Welcome to Forest Department

No front page content has been created yet.

သတင်းနှင့်ကြေငြာချက်များ

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် သစ်တောဦးစီးဌာနနှင့် ကိုရီးယားပြည်သူ့သမ္မတနိုင်ငံ၊ အာရှသစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization – AFoCO) တို့ ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိသော “ပဲခူးတိုင်းဒေသကြီးအတွင်း တည်ထောင်ထားရှိသည့် ကျွန်းစိုက်ခင်းများတွင် ကျရောက်တတ် သည့် ဖျက်ပိုးနှင့်ရောဂါများအား ဘက်ပေါင်းစုံ ကာကွယ်နှိမ်နင်းခြင်း နည်းလမ်းများဖြင့် စီမံ အုပ်ချုပ်ခြင်း စီမံကိန်း (FD-AFoCO IPDM Project)” ၏ ၂၀၂၃ ခုနှစ် ၏ လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေ၊ ရန်ပုံငွေသုံးစွဲခြင်းနှင့် ၂၀၂၄ ခုနှစ် လုပ်ငန်း လျာထားချက်နှင့် ရန်ပုံငွေ လျာထားချက်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြနိုင်ရန်အတွက် “စတုတ္ထအကြိမ် စီမံကိန်း လုပ်ငန်းကြီးကြပ်မှုကော်မတီ (PSC) အစည်းအဝေး” ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့၊ နံနက် (၀၉:၃၀) နာရီမှ (၁၁:၀၀) နာရီအထိ ကျင်းပပြုလုပ်ခဲ့ပြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် (စီမံခန့်ခွဲရေး) ဦးကျော်ဇေယျ၊ AFoCO Secretariat Office မှ ကိုယ်စားလှယ် (၄) ဦး၊ သစ်တောဦးစီးရုံးချုပ်မှ စီမံကိန်းလုပ်ငန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင် ညွှန်ကြားရေးမှူးများ၊ FD-AFoCO IPDM Project မှ တာဝန်ရှိသူများ စုစုပေါင်း (၁၇) ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အင်ကြင်းခန်းမတွင် သစ်တောဦးစီးဌာနနှင့် ကိုရီးယားနိုင်ငံ၊ အာရှဒေသသစ်တောကဏ္ဍဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization- AFoCO) တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသော "သစ်တောမှီခို နေထိုင်သူများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်တောထိန်းသိမ်းခြင်းနှင့် ဒေသခံ ပြည်သူ အခြေပြုစီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးမှုဆိုင်ရာ စံပြသစ်တောတည်ထောင်ခြင်းစီမံကိန်း (FD-AFoCO Model Forest Project)" ၏ ၂၀၂၃ ခုနှစ်၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ ရန်ပုံငွေ သုံးစွဲခြင်းနှင့် ၂၀၂၄ ခုနှစ် လုပ်ငန်းလျာထားချက်နှင့် ရန်ပုံငွေလျာထားချက် ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးတင်ပြနိုင်ရန်အတွက် "စတုတ္ထအကြိမ် မြောက် စီမံကိန်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ(PSC)အစည်းအဝေး"ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့၊ နံနက် (၀၇:၃၀)နာရီမှ (၀၈:၅၀)အထိ ကျင်းပပြုလုပ်ခဲ့ပြီး သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံခန့်ခွဲရေး) ဦးကျော်ဇေယျ၊ AFoCO Secretariat မှ ကိုယ်စားလှယ်(၄)ဦး ၊ သစ်တောဦးစီးရုံးချုပ်မှ စီမံကိန်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီအဖွဲ့ဝင်ညွှန်ကြားရေးမှူးများ၊ FD-AFoCO Model Forest Project မှ တာဝန်ရှိသူများ စုစုပေါင်း(၂၀)ဦး ပါဝင် တက်ရောက်ခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနအနေဖြင့် မြန်မာ့ကျွန်းသစ်မူရင်း ဒေသဖြစ်သော ပဲခူးရိုးမအတွင်း ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှစ၍ တရားဝင်သစ်ထုတ်လုပ်ခြင်း လုပ်ငန်းအား (၁၀)နှစ်ရပ်နား ထားပြီး သစ်တောပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်နေလျှက်ရှိသည့်အပြင် တရားမဝင် သစ်ခိုးထုတ်ခြင်း၊ တရားမဝင်တောရိုင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းနှင့် ကျူးကျော်အခြေချနေထိုင်ခြင်းများအား ပြည်သူ ပူးပေါင်းပါဝင်မှုဖြင့် စီမံချက်ချအကောင်အထည်ဖော်ဆောင်ရွက်နေလျှက်ရှိပါသည်။ ပဲခူးရိုးမစိမ်းလန်းစိုပြည်ရေး ဧရိယာ အတွင်းမှ (၁၁-၃-၂၀၂၄)ရက်နေ့မှ (၁၇-၃-၂၀၂၄) ရက်နေ့ထိ တစ်ပတ်တာကာလအတွင်း တရားမဝင်ကျွန်း၊ သစ်မာ၊ အခြား စုစုပေါင်း (၁၉.၄၂၃၄) တန်ဖမ်းဆီးရမိခဲ့ပါသည်။

