၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများအပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကေက်ပွဲတွင် ဖြစ်ပွားခဲ့သည့် မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ အပေါ် စုံစမ်းစစ်ဆေးတွေ့ရှိချက်များနှင့် စပ်လျဉ်း၍ ပြည်တွင်း/ပြည်ပမှ လေ့လာလိုသူများအနေဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လွှင့်တင်ထားသည့် Website https://2020election.uec.gov.mm/ တွင်လည်းကောင်း၊ Mobile Application ကို အဆိုပါ Website တွင် Download ရယူ၍လည်းကောင်း လေ့လာဖတ်ရှုနိုင်ပါသည်။

Pages

သတင်းနှင့်ကြေငြာချက်များ

ပဲခူးတိုင်းဒေသကြီး၊တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်သစ်တောဦးစီးဌာနမှ အစိုးရဌာနဆိုင်ရာများ၏ရက်(၁၀၀)အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်နှင့်အညီ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ"အခမ်းအနားကို (၂၄.၅.၂၀၂၆ )ရက်နေ့ ၊နံနက်( ၁၁:၀၀)နာရီအချိန်တွင် ရေတာရှည်မြို့နယ်၊ခင်တန်းကြီးအုပ်စု၊ကျောက် ချောင်းကျေးရွာ၊ ကျောက်ချောင်းဘုန်းတော်ကြီးကျောင်း၊ အဝေရာဓမ္မာရုံတွင်ကျင်းပဆောင်ရွက်ခဲ့ရာ ကျောက်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူ ကျား(၁၅ )ဦး၊ မ(၂၅ )ဦးနှင့် သစ်တောဦးစီးဌာနမှ ဝန်ထမ်း(၄)ဦး၊စုစုပေါင်း(၄၄ )ဦးတို့တက်ရောက်ခဲ့ကြပါသည်။အခမ်းအနားတွင် တောအုပ်ကြီး ဦးဆန်းဦးမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့ လျှော့ချရေးဆိုင်ရာ အကြောင်းအရာများတို့ကို တက်ရောက်လာသူများထံသို့ အသိပညာပေး ဆွေးနွေးဟောပြောခဲ့ပါကြောင်းနှင့် တက်ရောက်လာသူများမှသိရှိလိုသည်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊တမူးခရိုင်၊တမူးမြို့နယ်၊ စော်ဘွား(၁၁)ရပ်ကွက်၊ ဗောဓိ‌ေတာရဘုန်းကြီးကျောင်း၌ ‌‌(၂၄.၅.၂၀၂၆)ရက်နေ့၊ နံနက်(၈:၀၀)နာရီအချိန်တွင်သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပခဲ့ရာဒေသခံပြည်သူ(၄၀)ဦး၊ မြို့နယ်သစ်တောဝန်ထမ်း (၁၀)ဦး၊ စုစုပေါင်း(၅၀) ဦးတက်ရောက်ခဲ့ပါသည်။ဆွေးနွေး‌ဟောပြောပွဲတွင် တမူးခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းကျော်စိုးမှ သစ်တောသစ်ပင်များ၏ အရေးပါမှု အကြောင်းအရင်းများနှင့်အကျိုးကျေးဇူးများ၊ သစ်တောသစ်ပင်များပျက်စီးပြုန်းတီးက ကြုံတွေ့နိုင်သည့် ဆိုးကျိုးများ၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းလုပ်ငန်းစဉ်များတွင် ပြည်သူကဏ္ဍအရေးပါကြောင်းများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်သစ်‌ေတာစိုက်ခင်းများနှင့်ပတ်သက်၍ ဆွေနွေးပြောကြားခြင်း၊ဆက်လက်၍ တောမီးလောင်ကျွမ်းမှု အခြေခံအကြောင်းအရင်းများနှင့် ကာကွယ်ထိန်းသိမ်းရေးနည်းလမ်းများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်ရမှု အခြေအနေများ၊ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့များကြောင့်လေထုညစ်ညမ်းမှု၏ဆိုးကျိုးများကို အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပါကြောင်းနှင့် ဒေသခံပြည်သူများမှမေးမြန်းသော မေးခွန်းများအားရှင်းလင်းဖြေကြားခြင်းများ၊ ဆက်လက်၍ တရားမဝင်သစ်ထုတ်လုပ်မှုလျော့ပပျောက်ရေးနှင့်ပတ်သက်၍ အသိပာပေးပြောကြားခြင်း၊ သစ်တောဥပဒေ များရှင်းလင်းပြောကြားခြင်း၊ တရားမဝင်သစ်ဖမ်းဆီးရေးတွင်ပြည်သူများ ဝိုင်းဝန်းကူညီ သတင်းပေးပြောကြာရန်ပြောကြားခြင်းနှင့်
တမူးခရိုင် သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော သစ်တောလုပ်ငန်းများ‌ေပြာကြားခြင်း၊ တမူးမြို့နယ် မြို့မပျိုးဥယျာဉ်တွင် လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေလျက်ရှိကြောင်းသတင်းရရှိသည်။

