လျော့ချရေး ၊သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲ ကိုကျင်းပခဲ့ပါသည်။ အဆိုပါအသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း(၃)ဦး၊ ‌ကျေးရွာသား( ၃၂) ဦး၊ ကျေးရွှာသူ (၂၁ ) ဦး၊ စုစုပေါင်း(၅၃ )ဦး တက်ရောက်ခဲ့ပြီးမီးခိုး/မြူငွေ့ ဖြစ်ပေါ်လာပုံ၊ မီးခိုး/မြူငွေ့ အဓိပ္ပါယ်၊ဆိုးကျိုး၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ထိန်းသိမ်းကာကွယ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ သစ်တော ဦးစီးဌာနမှ ဆောင်ရွက်နေသည့်စိုက်ခင်းများလုပ်ဆောင်နေမှု၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော တည်ထောင်ခြင်း အကျိုးကျေးဇူး စသည့်အကြောင်းအရာများဆွေးနွေးး အသိပညာပေးဟောပြော ခဲ့ပါကြောင်း သတင်းရရှိသည်။

ပုလောမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲကို(၂၅-၄-၂၀၂၆)ရက်နေ့၊ နေ့လည်(၁၃:၀၀)နာရီ၌ ပုလောမြို့နယ်သစ်တောဦးစီးဌာနမှူးရုံး၌ ကျင်းပဆောင်ရွက်ခဲ့ရာ ပုလောမြို့၊ အမှတ်(၃)ရပ်ကွက် ရပ်မိရပ်ဖ မိဘပြည်သူနှင့် ပရဟိတအဖွဲ့များမှ ကျား(၇)ဦး၊မ(၃၁)ဦး၊ သစ်တောဝန်ထမ်း (၈)ဦး စုစုပေါင်း (၅၆)ဦး တက်ရောက်ခဲ့ကြပါသည်။ ပုလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးဌာနမှူးဦးတင်အောင်မျိုး မှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေး ခေါင်းစဉ်ဖြင့် အကြောင်းအရာများကို တက်ရောက်လာသူများသို့အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ ဟောပြောပွဲတွင်တက်ရောက်လာသူများမှ သိရှိလိုသည်များကို မြို့နယ်ဦးစီးဌာနမှူး ဦးတင်အောင်မျိုးမှ ပြန်လည်ဖြေကြားခဲ့ပါကြောင်းသတင်းရရှိသည်။

(၂၅.၄.၂၀၂၆) ရက်နေ့၊ နံနက် (၈:၃၀) နာရီအချိန်တွင် မုဒုံမြို့နယ်၊ သစ်တောဉီးစီးဌာနမှ တာပသွန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေးခြင်း ဟောပြောပွဲ´´ကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲသို့ တာပသွန်းကျေးကျေးရွာအုပ်စုချုပ်ရေးမှူးပါ ကျေးရွာသူ/သားများ ကျား (၁၈)ဦး မ (၁၂) ဦးနှင့် မုဒုံမြို့နယ် သစ်တောဝန်ထမ်း (၅)ဦး၊ စုစုပေါင်း ကျား(၃၅)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါ ဟောပြောပွဲတွင် မုဒုံမြို့နယ်၊ သစ်တောဦးစီးဌာနမှ တောအုပ်ကြီး ဦးဝင်းစိုးမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေး ခေါင်းစဥ်ဖြင့် ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

(၂၄-၄-၂၀၂၆)ရက်နေ့၊ (၁၁:၃၀)နာရီအချိန်တွင် သာယာဝတီခရိုင်၊နတ်တလင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအား ထိပ်ပိတ်ကျေးရွာအုပ်စု၊ ထိပ်ပိတ်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျေးရွာသူ/ကျေးရွာသားများနှင့်ဟောပြောပွဲ ကျင်းပပြုလုပ်ရာဒေသခံပြည်သူကျား(၂၇)ဦး၊မ(၂၄)ဦးနှင့်သစ်တောဝန်ထမ်း(၃)ဦးစုစုပေါင်း(၅၄)ဦးတက်ရောက်ခဲ့ပါကြောင်း၊နတ်တလင်းမြို့နယ်သစ်တောဦးစီးဌာန၊ တောအုပ်ကြီးဦးသန့်ဇော်မှ သစ်တောပြုစုထိန်းသိမ်းခြင်း၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ အကြောင်းအရာများကိုအသိပညာပေးဟောပြောခဲ့ပြီး ဒေသခံများမှ သိရှိလိုသည်များအားဆွေးနွေးဖြေကြားခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိန်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအသိပညာပေး ဟောပြောပွဲအား (၂၅.၄.၂၀၂၆) ရက်နေ့၊ နံနက်(၁၂း၃၀)အချိန် ရွှေတောင်မြို့နယ်၊ ကျွဲတလင်းအုပ်စု၊ သရက်ကုန်းကျေးရွာ တွင်ကျင်းပဆောင်ရွက်ခဲ့ရာ ဒေသခံကျေးရွာမှ ‌ကျေးရွာသူ/သား ၃၃ ဦး၊ ကျား (၂၀)ဦး မ (၁၃) ဦး) သစ်တောဦးစီးဌာနမှ ၀န်ထမ်း(၄)ဦး၊ စုစုပေါင်း (၃၇)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် ရွှေတောင်မြို့နယ်၊ မြို့နယ်ဦးစီးဌာနမှူး ဦးအောင်စက်ပိုင် မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပြောက်ရေးဆိုင်ရာများဟောပြောခြင်းနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အကြောင်း အရာများကို ဆွေးနွေးဟောပြောခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားခြင်းဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

