Welcome to Forest Department
No front page content has been created yet.
သတင်းနှင့်ကြေငြာချက်များ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်၊ မေလတွင် ထုတ်ပြန်သည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ (က)အရ အပ်နှင်းထား သည့် အခွင့်အာဏာများကိုကျင့်သုံး၍ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ ကုန်းမြေ (၇၈၁) ဧကနှင့် ရေပြင်(၂၂,၂၁၉) ဧက၊ စုစုပေါင်း ဧရိယာ (၂၃,၀၀၀) ဧကကို ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရန်အတွက် “ကျွန်းနံ့သာအဏ္ဏဝါအမျိုးသားဥယျာဉ်”အဖြစ် အမိန့်ကြော်ငြာ စာအမှတ်( ၅၀ /၂၀၂၄) အရ ၁၃၈၆ ခုနှစ်၊ နယုန်လဆန်း(၆)ရက်(၂၀၂၄ ခုနှစ် ၊ ဇွန်လ ၁၂ ရက်) မှစတင်သတ်မှတ်ကြောင်းကြေညာလိုက်သည်။
(၁၇-၆-၂၀၂၄)ရက်နေ့၊ (၀၇:၃၀)အချိန်တွင် ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်သစ်တောဦးစီးဌာန၊ ဖျာပုံမြို့ အ.ထ.က(၁)ဘောလုံးကွင်း၀န်းအတွင်း ကမ္ဘာ့သဲကန္တာရ ဖြစ်ထွန်းမှုတိုက်ဖျက်ရေးနေ့ အထိန်းအမှတ် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခစဖဥက္ကဌ ဦးတင်လင်းနှင့် ဇနီး(ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဌ) ဒေါ်ခင်စန္ဒာဦး၊ မစဖ ဥက္ကဌ ဦးသက်ထားမောင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ထွေ/ အုပ်ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ မြို့နယ်သစ်တောဦးစီးအရာရှိ ဦးကျော်ဇံရွှေနှင့် ဝန်ထမ်းများ စုစုပေါင်းအင်အား(၁၅၀)ဦး တက်ရောက်ခဲ့ပြီး မန်ဂျန်ရှား(၁၅၀)၊ ပျဥ်းကတိုး(၅၀)၊ မယ်ဇလီ (၅၀)၊ ယမနေ(၅၀)၊ ကဗွီး(၅၀)၊ စိန်ပန်း(၅၀)၊ ခရေ(၅၀)၊ မဟော်ဂနီ (၅၀)ပင်၊ စုစုပေါင်းပျိုးပင်(၅၀၀)အားစိုက်ပျိုးခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ(၁၇) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် သစ်တောဦးစီးဌာနမှ ဖြူးချောင်းဆည်မြောင်းဝန်းအတွင်း ၂၀၂၄ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်အား(၈:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ ရန်ကုန်-မန္တလေးအမြန်လမ်း ရဲတပ်ဖွဲ့ဝင်များ၊ သစ်တောဝန်ထမ်းများနှင့် ပြည်သူလူထု စုစုပေါင်း(၁၂၅)ဦးဖြင့် ကျွန်း(၂၀၀) ပင်၊ ပျဥ်းကတိုး(၅၀)ပင်၊ ပိတောက်(၅၀)ပင်၊ ယမနေ(၅၀)ပင်နှင့် မန်ဂျန်ရှား(၅၀) ပင် စုစုပေါင်းပျိုးပင်(၄၀၀)ပင်အား စုပေါင်းစိုက်ပျိုးခဲ့ပါသည်။
သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာန (KFS) တို့ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော “ကိုရီးယား-မြန်မာ REDD+ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း (FD-KFS REDD+ Project)” အစီအစဉ်ဖြင့် “ဝါးစိုက်ပျိုးပြုစုခြင်းနှင့် ဝါးလက်မှုပစ္စည်း ထုတ်လုပ်ခြင်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို (၁၇.၆.၂၀၂၄) ရက်နေ့ နံနက် (၉:၀၀) နာရီတွင် သစ်တောသုတေသနဌာန စုဝေးခန်းမ၊ ရေဆင်း၊ နေပြည်တော်၌ကျင်းပပြုလုပ်ရာ သစ်တောဦးစီး ဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း) ဦးဖေချစ် တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်းကျရောက်နေသည့်ဧရိယာအကျယ်အဝန်း(၄၀၈.၀၇)ဧကရှိသောနယ်မြေကို “ငါ့လင်းပုတ်ကြိုးပြင်ကာကွယ်တောအပိုင်း(၂)”အဖြစ် အမိန့်ကြော်ငြာစာအမှတ်(၄၉/၂၀၂၄)အရ ၁၃၈၆ခုနှစ်၊ နယုန်လဆန်း ၁ ရက်(၂၀၂၄ခုနှစ်၊ ဇွန်လ ၇ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
