Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်း၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ မိတ်ဖက်ကုမ္ပဏီများ၊ CSR အဖွဲ့များ၊ ဆက်စပ်ဌာန ဆိုင်ရာ/ အဖွဲ့အစည်းများနှင့် စီမံကိန်းဧရိယာမှ ဒေသခံပြည်သူများ ပူးပေါင်း၍ တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများကို ကာကွယ်ထိန်းသိမ်းရန်နှင့် ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် “နေရင်းဒေသပြန်လည်တည်ထောင်ရေး မိုးရာသီစုပေါင်းသစ်ပင်စိုက်ပွဲ” ကို ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၅) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီ၌ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ဓာတ်ငွေ့ပိုက်လိုင်းထိန်းသိမ်းရေးလမ်း (Service track)တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။

မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးပရဝဏ်ရှိ၊ ဗုဒ္ဓဥယျာဉ်တော် စိမ်းလန်းစိုပြည်ရေးအတွက် သစ်ပင်များပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို သစ်တောဦးစီးဌာနမှ လစဉ်ကုသိုလ်ယူ ဆောင်ရွက်လျက်ရှိရာ (၁၅-၆-၂၀၂၄) ရက်နေ့၊ နံနက်ပိုင်းတွင် ဗုဒ္ဓဥယျာဉ်တော်အတွင်း ၂၀၂၃ ခုနှစ်၊ မိုးရာသီ၌ စိုက်ပျိုးထားသည့် အပင်များ၏ သစ်မျိုးအလိုက် ရှင်သန်မှု၊ အပင်အမြင့် တိုးတက်မှုစသည့် အခြေအနေများအား သစ်တောဦးစီးဌာနဝန်ထမ်းများမှ အကွက်ငယ် (၆) ကွက်ခွဲခြား၍ သတ်မှတ်အကွက်ငယ်များအလိုက် တိုင်းတာစစ်ဆေးဆောင်ရွက်မှု အခြေအနေများကို သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊(စီမံခန့်ခွဲရေး) ဦးကျော်ဇေယျနှင့် နေပြည်တော်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးတို့နှင့်အတူ ကြည့်ရှု့ စစ်ဆေးခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူးချုပ်မှ ကွင်းဆင်းလုပ်ငန်းဆောင်ရွက်မှုများအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားဆောင်ရွက်ပေးခဲ့ကြောင်းသိရှိရပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင သဘာဝပတ်ဝန်းကျင်ထိန်း သိမ်း ရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ၆၊ ပုဒ်မခွဲ(င) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့်သုံးလျက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၆၀၁.၆)ဧကရှိသော နယ်မြေကို “သရက်တောင်ကြီးဒီရေတောကြိုးပြင်ကာကွယ်တော”အဖြစ် အမိန့်ကြော်ငြာစာအမှတ် (၄၇/၂၀၂၄)အရ ၁၃၈၆ခုနှစ်၊ နယုန်လဆန်း ၁ ရက် (၂၀၂၄ ခုနှစ်၊ ဇွန်လ ၇ ရက်) မှစ၍ သတ်မှတ်ကြောင်းကြေညာလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး ၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို လှည်းကူးမြို့နယ်၊ သမဝါယမကောလိပ်ဝန်း(ဖောင်ကြီး)တွင် (၁၄-၆-၂၀၂၄) ရက်နေ့ (၀၇:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်ဇနီး၊ တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီး များနှင့်ဇနီးများ၊ ဒုတိယတိုင်းမှူးနှင့်တပ်မတော်အရာရှိကြီးများ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ ကျောင်းသူ/သားများ၊ သမကောလိပ်ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ ကျောင်းသူ/သားများ၊ CFDTC ကျောင်းအုပ်ကြီးနှင့်ဝန်ထမ်းများ ၊ အခြေခံပညာကျောင်းများမှ ကျောင်းသူ/ကျောင်းသားများ၊ အသင်းအဖွဲ့ များ ၊ ဒေသခံပြည်သူများ ၊ သစ်တောဝန်ထမ်းများစုစုပေါင်းအင်အား (၁၂၆၄) ဦး တက်ရောက် ၍ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ ပျဉ်းမ၊ ခရေ ၊ စိန်ပန်း၊ မန်ဂျန်ရှား၊ မာလာလူးကား စုစုပေါင်းသစ်မျိုး(၉) မျိုး အပင်ပေါင်း (၆၂၇၃)ပင်ကို တပျော်တပါးစိုက်ပျိုးခဲ့ ကြပါကြောင်းသိရှိရပါသည်။