(၂၃-၅-၂၀၂၆) ရက်နေ့ ၊နေ့လည်(၁၃:၃၀)နာရီအချိန်၊ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မြို့မ(၁)ဘိနယ်၊ အမှတ်(၁)ရပ်ကွက်၊ မဟာမြတ်မုနိဓမ္မာရုံ၌ သစ်တောဦးစီးဌာနမှူးရုံးမှ တောအုပ်ကြီး ဦးသိန်းအောင်မှ မီးခိုး/မြူငွေ့လျော့ချရေး၊သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့်လျော့နည်းစေရေး အသိပညာပေးဟောပြောပွဲကိုကျင်းပခဲ့ပါသည်။အဆိုပါအသိပညာပေးဟောပြောပွဲတွင်သစ်တောဝန်ထမ်း (၃) ဦး၊ ရပ်ကွက်သား( ၂၇) ဦး၊ ရပ်ကွက်သူ (၅) ဦး ၊စုစုပေါင်း(၃၅)ဦးတက်ရောက်ခဲ့ပြီးမီးခိုး/မြူငွေ့ ဖြစ်ပေါ်လာပုံ၊ မီးခိုး/မြူငွေ့ အဓိပ္ပါယ်၊ဆိုးကျိုး၊ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ထိန်းသိမ်းကာကွယ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများ၊ အကျိုးကျေးဇူး စသည့်အကြောင်းအရာများဆွေးနွေးအသိပညာပေးဟောပြောခဲ့ပါကြောင်းသတင်းရရှိသည်။

လားရှိုးမြို့နယ်၊သစ်တောဦးစီးဌာနမှ တရားမဝင်သစ်ထုတ်လုပ်မှုလျော့နည်းပပျောက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဥပဒေဆိုင်ရာအသိပညာပေးဟောပြောပွဲကို(၂၃-၅-၂၀၂၆)ရက်နေ့၊ (၁၄:၃၀)နာရီအချိန်၌ လားရှိုးမြို့နယ်၊ ရပ်ကွက်(၁)၊ အေးချမ်းသာယာခန်းမတွင် ကျင်းပဆောင်ရွက်ခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ ကျား (၃၀)ဦး၊ မ(၄၁)ဦး၊ပေါင်း(၇၁)ဦး၊သစ်တောဦးစီးဌာနမှဝန်ထမ်းများ (၈)ဦး၊ စုစုပေါင်း(၇၉)ဦးတက်ရောက်ခဲ့ကြပါသည်။လားရှိုးမြို့နယ်၊သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိမှ တရားမဝင်သစ်ထုတ်လုပ်မှု လျော့နည်းပပျောက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဥပဒေဆိုင်ရာ ခေါင်းစဉ်အကြောင်းအရာများကို တက်ရောက်လာသူများသို့ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပါသည်။ ဆက်လက်၍ ဟောပြောပွဲတွင် တက်ရောက်လာသူများအား သစ်တောဥပဒေဆိုင်ရာ လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိသည်။