ကရင်ပြည်နယ်၊ ဘားအံမြို့နယ် သစ်တောဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပျိုးဥယျာဥ်လုပ်ငန်းများ ရှင်းလင်းခြင်း အခမ်းအနားကို မတ် ၂၁ ရက် ဘားအံမြို့နယ်၊ သစ်တောက ရုံးဝန်း ကျင်းပပြုလုပ်ရာ ဘားအံမြို့နယ်၊ သစ်တောဦးစီးဌာန ဦးစီးအရာရှိက သစ်တောဂေဟ စနစ်များ အရေးပါပုံ၊ သစ်တောများ ပျက်စီး ပြုန်းတီးလာရခြင်း၊ ကမ္ဘာမြေ ပူနွေးလာ ခြင်း(Global Warming)၊ သစ်တော ပျက်စီးပြုန်းတီးခြင်း(Deforestation)၊ တရား မဝင်သစ်ခိုးထုတ်ခြင်းအပါအဝင် ပျိုးဥယျာဥ်တည်ထောင်ခြင်းဆိုင်ရာ လုပ်ငန်းစဥ်များ ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်နှင့် မြို့နယ် သစ်တောဦးစီးဌာနမှ ကြီးမှူး၍ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့အထိမ်းအမှတ် အခမ်းအနားကို မတ် ၂၁ ရက် နံနက် (၉:၀၀)နာရီခွဲက ရမည်းသင်းခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြု ဗဟိုဌာန၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အခမ်းအနားတွင် ရမည်းသင်းခရိုင် သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းသန်းထွန်းက သစ်တောနှင့် ဆန်းသစ်ပြောင်းလဲခြင်း၊ သစ်တောဂေဟစနစ်များ အရေးပါပုံ၊ သစ်တောများ ပျက်စီး ပြုန်းတီးလာရခြင်း၊ ကမ္ဘာမြေ ပူနွေးလာခြင်း(Global Warming)၊ သစ်တော ပျက်စီး ပြုန်းတီးခြင်း(Deforestation)၊ တရားမဝင်သစ်ခိုးထုတ်ခြင်း၊ အဆောက်အအုံများ တိုးချဲ့ ဆောက်လုပ်ခြင်း၊လူဦးရေ တိုးတက်များပြားလာခြင်းနှင့် အင်းဆက်ပိုးမွှားများကြောင့် ကမ္ဘာ့သစ်တောများ လျော့နည်းပျောက်ဆုံးလာခြင်းနှင့်အတူ ဇီဝမျိုးစုံမျိုးကွဲများ မျိုးသုန်း ပျောက်ကွယ်လာခြင်းတို့ကို ပရိုဂျက်တာဖြင့်ရှင်းလင်းဆွေးနွေး ပါသည်။ ထို့နောကျ အထိမ်းအမှတ် ဗီဒီယိုပြသပြီး ပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးအပ်ပါသည်။ အဆိုပါ အခမ်းအနားသို့ ခရိုင်ပြန်ဆက်ဦးစီးဌာနဝန်ထမ်းများ၊ ခရိုင်နှင့်မြို့နယ် သစ်တောဦးစီးဌာန ဝန်ထမ်းများနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၈၄)ဦးတက်ရောက်ကြောင်းသတင်းရရှိသည်။

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ (International Day of Forests 2024) အခမ်းအနားအား ၂၁-၃-၂၀၂၄ ရက်နေ့ မွန်းလွဲပိုင်းတွင် မွန်ပြည်နယ် ၊ မော်လမြိုင်မြို့၊ မော်လမြိုင်- သထုံခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ရာ ပြည်နယ်/ခရိုင်/မြို့နယ် သစ်တောဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများ ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ စုစုပေါင်း (၆၂)ဦး တက်ရောက် ခဲ့ပါသည်။
အခမ်းအနားတွင် ခရိုင်သစ်တောဦးစီးဌာနမှူးမှ အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ ဖြစ်ပေါ်လာပုံနှင့် ပြည်နယ်သစ်တောဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးမှ အပြည်ပြည်ဆိုင်ရာ သစ်တောများနေ့ အထိမ်းအမှတ် သစ်တောများ၏ အကျိုးပြုပုံများအား ရှင်းလင်းပြောကြားခဲ့ပြီး ပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ပညာပေး ဗွီဒီယိုမှတ်တမ်းများပြသခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ (မူဝါဒနှင့် စီမံကိန်း) ဦးဖေချစ်မှ ပြည်ထောင်စုဝန်ကြီး၏ ဒီဇင်ဘာလကုန် ဧရာဝတီတိုင်းဒေသကြီး၊ (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံမှု ခရီးစဉ်၌ ဌာနမှ ဆောင်ရွက်သည့် လုပ်ငန်းများ၊ ပုဂ္ဂလိကမှ ဆောင်ရွက်သည့်လုပ်ငန်းများနှင့် ပတ်သက်၍ စိုက်ခင်းများ အောင်မြင်မှု အလွန်ကောင်းမွန်နေသည်ကိုတွေ့ရှိရသဖြင့် အလွန်ကျေနပ်ရပါကြောင်းနှင့် ဌာနနှင့်ပူးပေါင်းဆောင် ရွက်သည့်လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများအားလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ကြိမ်၊ ဝါး လုပ်ငန်းရှင်များ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးရန် လမ်းညွှန်မှာကြားချက်အရလာရောက်တွေ့ဆုံဆွေးနွေးရခြင်းဖြစ်ပါသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းမှု အထူးရန်ပုံငွေ (၂၀၂၂)ဖြင့် ဆောင်ရွက်လျက်ရှိသည့် ရေအသုံးချခြင်းဆိုင်ရာ လုံခြုံမှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှု အသိပညာပေးခြင်း စီမံကိန်း၏ စီမံကိန်း လက်ထောက် (၁)ဦးအတွက် အလုပ်လျှောက်လွှာ ခေါ်ယူခြင်း'

Pages