(၁၆.၅.၂၀၂၄)ရက်နေ့၊မွန်းလွဲ (၁၁:၀၀)နာရီတွင်သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲအားသစ်တောဦးစီးဌာန၊မူဆယ်ခရိုင်၊ချယ်ရီခန်းမ၌ကျင်းပပြုလုပ်ရာ"ကျော်"ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာ/ဆရာမ(၂)ဦး၊ ကျောင်းသား/ကျောင်းသူ(၅၅)ဦး၊ စုစုပေါင်း(၅၇)ဦးတက်ရောက်ခဲ့ပါသည်။ ထို့နောက် မူဆယ်ခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူးဦးဇော်သက်မှ သစ်တောနှင့်ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာအသိပညာပေးခြင်း၊ သစ်တောများနှင့် ရာသီဥတုပြောင်းလဲမှုလျော့ချရေးအသိပညာပေးခြင်းအားလည်းကောင်း ၊ မူဆယ်မြို့နယ်၊ ဦးစီးအရာရှိဦးမျိုးစည်သူအေးမှ သစ်တောများနှင့် ရေဝေရေလဲများထိန်းသိမ်းရေး၊ သစ်တောများမှပေးစွမ်းနိုင်သောအကျိုးကျေးဇူးများအားလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအကြာင်းအရာများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဦးအယ်လ်စိုးထန်တူးမှလည်းကောင်း ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့နောက် ရွှေသမင်ပျိုးဉယျာဉ်တွင် ပျိုးပင်များပျိုးထောင်ပြုစုထိန်းသိမ်းခြင်းအား တောအုပ်ဦးမျိုးသန်းထိုက်မှ လက်တွေ့ရှင်းလင်းပြသခဲ့ပြီး၊ချယ်ရီ၊ထင်းရှူး၊ခါတော်မှီစုစုပေါင်း(၃၀)ပင် အားပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တောင်ကြီးခရိုင်၊ ပင်းတယမြို့နယ်၊ သစ်တောဦးစီးဌာန မှ (၁၆.၅.၂၀၂၄)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန် ပင်းတယမြို့နယ်၊ အ.ထ.က(ကြိုသက်)၊ ပညာ့ရောင်ခြည်ခန်းမတွင် `သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ’ အား (FD-AFoCO Model Forest Project) စံပြသစ်တောတည်ထောင်ခြင်းစီမံကိန်းနှင့်ပူးပေါင်းကာ ကျင်းပပြုလုပ်ခဲ့သည်။ ဟောပြောပွဲတွင် တောင်ကြီးခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဇော်မင်းမှ `ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်း’ ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီး၊ တောင်ကြီးခရိုင်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိဦးသူရထိုက်အောင်မှ `ရေဝေရေလဲဒေသများထိန်းသိမ်းရေး’ နှင့် `သစ်တောများမှပေးစွမ်းသောအကျိုးကျေးဇူးများ’ခေါင်းစဉ်ဖြင့် ရှင်းလင်းဟောပြောခဲ့ပါသည်။ ထို့နောက် ကျောင်းဝန်းအတွင်းတွင် မဟော်ဂနီ(၂)ပင်၊ တပြေဘူတ(၃)ပင်၊ စိန်ပန်းနီ (၂)ပင်၊ ခါတော်မီ(၄)ပင် စုစုပေါင်း(၁၁)ပင်အားဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ပူးပေါင်းကာ အမှတ်တရသစ်ပင်စိုက်ပျိုးခဲ့ပြီး၊ ပင်းတယမြို့နယ်၊ သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးမှ ပုန်းတလုတ်ပျိုးဉယျာဉ်တွင်(၂၀၂၄)မိုးရာသီတွင်ဖြန့်ဝေစိုက်ပျိုးမည့် ပျိုးပင်များနှင့် ပျိုးဥယျာဉ်လုပ်ငန်းဆောင်ရွက်ခြင်းအဆင့်ဆင့်ကို ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ကြကြောင်းသိရှိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်တွင်သစ်တောဦးစီးဌာနမှ ဦးဆောင်၍ နွေရာသီ ကျောင်းပိတ်ရက်၌ ကျောင်းသား/ ကျောင်းသူများအား “သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကို(၁၆-၅-၂၀၂၄)ရက်နေ့၊နံနက်(၀၈:၃၀)နာရီတွင် ထန်းတပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ရတနာခန်းမတွင် ကျင်းပပြုလုပ်ရာ ဟောပြောပွဲသို့ ထန်းတပင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ထန်းတပင် မြို့နယ် မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ဆရာမ (၁၅)ဦး၊ ကျောင်းသား/ကျောင်းသူ (၅၇)ဦးစုစုပေါင်း (၇၃)ဦး တို့ တက်ရောက်ခဲ့ကြပြီး သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းမှ ကျောင်းသား/ ကျောင်းသူများအား သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာ အသိပညာပေးခြင်း၊ သစ်တောသစ်ပင်များမှ ရာသီဥတု ပြောင်းလဲမှုကို လျော့ချရေးဆိုင်ရာ အသိပညာပေးခြင်း၊ သစ်တောများနှင့် ရေဝေရေလဲဒေသများ ထိန်းသိမ်းခြင်းနှင့် သစ်တောများမှ ပေးစွမ်းနိုင်သော အကျိုးကျေးဇူးများကို ဟောပြောခဲ့ပြီး ဟောပြောပွဲတက်ရောက်လာသူများအား အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြသည်။ ဆက်လက်၍ သစ်ပင်စိုက်ပျိုးခြင်း အခြေခံနည်းစနစ်တို့ကို ရှင်းလင်းသရုပ်ပြခဲ့ပြီး ကျောင်းဝန်းအတွင်း ကံ့ကော်ပင်(၁)ပင် ခရေပင်(၂)ပင် တို့ကို စိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့နောက် ထန်းတပင်မြို့နယ်၊ သီတာအေး(ယာယီ)ပျိုးဥယျာဉ်သို့ သွားရောက်လေ့လာကြရာ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းခြင်း၊ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရှိရပါသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊နမ့်စန်ခရိုင်၊နမ့်စန်မြို့နယ်၊ခိုလမ်မြို့တွင်သစ်‌တောဦးစီး‌ဌာနမှသစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို (၁၅.၅.၂၀၂၄) ရက်နေ့၊ နံနက်(၈)နာရီအချိန်တွင် အ.မ.က(မူလွန်)ဝမ်ဖွီးကျောင်း‌၌ကျင်းပခဲ့ပါသည်။ ရှေးဦးစွာ လွိုင်လင်ခရိုင်၊လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းနိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး သစ်တောများနှင့်ရာသီဥတုပြောင်းလဲမှုလျော့ချရေး အကြောင်းအသိပညာ‌ပေးပြောကြားပေးခဲ့ပါသည်။ ဆက်လက်၍ လွိုင်လင်မြို့နယ်သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မျိုးကသစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများအကြောင်း ၊သစ်တောနှင့် ရေဝေရေလဲဒေသများထိန်းသိမ်းရေးအကြောင်း၊ လွိုင်လင်မြို့နယ်၊ သစ်တောဦးစီးဌာန တောအုပ်ကြီး ဦးကျော်ကျော်သာက သစ်တောများကပေးစွမ်းနိုင်သော အကျိုးကျေးဇူးများ‌အကြောင်း၊ ခိုလမ်မြို့နယ်ခွဲ စည်ပင်ယာ‌ရေးဌာနတာဝန်ခံ ဦး‌ကျော်မင်းထွန်းက အမှိုက်စနစ်တကျစွန့်ပစ်ရေးအကြောင်းတို့ကို အသိပညာပေး‌ ဟောပြောကာ သစ်တောမှရရှိသော အကျိုးကျေးဇူးများကို ဗီဒီယိုမှတ်တမ်းဖြင့်ပြသခဲ့ပြီး တက်ရောက်လာသော ဌာနဆိုင်ရာ(၃)ဦး ဆရာ/ဆရာမ (၁၀)ဦးကျောင်းသား/ကျောင်းသူ (၁၀၇)ဦး စုစုပေါင်း(၁၂၀)ဦးတို့မှ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ပါသည်။ ထို့နောက် သစ်တောဦးစီးဌာနဝန်ထမ်းများက ကျောင်းဝင်းအတွင်း အရိပ်ရပန်းအလှပင် စိန်ပန်းပြာပင်(၁၀)ပင်ကို ဆရာ၊ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် အတူတကွစိုက်ပျိုးခဲ့ပါကြောင်းသိရှိရပါသည်။

Pages