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ သောင်းနိုင်ဦးသည် ၂၀၂၆ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ် နှင့်မကွေး မြို့နယ်များအတွင်း သစ်တောစိုက်ခင်းများ၊ ပျိုးဥယျာဉ်များအား ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံသည်။ဒုတိယဝန်ကြီးသည် မကွေးတိုင်းဒေသကြီး၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဦးစိုင်းမြင့်အေး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ တာဝန်ရှိသူများလိုက်ပါ၍ မင်းဘူးမြို့နယ်၊ ကန်ရေပျိုးဥယျာဉ်နှင့်ရွှေတပင်အမြဲ တမ်းပျိုးဥယျာဉ်များ၌ ပျိုးထောင်ထားရှိသော ပျိုးပင်များရှင်သန်အောင်မြင်မှုအခြေအနေများနှင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများအတွက် မြေနေရာ ပြင်ဆင်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးသည် မင်းဘူးမြို့နယ်၊ ချောင်းဖြူကျေးရွာ၏ တစ်ရွာ (၂) ဧက ကျေးရွာပိုင်စိုက်ခင်း စိုက်ပျိုးဆောင်ရွက်မှု အခြေအနေများနှင့် ပုဂံစစ်ကျေးရွာတွင် (၂၀၂၅-၂၀၂၆)ဘဏ္ဍာနှစ်က ဆောင်ရွက်ခဲ့သည့် ဂါလန် (၂၀၀) ဆံ့ မိုးရေစုကန်၏ ရေသုံးစွဲမှုအခြေအနေများအား လိုက်လံစစ်ဆေးခဲ့သည်။

၂၀၂၆ ခုနှစ်၊အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကို (၂၂-၅-၂၀၂၆)ရက်နေ့၊နံနက်ပိုင်းတွင် ရုံးအမှတ်(၃၉)သစ်တောဦးစီးဌာန၊အင်ကြင်းခန်းမ၌ကျင်းပရာသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြား‌‌ရေးမှူးများ၊ ပါမောက္ခချုပ်၊ အရာထမ်း/အမှုထမ်းများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်‌ရောက်ကြသည်။အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ဖြစ်သော “ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းဖို့၊ ရပ်ရွာဒေသမှ စတင်ဆောင်ရွက်စို့ (Acting Locally for Global Impact)” ဟူသောဆောင်ပုဒ်အရ ဇီဝမျိုးစုံမျိုးကွဲများ ပျက်စီးဆုံးရှုံးမှုကို ကာကွယ်ရန် မိမိတို့ရပ်ရွာဒေသမှစ၍ လူ့အဖွဲ့အစည်း တစ်ရပ်လုံးပါဝင်သော ချဉ်းကပ်မှုဖြင့် အခြေပြုစတင်ရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံအဖြစ် ၁၉၉၅ ခုနှစ်မှစ၍ ပါဝင်ခဲ့ပြီး မြန်မာ့ဒေသရင်း အပင်မျိုးစိတ် (၈၆၄)မျိုး၊ နို့တိုက်သတ္တဝါ မျိုးစိတ် (၉)မျိုး၊ ငှက်မျိုးစိတ်(၁၀)မျိုးနှင့် တွားသွားသတ္တဝါ မျိုးစိတ် (၂၁)မျိုးတို့ကို မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးအတွက် သဘာဝထိန်းသိမ်းရေးနယ်မြေ (၆၂)ခုကို ဖွဲ့စည်းထားပြီးဖြစ်သည့်အပြင် ယူနက်စကို လူသားနှင့် ဇီဝအဝန်းနယ်မြေ (၂)ခု၊ ရမ်ဆာ ရေဝပ်ဒေသ (၇)ခု၊ အာဆီယံအမွေအနှစ်ဥယျာဉ် (၈)ခုနှင့် အရှေ့အာရှ-ဩစတြေးလျ ငှက်ပျံသန်းရာလမ်းကြောင်း ကွန်ယက်(၈)ခုတို့ကို သတ်မှတ်နိုင်ခဲ့ပြီး ဖြစ်ကြောင်းပြောကြားသည်။