တောင်ငူမြို့နယ်၊သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေး ဆိုင်ရာအသိပညာပေးဟောပြောပွံအား(၂၅၊၄၊၂၀၂၆)ရက်နေ့(၁၀း၃၀)နာရီအချိန်တောင်ငူမြို့နယ် ကန်ရိုးပျိုးဥယျာဥ်တွင် ကျင်းပဆောင်ရွက်ခဲ့ပြီးကန်ရိုးကျေးရွာနေပြည်သူ(၃၈)ဦးတက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တောင်ငူမြို့နယ်သစ်တောဦးစီးဌာနမှူးရုံးမှ ဦးစီးအရာရှိ ဦးမိုးကျော်သူမှ မီးခိုးမြူငွေ့လျှော့ချရေး၊တောမီးကာကွယ်ရေးနှင့် တရားမဝင်သစ်ထုတ်မှုလျော့နည်းပပြောက်ရေးဆိုင်ရာအကြောင်းအရာများကိုဟောပြောပို့ချခဲ့ပြီးတက်ရောက်လာသူများမှသိရှိလိုသည်များကိုရှင်းလင်းပြောကြားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

မင်းလှမြို့နယ်၊ သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိန်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျှော့ချရေး ဆိုင်ရာအသိ ပညာပေး ဟောပြောပွဲအား (၂၅.၄.၂၀၂၆) ရက်နေ့၊ နံနက်(၀၉:၀၀)အချိန် မင်းလှမြို့နယ်၊ ကောက်ကွေး တန်းကျေးရွာ တွင်ကျင်းပဆောင်ရွက်ခဲ့ရာ ဒေသခံကျေးရွာမှ ‌ကျေးရွာသူ/သား ၅၈ ဦး၊ ကျား (၂၁)ဦး မ (၃၇) ဦး) သစ်တောဦးစီးဌာနမှ ၀န်ထမ်း(၆)ဦး၊ စုစုပေါင်း (၆၄)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် တောအုပ်ကြီး ဦး‌စိုးသန်းမြင့် မှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပြောက်ရေးဆိုင်ရာများဟောပြောခြင်းနှင့်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနမှူးမှ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာအကြောင်း အရာများကို ဆွေးနွေး ဟောပြော ခဲ့ပါသည်။ ထို့နောက်တက်ရောက်လာသူများမှ သိရှိလိုသည်များကို ရှင်းလင်းပြောကြားခြင်း ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

(၂၃-၄-၂၀၂၆)ရက်နေ့၊ (၁၃:၁၅)နာရီအချိန်တွင် သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်မှသစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ကျရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအားကြို့ကုန်းကျေးရွာအုပ်စု၊ ကြို့ကုန်းဘုန်းကြီးကျောင်း၌ကျေးရွာသူ/ကျေးရွာသားများနှင့်ကျင်းပပြုလုပ်ရာဒေသခံပြည်သူကျား(၃၉)ဦး၊ မ(၁၀)ဦးနှင့်သစ်တောဝန်ထမ်း(၄)ဦးစုစုပေါင်း(၅၃)ဦးတက်ရောက်ခဲ့ပါကြောင်း၊မြို့နယ်သစ်တောဦးစီးဌာနမှတောအုပ်ကြီးဦးစောမြင့်လှိုင်မှတောမီးကာကွယ်ရေးနှင့်မီးခိုးမြူငွေ့လျော့ကျရေးလုပ်ငန်းများ၊သစ်တောပြုစုထိန်းသိမ်းရေးလုပ်ငန်းများအားအသိပညာပေးဟောပြောခဲ့ပြီးဒေသခံများသိရှိလိုသည်များအားဆွေးနွေးဖြေကြားခြင်းတို့ဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

Pages