ကျုံပျော်မြို့၌ (၁၅- ၆ -၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၃၀)အချိန်တွင်၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပခဲ့ပါသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့၊ သစ်တောဦးစီးဌာန၊ ကျုံပျော်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်းနှင့် ဒေသ အပူချိန် လျှောချနိုင်စေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄-ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ခဲပေါင်တံတားအဆင်း၊ တောချောင်းအုပ်စု၊ ရှမ်းစုကျေးရွာတွင် စုပေါင်းသစ်ပင်စိုကပျိုးခဲ့ကြပါသည်။ ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းတို့က ပျိုးပင်များအား စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးခင်မောင်သန်းနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင် ဒေါ်သွယ်သွယ်မိုးတို့ထံပေးအပ်သည်။
သစ်တောဦးစီးဌာန၊ ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ် တောင်ကြီး (ထင်း)ကြိုးဝိုင်းအတွင်း (၁၅.၆.၂၀၂၄)ရက်နေ့၊ နံနက်(၈:၃၀)တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီး(၄)ဦးမှ သစ်ပင်စိုက်ပျိုးမည့်ဌာနဆိုင်ရာ၊ ဒေသခံပြည်သူများအား သစ်ပင်များ ပေးအပ်ခဲ့ပါသည်။ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ပြည်နယ်တရားသူကြီးချုပ် ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စစ်ဘက်ဆိုင်ရာ အရာရှိကြီးများ၊ ပြည်နယ်/ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်များ၊ တက္ကသိုလ်/ ကောလိပ်/သင်တန်းကျောင်းမှ ဆရာ/ဆရာမ နှင့်ကျောင်းသူ/ကျောင်းသားများ၊ အရပ်ဘက်အဖွဲ့အစည်း၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများစုပေါင်း၍ သစ်ပင်စိုက်ပျိုးခြင်း ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါသစ်ပင်စိုက်ပျိုး ပွဲသို့ လူထုတက်ရောက်အင်းအား(၁၁၀၀)အင်းအား တက်ရောက်ပြီး ထင်ရှူး၊ ချယ်ရီ၊ စိန်ပန်းနီ၊ စိန်ပန်းပြာ၊ မာတာကွတ်၊ စွယ်တော်၊ အာဖရိကန်ကျူးလစ် စုစုပေါင်း (၁၁၀၀)ပင် စိုက်ပျိုးခဲ့ပါကြောင်းသိရှိရပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာနသည် ၂၀၁၈ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်းကျရောက်နေသည့်ဧရိယာအကျယ်အဝန်း(၇၂၇.၉၁)ဧကရှိသောနယ်မြေကို “ငါ့လင်းပုတ်ကြိုးပြင်ကာကွယ်တောအပိုင်း(၁)”အဖြစ်အမိန့်ကြော်ငြာစာအမှတ်(၄၈/၂၀၂၄)အရ ၁၃၈၆ခုနှစ်၊ နယုန်လဆန်း ၁ ရက်(၂၀၂၄ခုနှစ်၊ ဇွန်လ ၇ ရက်) မှစ၍ သတ်မှတ်ကြောင်းကြေညာလိုက်သည်။