၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပဲခူးမြို့နယ်သစ်တောဦးစီးဌာနနှင့်ပန်းပျိုးလက်ဘုန်းတော်ကြီးသင်ပညာရေးပရဟိတကျောင်းတို့ပူးပေါင်းကျင်းပသည့်မြို့နယ်အဆင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အား (၁၇-၆-၂၀၂၅) ရက်နေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ရာအင်းတကော်မြို့အုပ်ချုပ်ရေးမှူးနှင့်ဌာနဆိုင်ရာများ၊အမျိုးသမီးရေးရာနှင့်မိခင်နှင့်ကလေးစောင့်ရှောက်ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ရန်ကုန်မြို့မြန်မာနိုဘယ်အင်ဂျင်ရာနီယာကောလိပ်မှဆရာဆရာမနှင့်ကျောင်းသားကျောင်းသူများ၊စိန်ဂေဟာအရောင်းဆိုင်များမှကုမ္ပဏီ ဝန်ထမ်းများ၊ပဲခူးမြို့နယ်သစ်တောဦးစီးဌာနမှဝန်ထမ်းများနှင့်ဒေသခံပြည်သူများစုစုပေါင်း(၂၅၀) ဦးတို့မှတက်ရောက်ပြီးမနက်(၀၉း၀၀)နာရီ၌ ပန်းပျိုးလက်ဘုန်းတော်ကြီးကျောင်းတွင်ပဲခူးမြို့နယ်သစ်တောဦးစီးဌာန၊ဦးစီးအရာရှိဦးတင်ထွန်းမှသစ်ပင်စိုက်ပွဲအခမ်းအနားသို့တက်ရောက်လာသူများအား"မိုးရာသီသစ်ပင်စိုက်ပျိုးပြုစု၊ထိန်းသိမ်းရေး၊အသိပညာပေးဟော ပြောပွဲ"အားကျင်းပပြုလုပ်ပြီးသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမှတ် တမ်းဗွီဒီယိုများပြသပြီး(၁၂း၃၀)နာရီတွင်အင်းတကော်-ကျောက်တန်းလမ်းဘေးဝဲယာတွင်အင်းတကော်မြို့ရှိဌာနဆိုင်ရာနှင့်လူမှုရေးအသင်းအဖွဲ့များအားလူထုဖြန့်ပျိုးပင်များဖြန့်ဝေပေးခြင်းအစီအစဉ်နှင့်အတူစိမ်းလန်းစိုပြည်ရေးအနေဖြင့်အရိပ်ရအပွင့်ပွင့်ပြီးမျက်စိပဒါသဖြစ်စေသည့်ခရေ၊ကံ့ကော်၊ပန်းပိတောက်၊ပျဥ်းမ၊ငုရွှေဝါ၊စိန်ပန်းနီ၊စိန်ပန်းဝါ၊တယ်၊မန်ဂျန်ရှားပျိုးပင်ပေါင်း(၁၁၀၀)ပင်အားစုပေါင်း၍ စိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိပါသည်။

(၁၇.၆.၂၀၂၅)ရက်နေ့ နံနက် (၈:၃၀)နာရီ အချိန်တွင် သာယာဝတီမြို့နယ်၊ အလက ကွက်သစ် ကျောင်း၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ပလပ်စတစ်ဆိုးကျိုးများ၊ သစ်တောသစ်ပင် အကျိုးကျေးဇူးများ အသိပညာပေးဟောပြောပွဲအား သာယာဝတီမြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိှ ဦးစောအယ်ကလူစိုးမိုးမှ ဟောပြောဆွေးနွေးခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဆန်းဟိုမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးခင်မောင်လတ်မှ မီးဘေးအန္တရာယ် ဟောပြောခြင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လ/ထ ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမာမှ မိုးကြိုးဘေးအန္တရာယ် ရှင်းလင်းဟောပြောခြင်းများလည်း ဆောင်ရွက်ခဲ့ပါသည်။ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဆန်းဟိုနှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၃) ဦး၊ ဌာနဆိုင်ရာများမှ (၂၀) ဦး၊ ကျောင်းအုပ်ကြီးနှင့် ဆရာ/မ(၁၁) ဦး၊ ကျောင်းသူ/ ကျောင်းသား (၉၅) ဦး၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိပါ ဝန်ထမ်း(၅) ဦး စုစုပေါင်း (၁၃၅) ဦး တက်ရောက်ပါကြောင်း သတင်းရရှိပါသည်။