(၂၃.၅.၂၀၂၆)ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် ဟိုပုံးမြို့နယ်၊ သစ်တောဉီးစီးဌာနမှ ရေသပြေဘိနယ်၊ တိလုံကျေးရွာအုပ်စု၊ စမ်းစုတ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ "သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေး၊ မီးခိုး/မြူငွေ့လျှော့ချရေးနှင့် အသိပညာပေးခြင်း ဟောပြောပွဲ´´ကျင်းပပြုလုပ်ခဲ့ပြီး ဟောပြောပွဲသို့ စမ်းစုတ်ကျေးရွာအုပ်ချုပ်ရေးမှူးပါ ကျေးရွာသူ/သားများ ကျား (၃၇)ဦး မ(၄၃)ဦးနှင့် ဟိုပုံးမြို့နယ် သစ်တောဝန်ထမ်းကျား(၅)ဦး၊ စုစုပေါင်း(၈၅)ဦး တက်ရောက်ခဲ့ကြပြီး အဆိုပါဟောပြောပွဲတွင် ဟိုပုံးမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်လှိုင်ဆွေမှ သစ်တောထိန်းသိမ်းရေး၊တောမီးကာကွယ်ရေးနှင့် မီးခိုး/မြူငွေ့လျော့ချရေး ခေါင်းစဥ်ဖြင့် ဆွေးနွေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါကြောင်းသတင်းရရှိသည်။

မကွေးတိုင်းဒေသကြီး၊ မ​ကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ ကြီးမှူး၍ (၂၃-၅-၂၀၂၆)ရက်နေ့ (၁၅:၃၀)နာရီအချိန် တောင်တွင်းကြီးမြို့နယ်၊တလုပ်ကုန်းကျေးရွာအုပ်စု၊ရွာ​လေးကုန်းကျေးရွာ၊အုပ်​ရေးမှူးရုံးဝန်းတွင်"သစ်တောထိန်းသိမ်းရေး၊ရေသယံဇာတထိန်းသိမ်းရေးနှင့် မီးခိုး/မြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ တောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှ ဦးထွန်းထွန်းဝင်း(တောအုပ်ကြီး)မှ သစ်​တောများထိန်းသိမ်းကာကွယ်​ခြင်း​ကြောင့် သစ်တောများမှရရှိနိုင်​သည့်အကျိုးကျေးဇူးများ၊မြေအောက်ရေဖြစ်ပေါ်လာပုံ၊ရေချွေတာသုံးစွဲသည့်နည်းလမ်းများ ၊ရေသယံဇာတထိန်းသိမ်းရေးနည်းစနစ်များ၊ ပျိုးပင်စိုက်ပျိုးနည်းစနစ်များနှင့်၂၀၂၆"မိုးရာသီကာလ"​တွင် ကျေးရွာ ပြည်သူလူထုများအား (၂)ပေအထက်အရိပ်ရပျိုးပင်များ​အခမဲ့ဖြန့်ဝေသွားမည်​ဖြစ်​ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဦးသူရမောင်မောင်(ဒု-ဦးစီး)မှ "မီးခိုး/မြူငွေ့လျှော့ချရေးအတွက် (Fire Hotsports)များလျော့နည်းကျဆင်းအောင် တောမီးရှို့ခြင်း၊လယ်ယာမြေများ မီးရှို့ခြင်းမပြုလုပ်ရန် မီးခိုး/မြူငွေ့မှ လေထုညစ်ညမ်းမှု၏ဆိုးကျိုးများ၊မီးခိုး/မြူငွေ့ထိန်းချုပ်ရေးဆောင်ရွက်မှုအခြေအနေများအားလည်းကောင်းဟောပြောဆွေးနွေးခဲ့ပါသည်။ တက်ရောက်လာသူ ပြည်သူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ တာဝန်ရှိသူများမှ ရှင်းလင်းဖြေကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲသို့ တောင်တွင်းကြီးမြို့နယ်၊သစ်တောဦးစီးဌာနမှူးရုံးမှဝန်ထမ်း(၃)ဦး၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှဝန်ထမ်း(၃)ဦး ၊ရွာ​လေးကုန်း​ကျေးရွာ၊အုပ်ချုပ်​ရေးမှူးပါ(၃)ဦး၊ဒေသခံပြည်သူကျား(၁၈)ဦး၊ မ(၃၂)ဦး၊ စုစုပေါင်း (၅၉)ဦး တက်ရောက်ခဲ့ပါ‌ေကြာင်းသတင်းရရှိသည်။

Pages