(၁၇-၆-၂၀၂၅)ရက်နေ့နံက်(၀၈:၀၀)နာရီအချိန်တွင်သစ်တောဦစီးဌာန၊သာယာဝတီခရိုင်၊ကြို့ပင်ကောက်မြို့နယ်၊အမှတ်(၈၇)သစ်စက်ဝန်းအတွင်းမြို့နယ်အဆင့်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားအားကျင်းပပြုလုပ်ရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးအောင်ကျော်ဇေယျနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာဝန်ထမ်း(၉၀)ဦးကြို့ပင်ကောက်၊အထကမှဆရာဆရာမများနှင့်ကျောင်းသား/ကျောင်းသူ(၂၄၀)ဦးမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့မှ(၂၅)ဦး၊အမျိုးသမီးရေးရာအဖွဲ့ဝင်(၁၀)ဦး၊သစ်တောဦးစီးဌာနမှ(၁၀)ဦးစုစုပေါင်း(၃၇၅)ဦးတက်ရောက်၍ကျွန်း၊ပျဉ်းကတိုး၊မန်ဂျန်ရှား၊ပိတောက်၊ပျဉ်းမ၊မဟော်ဂနီစုစုပါင်း(၃၅၀)ပင်အားစိုက်ပျိုးခဲ့ပါကြောင်းသတင်းရရှိပါသည်။

(၁၇.၆.၂၀၂၅)ရက်နေ့ နံနက်(၈:၀၀)နာရီအချိန်တွင် ပေါင်းတည်မြို့နယ်၊ သပြေ ကြီးစုကျေးရွာအုပ်စု၊ ယင်းမာကုန်းကျေးရွာတွင် ပေါင်းတည်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဗန်လာအဲငါပါ သစ်တောဝန်ထမ်း(၁၀)ဦး၊ ပေါင်တည်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ယင်းမာကုန်းကျေးရွာ အခြေခံမူလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသူ /သားများ၊ ဒေသခံ ပြည်သူများ စုစုပေါင်း (၂၃၇)ဦး ပူးပေါင်း၍ မြို့နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပွဲ ကျင်းပဆောင် ရွက်ခဲ့ရာ ကျွန်း(၁၅၀) ပင်၊ ခရေ(၂၀) ပင်၊ ပိတောက်(၁၀၀)ပင်၊ ပျဉ်းကတိုး(၁၀၀) ပင်၊ မန်ကျည်း(၇၀)ပင်၊ မယ်ဇယ်(၃၀)ပင်၊ ရေတမာ(၃၀) ပင်၊ စုစုပေါင်း(၅၀၀)ပင် စိုက်ပျိုးပြီးစီးပါကြောင်း ဓာတ်ပုံမှတ်တမ်းများနှင့်အတူ သတင်းရရှိပါသည်။

၁၇-၆-၂၀၂၅ ရက်နေ့၊(၀၈၀၀)နာရီတွင် တွံတေးမြို့နယ်၊ ကန်ကြီးကုန်းကျေးရွာ၊ ကန်ကြီးကုန်းရေလှောင်တမံတွင် မြို့နယ်အဆင့် ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်-၁ ဒုတိယ ဗိုလ်မှူးကြီးသန့်ဇင်၊ အဖွဲ့ဝင်-၃ ဦးမောင်မောင်၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမျိုးသန့်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်ဇာဇာယမင်းဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား/ကျောင်းသူများ၊ ပြည်သူများ စုစုပေါင်းအင်အား (၃၀၀)ဦး တက်ရောက်ပြီးမန်ဂျန်ရှား(၁၀၀၀)ပင် စိုက်ပျိုးခဲ့ပါကြောင်း နှင့် (၀၉၀၀)အချိန်တွင် အခမ်းအနား အောင်မြင်စွာပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် သစ်တောဦးစီးဌာနမှ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကို ‌ယနေ့နံနက်ပိုင်းက သာယာဝတီမြို့၊အလက ကွက်သစ်ကျောင်းဝန်း၌ ကျင်းပခဲ့သည်။အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုက ဌာနဆိုင်ရာများနှင့် အလက ကွက်သစ် ကျောင်းအုပ်ဆရာကြီးထံသို့ ပျိုးပင်များ အသီးသီးပေးအပ်ခဲ့သည်။အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလက ကွက်သစ်ကျောင်းအုပ်ဆရာကြီး၊ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ စုစုပေါင်းအင်အား(၁၅၀)ခန့်တို့က ကျွန်း၊ပျဉ်းကတိုး၊ ပိတောက်၊ ကံ့ကော်၊ ခရေ၊ မန်ဂျန်ရှား နှင့် စိန်ပန်းစသည့် ပျိုးပင်စုစုပေါင်း (၃၀၀) ပင်ကို စိုက်ပျိုးခဲ့ပါကြောင်း သိရှိရပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ AFoCO RETC စီမံကိန်း သင်တန်းကျောင်းသည် AFoCO အဖွဲ့ဝင်နိုင်ငံများမှ သင်တန်းသားများ ဖိတ်ကြား၍ ကာလတိုပုံမှန်သင်တန်းနှင့် သစ်တောဆိုင်ရာ တိုးချဲ့ပညာပေးအစီအစဉ်များ၊ ဒေသခံ ပြည်သူများ၏ လူမှုစီးပွားများကို အထောက်အကူပြု သင်တန်းများအပြင် မျိုးဆက်သစ် လူငယ်များအား သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာမျှဝေသည့် အစီအစဉ်များကိုလည်း နှစ်စဉ်ဆောင်ရွက် ကျင်းပလျက်ရှိပါသည်။ “သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာမျှဝေခြင်း”အစီအစဉ်ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွက် တက္ကသိုလ် ကျောင်းသား/ သူများအား (၂)ကြိမ်၊ ရွှေပြည်သာမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား/သူများအား (၁၀)ကြိမ်နှင့် အခြေခံပညာဆရာ/ ဆရာမများ အား (၂)ကြိမ်၊ စုစုပေါင်း (၁၄)ကြိမ် စီစဉ်ကျင်းပရန် လျာထားခဲ့ပြီး ပထမဆုံး အကြိမ်အဖြစ် ၁၇-၆-၂၀၂၅ ရက်နေ့(အင်္ဂါနေ့)၌ နံနက်(၀၉:၀၀)နာရီမှ နေ့လည်(၁၂:၃၀) နာရီအထိ AFoCO RETC သင်တန်းကျောင်း ၌ စီစဉ်ကျင်းပခဲ့ရာ ကွန်ပျူတာ တက္ကသိုလ် (ရန်ကုန်)မှ ကျောင်းသား/ သူများနှင့် ကြီးကြပ်သူ ဆရာ/ ဆရာမ၊ စုစုပေါင်း (၉၀)ဦး တက်ရောက်ခဲ့ကြပါသည်။

၂၀၂၅ ခုနှစ်၊ ပထမအကြိမ် နိုင်ငံတော်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် ဇွန်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ကံ့ကော်ပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ Naypyitaw State Academy ၊ Naypyitaw State Polytechnic University ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(နေပြည်တော်)၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်တို့မှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားပြီး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားသို့ တက်ရောက်လာသူများက သစ်မျိုး (၁၆) မျိုး၊ သစ်ပင်ပေါင်း (၃,၀၀၀)ကို စိုက်ပျိုးပေးကြသည်။ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ၂၀၂၅ ခုနှစ် ပထမအကြိမ် နိုင်ငံတော်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများက ပျိုးပင်များအား တပျော်တပါးစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

Pages